By Boder News Agency (BNA) / 2022 May 16
ဒုတိယကမ္ဘာစစ်ကြီးအပြီး ကိုလိုနီခေတ်လွန်တိုင်း ပြည်တွေမှာ လူများစုဖြစ်တဲ့လူမျိုးတစ်ခုမှ နိုင်ငံ တော်အာဏာကိုချုပ်ကိုင်ထားပြီး၊လူနည်းစုတွေရဲ့အခွင့်အရေးကို ချိုးနှိမ်ဖျက်ဆီးဖို့ ကြိုးစားလေ့ရှိပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေကတော့ ဗြိတိသျှအင်ပါယာပိုင်နက်အတွင်းမှာကျရောက်ခဲ့ကြတဲ့ တောင်အာရှနဲ့အရှေ့ တောင်အာရှနိုင်ငံတွေမှာ အတွေ့ရများလေ့ရှိပါတယ်။
ဒီနဲ့အဖိနှိပ်ခံလူနည်းစုတွေဟာ နည်းမျိုးစုံနဲ့လူမျိုးကြီးဝါဒကြီးစိုးတဲ့စနစ်ကို တွန်းလှန်ဖို့ကြိုးစားရင်း လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို လို အပ်ချက်တစ်ခုအရ တခြားရွေးချယ်စရာမရှိတော့ဘဲ ရွေးချယ်လာကြရပါတယ်။
ဒီမျိုးကိုအဖြစ်သနစ်ကိုတွေကို လက်ရှိ မြန်မာနိုင်ငံထဲမှာ အတွေ့ရများကြသလို၊တောင်အာရှဒေသကျွန်းနိုင်ငံငယ်တစ်ခုဖြစ်တဲ့”သီရိလင်္ကာနိုင်ငံ”ထဲက တမီးလူမျိုးတွေရဲ့လွတ်မြောက်ရေးအတွက် ရုန်းက န်လှုပ်ရှားမှုဟာလည်း ထင်ရှားလှသလို လက်ရှိရက္ခိုင့်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဖြစ်စဉ်အ တွက်လည်း သင်ခန်းစာယူစရာများစွာ ရှိနေပြန်ပါတယ်။
လွန်ခဲ့တဲ့ ၁၃ နှစ်က တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဆင်္ဟာလီလူမျိုးကြီး စိုးတဲ့ အစိုးရနဲ့လူနည်းစုဟိန္ဒူဘာသာ တမီးလက်န က်ကိုင်တပ်ဖွဲ့အကြားက ပြည်တွင်းစစ်ပွဲဟာ အပျ က်အစီးအဆုံးအရှုံးများလှပြီး၊အမြစ်ပြတ်ချေမှုန်းခံလိုက်ရတဲ့ တမီးသူပုန်တွေရဲ့အဖြစ်အပျက်ဟာ လူ မျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းမှာ အမြဲ တမ်းအမှတ်ရနေကြရမယ့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။
တမီးသူပုန်ဆိုတာ ဘယ်သူတွေလဲ
၁၉၈၃ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ နှစ်ပေါင်း ၂၅ နှစ်ကျော်ဖြစ်ပျက်ခဲ့တဲ့ သီရိလင်္ကာပြည်တွင်းစစ်ကို လူနည်းစုဖြစ်တဲ့ တမီးအသိုင်းအဝိုင်းဖက်မှ အဓိက ဦးဆောင်ခဲ့တာကတော့ တမီးအီလာမ်လွတ်မြောက် ရေးတိုင်းဂါးတပ်ဖွဲ့ (The Liberation Tigers of Tamil Eelam- LTTE)လို့ခေါ်တဲ့ တမီးတိုင်းဂါးအဖွဲ့ပဲဖြစ်ပါတယ်။
ဒီအဖွဲ့ကို ပရမ်ဟမ်ကရမ် (Prabhakaran)လို့ခေါ်တဲ့ တမီးမျိုးချစ် လူငယ်ခေါင်းဆောင်တစ်ဦးက ၁၉၇၀ ကျော်ခုနှစ်တွေကတည်းက စတင်ထူထောင်ခဲ့တာဖြစ်ပြီး၊၁၉၇၆မှ ၂၀၀၉ ခုနှစ်ထိ စတင်လှုပ်ရှားတို က်ပွဲဝင်ခဲ့တာဖြစ်တယ်။
တမီးလူဦးရေဟာ သီရိလက်ာနိုင်ငံစုစုပေါင်းလူဦး ရေရဲ့ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီးတမီးတိုင်းဂါးတွေရဲ့ စုစုပေါင်းတပ်ဖွဲ့ဝင် အရေအတွက်ဟာ(အတိအ ကျပြောရန်ခက်ခဲပေမယ့်) ၂၀၀၄ ခုနှစ်အရဆိုရင် ၁ သောင်း ၈ ထောင် (၁၈,၀၀၀) ခန့်ရှိခဲ့တယ်လို့သိရပါတယ်။
သူ့ခေတ်သူ့အခါနဲ့ဆိုရင် ခေတ်မှီလက်နက်တွေကို ကောင်းစွာတပ်ဆင်ထားနိုင်တဲ့ တောင်အာရှရဲ့အကြီးမားဆုံးသော သူပုန်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
သူရဲ့အဓိက ရည်မှန်းချက်ကတော့ တမီးလူမျိုးအ များစုနေထိုင်ကြတဲ့ ဆိုင်လှုံကျွန်း၊အရှေ့နဲ့မြောက်ဖက်တွေမှာ “သီးခြားလွတ်လပ်တဲ့ တမီးအမျိုးသားနိုင်ငံတော်”ထူထောင်ရေးဖြစ်ပြီး၊၂၀၀၅ ခုနှစ်ဟာ တော်လှန်ရေးအမြင့်ဆုံးကာလလို့ ဆိုလို့ရသလို၊သူစိုးမိုးထားတဲ့ နယ်မြေတွေအတွင်းမှာ အုပ်ချုပ်ရေးနဲ့တ ရားစီရင်ရေးကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပါတယ်။
၂၀၀၉ခုနှစ်မှာစစ်ရေးမရှုံးနိမ့်ခင်ထိဆိုရင် တမီးတ ပ်ဖွဲ့ရဲ့တစ်နှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ ၃၀၀ ကြားမှာ ရှိလောက်အောင်ထိဘတ်ဂျက်ငွေတောင့်တင်းခဲ့ပါတယ်။
အဲဒီလိုရရှိနိုင်ခဲ့တဲ့ ဝင်ငွေလမ်ကြောင်းတွေမှာတော့ နိုင်ငံတကာရောက် တမီးအသိုင်းအဝိုင်းတွေကလှုဒါန်းခြင်း၊လက်နက်အရောင်းအဝယ်လုပ်ခြင်း၊ရေ ကြောင်းသင်္ဘောလိုင်းတွေက အခွန်ငွေကောက်ခံခြင်း၊မူးယစ်ဆေးဝါးမှောင်ခိုကူးခြင်းနဲ့ကိုယ်ပိုင်ထိန်း ချုပ်နယ်မြေက အခွန်ငွေကောက်ခံခြင်းစတာတွေပါ ဝင်တယ်လို့ ဆိုပါတယ်။
တမီးတွေဘာကြောင့် တော်လှန်ကြသလဲ
တကယ်တော့ မြန်မာလို သီဟိုကျွန်းလို့ လူသိများကြတဲ့ သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးဟာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာ ဆင်္ဟာလီလူများစုနဲ့လူနည်းစုဖြစ်တဲ့ ဟိန္ဒူဘာသာ တမီးတွေအတူတူနေထိုင်ကြတဲ့ ကျွန်းကြီးတစ်ကျွန်းပဲဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ပြီးနောက်ဗြိတိတွေက အိန္ဒိယတိုက်ထဲက တမီးတွေကိုပါ လုပ်သားတွေအဖြစ်ခေါ်လာကြပါတယ်။အဲဒီမှာ
အိန္ဒိယတမီးနဲ့သီရိလင်္ကာတမီးဆိုပြီး အသိုင်းအဝိုင်းနှစ်ခု ခွဲမှုပြန်ဖြစ်လာပါတယ်။
ဆင်္ဟာလီတွေရဲ့ ခံစားချက်အရတော့ ဗြိတိသျှအုပ် ချုပ်သူတွေဟာ သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့် သုံးခဲ့ပြီး၊ဆင်္ဟာလီလူများစုထက် တမီးလူနည်းစုတွေကို ရားထူး၊နေရာကောင်းတွေ ပိုမိုအခွင့်အရေးပေးပါတယ်။အဲဒီမှာလူနည်း စုတမီးတွေကို ကိုလိုနီအလိုတော်ရိများသဖွယ် တိုင်းပြည်သစ္စာဖောက်သူတွေအဖြစ်မြင်လာကြပါတယ်။
ဒီလိုနဲ့၁၉၄၈ခုနှစ်မှာ သိရိလင်္ကာနိုင်ငံလွတ်လပ်ရေးပြီးနောက် အစိုးရကိုထိ မ်းချုပ်ခွင့်ရသွားတဲ့ ဆင်္ဟာလီလူများစုဟာ မကြာမီမှာပဲ အယင်ရှိနှင့်ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Psychological Violence)ကို တဖြည်းဖြည်းနဲ့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ အကြမ်း ဖက်မှု(Structural Violence)တွေ အဖြစ် အသွင်ပြောင်းလာပါတယ်။
ဒီလိုဖြစ်လာတဲ့ကိစ္စတွေထဲမှာ သိသာတာကတော့ ၁၉၄၈ခုနှစ်မှာ သိရိလင်္ကာနိုင်ငံသားဥပဒေ(Ceylon Citizenship Act)ကိုပြဌာန်းပြီး အိန္ဒိယတမီးတွေကို
နိုင်ငံသားအခွင့်အရေးဆုံးရှုံးအောင်ပြု လုပ်လိုက်ပါတယ်။အဲဲဒီအကျိုးဆက်အဖြစ် တမီးလူဦးရေ ၇ သိန်းခန့်နိုင်ငံမဲ့ဖြစ်သွားပါတယ်။
၁၉၅၆ခုနှစ်မှာ ဆင်္ဟာလီသီးသန့်ဥပဒေ (Sinhala Only Act)ကို ပြဌာန်းပြီး နိုင်ငံတော်ရဲ့တစ်ခုတည်းသော တရားဝင်ရုံးသုံးဘာသာစကားကို ဆင်္ဟာလီစကားအဖြစ်သာ သတ်မှတ်လိုက်ပါတယ်။အဲဒီအကျိုးဆက်အဖြစ်အစိုးရဝန်ထမ်းတမီးပေါင်းများစွာဟာ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်ဖြစ်သွားသလို၊တခြားဆင်္ဟာလီဘာသာစကားကော င်းကောင်းမပြောတက်တဲ့ တမီးနဲ့တခြားလူနည်းစုတွေအတွက်လည်း အလုပ်အကိုင်ကောင်းကောင်းရဖို့ ပိုခက်သွားပါတယ်။
ဒီလို ခွဲခြားဆက်ဆံမှုတွေစတင်လုပ်ဆောင်လာရာ ကနေ တဖက်မှာ ၁၉၅၆၊ ၁၉၅၈ခုနှစ်တွေမှာ လူအုပ်စုကြီးတွေဖွဲ့ပြီး ဆင်္ဟာလီနဲ့တမီးတွေကြားမှာ အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ် လာကြပါတယ်။အဲဒီအကြမ်းဖက်မှုတွေမှာ လူ နည်းစုဖြစ်တဲ့ တမီးတွေကသာ အများဆုံးနစ်နာဆုံးရှုံးခံစားကြရပါတယ်။
အဲဒီအပြင်သီရိလင်္ကာအစိုးရဟာ တမီးလူမျိုးတွေနဲ့ လူနည်းစုတွေအပေါ် တက္က သိုလ်တက်ခွင့်အတွက် တမီးကျောင်းသားတွေကို ဆင်္ဟာလီကျောင်သားတွေထက် အမှတ်ပိုလိုအပ်တာ၊တမီးတွေနေ ထိုင်တဲ့ဒေသတွေကို အစိုးရအကူအညီနဲ့ဆင်္ဟာလီလယ်သ မားတွေကို သွား ရောက်လုပ်ကိုင်စေတာ၊တမီးဘာ သာစကားပါတဲ့သတင်းစာတွေကို စတင်ပိတ်ပင်တာနဲ့ဆင်္ဟာလီလူမျိုးတွေသာ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကို ပိုဦးစားပေးထားတဲ့ ခွဲခြားဆက်ဆံတာတွေလ ည်းပါဝင်ပါတယ်။
ဒီလိုနဲ့ အဲဒီတမီးတိုင်းဂါးအဖွဲ့ကို ထူဘထောင်မယ့် ခေါင်းဆောင်ပရမ်ဟမ်ရမ်(Prabhakaran) အပါအ ဝင် တမီးလူငယ်တွေဟာ ၁၉၆၀ပြည့်နှစ်ကျော်ကာ လတွေမှာတော့ အုပ်စုဖွဲ့ပြီး၊သီရိလင်္ကာအစိုးရနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊အစိုးရကိုထောက်ခံတဲ့ တမီးလူမျိုးနိုင်ငံ ရေးသမားတွေကို ပုန်းခိုတိုက်ခိုက်တဲ့ “Hit-and-Run Operations” တွေကို စတင်လုပ် ဆောင်လာပါတယ်။
အဲဒီနောက်ပိုင်းမှာ LTTE ခေါင်းဆောင်ဖြစ်လာမယ့် ပရမ်ဟမ်ကရမ်ဟာ ၁၉၇ ၂မှာ တခြားတမီးနိုင်ငံ ရေးသမားတစ်ယောက်နဲ့တမီးတိုင်းဂါးသစ် (Tamil New Tigers)ဆိုတဲ့အဖွဲ့ကို ထူထောင်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာကျောင်းသားလူငယ်အဖွဲ့၊ညီညွတ်သောတမီးလွတ်မြောက်ရေးတပ်ဦး(Tamil United Liberation Front- TULF)တွေကို ပေါင်းစည်းပြီး ၁၉၇၆ ခုနှစ်မှာ တမီးအီလာမ်လွတ်မြောက်ရေးတိုင်းဂါးတပ်ဖွဲ့ (The Liberation Tigers of Tamil Eelam- LTTE)ကို ထူထောင်ခဲ့ပါတယ်။
အဲဒီLTTE ကိုစတင်တည်ထောင်ကတ ည်းက LTTE ရဲ ရည်မှန်းချက်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံတဲ့ “ဘာသာရေးမစွဲသော ဆိုရှယ်လစ်တမီးတိုင်းပြ ည်” (Secular, Socialist State of Tamil Eelam) ထူထောင်ရေးပဲ ဖြစ်ပါတယ်။
ဒါပေမယ့်နောက်ဆုံးမှာတော့ ဒီတမီးတပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သီရိလက်ာအစိုးရရဲ့အမြစ်ပြတ်ချေမှုန်းရေးကို ခံလိုက်ရပါတယ်။အဲဒီ ၁၉၈၃ ခုနှစ်မှ ၂၀ ၀၉ ခုနှစ်ထိ ၂၅ နှစ်ကျော် ပြည်တွင်စစ်အတွင်း သေဆုံးသူအရေအတွက် အနည်းဆုံးတစ်သိန်းရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ရက္ခိုင်တွေအတွက်သင်ခန်းစာ
LTTE အဖွဲ့ဦးဆောင်တဲ့ တမီးအမျိုးသားလွတ် မြောက်ရေးလှုပ်ရှားမှုဟာ သီဟိုကျွန်းအတွင်း တမီးလူမျိုးအများစုနေထိုင်ကြတဲ့ နေရာတိုင်းနီးပါးကိုအုပ်စိုးထိမ်းချုပ်ထားနိုင်ခဲ့တဲ့ အနေအထားမျိုးကို ရောက်ရှိခဲ့ပါတယ်။အဲဒီဒေသတွေမှာရှိတဲ့ တချို့မြို့ကြီးတွေကိုလည်း သူတို့အုပ်ချုပ်မှုအောက်မှာ ထိန်း ချုပ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်နှစ်ပေါင်း ၂၀ ကျော်ကြာရှည်လာခဲ့တဲ့ ပြည်တွင်းစစ်အခြေအနေအောက်က သူပုန်အုပ်ချုပ်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ထိန်းသိ မ်းဖို့ခက်ခဲလှသလို ရောက်နှင့်ပြီးအခြေ အနေထက် ပိုမိုခိုင်မြဲအောင်လုပ်ဖို့ဆိုရင် ပိုမိုကောင်းမွန်တဲ့နည်းလမ်းကောင်းတွေ လိုအပ်ပါသေးတယ်။
ဒီလိုမျိုးကျဆုံးသွားနှင့်ပြီးတဲ့ တမီးအ မျိုးသားတွေရဲ့လက်နက်ကိုင်တော်လှန်ပုန်ကန်မှုဟာ လမ်းခုလတ်မှာ ကျဆုံးသွားရခြင်းကို အကြောင်းအမျိုးမျိုးရှာတွေ့နိုင်သလို လက်ရှိရက္ခိုင်ပြည်အခြေ အနေနဲ့ ရေခံမြေခံချင်းမတူညီပေမယ့် သင်ခန်းစာယူစရာတချို့တော့ ရှိလောက်မယ်လို့ ယူဆရပါတယ်။
(၁)ကမ္ဘာ့နိုင်ငံရေးအပြောင်းလဲနဲ့ သဟ ဇာတဖြစ်ဖို့အရေးကြီးပါတယ်။
နိုင်ငံငယ်လေးတွေဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအ ကျင်းကို မပြောင်းလဲနိုင်သလို နိုင်ငံတစ်ခုအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာလည်း ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်နဲ့ကမ္ဘာ့နိုင်ငံရေးအစခင်းအကျင်းကို သေချာစွာအသုံးချတက်ဖို့ အရေးကြီးလှပါတယ်။
တမီးအမျိုးသားတွေရဲ့လွတ်မြောက် ရေးလှုပ်ရှားမှုထဲမှာ နိုင်ငံတကာဆက်ဆံရေးရှုထောင့်က အဓိကအားနည်းချက်တစ်ခုရှိခဲ့တာကတော့ ၂၀၀၁ခုနှစ်မှာ
၉/၁၁ ကိစ္စဖြစ်ပါတယ်။အဲဒီဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်နဲ့အနောက်နိုင်ငံအုပ်စုတွေ၊နိုင်ငံတကာအသိုင်းအဝိုင်းက စတင်သတိထားကိုင်တွယ်လာတဲ့ “အကြမ်းဖက်ဝါဒ(Terrorism)နဲ့ လွတ်ကင်းအောင် မနေတက်ခဲ့တာပဲဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်မတိုင်ခင်ကတည်းက အသေခံဗုံးခွဲတာ၊စစ်ရေးနဲ့အဓိက မဆိုင်တဲ့နိုင်ငံရေးခေါင်း ဆောင်တွေ၊စာရေးဆရာတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာရှိပေမယ့် အများကြီးသတိမထားမိကြသေးပါဘူး။
ဒါပေမယ့် ၉/ ၁၁ ကိစ္စပြီးတဲ့နောက်မှာ အမေရိကန်အပါအဝင် တခြားသော အနောက်နိုင်ငံတွေကပါ LTTE တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စတင်ပစ် မှတ်ထားလာကြပြီး၊ဂုဏ်သိက္ခာ၊ငွေကြေးစီးဆင်းမှုနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု၊တရားနည်းလမ်းကျမှု (International legitimacy)ကို အကြီးအကျယ်ထိခိုက်ကျဆင်းလာစေပါတယ်။
(၂)အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေက အရေးကြီးပါတယ်။
တကယ်တော့ ပထဝီနိုင်ငံရေးလို့ ပြောလိုက်ရင် ကြိုက်တယ်၊မကြိုက်ဘူးဆိုတဲ့အချက်ထက်ကျော်လွန်ပြီး မိမိရပ်တည်ရှင်သန်ရေးကို အခြေပြုကာ အ ကျိုးစီးပွါးကို ဦးတည်စဉ်းစားကြတာပဲဖြစ်ပါတယ်။
ဒါကြောင့် မိမိရန်ဖက်အင်အားစုဖြစ်တဲ့ အစိုးရနဲ့အိမ် နီးနားချင်း အင်အာကြီးနိုင်ငံနဲ့မတည့်လေပိုကောင်းလေဖြစ်သလို ဒီလိုအခြေအနေတွေကို လက်တွေ့ကျကျ အသုံးချတက်ဖို့လိုပါတယ်။
တမီးအမျိုးသားလွတ်မြောက်ရေးဖြစ်ရပ်မှာဆိုရင် LTTE အနေနဲ့ အိန္ဒိယနဲ့ တချို့သော နီးကပ်တဲ့ဆက် ဆံရေးမျိုးရှိခဲ့ပေမယ့် အိန္ဒိယနိုင်ငံရေးရဲ့အပြောင်း အလဲကို သေချာစွာကိုင်တွယ်ကစားဖို့ အားနည်းခဲ့တာကိုတွေ့ရပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ရာဂျစ်ဂန္ဒီကို တမီးအမျိုးသားတစ်ဦးလုပ်ကြံခဲ့မှုဟာ LTTE ကို စာနာတဲ့အိန္ဒိယအစိုးရအစိတ်အပိုင်းတချို့နဲ့ ပြည်သူတွေကိုတောင် ဆက်လက်ကူညီဖို့ အဟန့်အတားတွေကို ဖြစ်စေခဲ့ပါတယ်။
ဟိန္ဒူလူများစုဖြစ်တဲ့ အင်အားကြီး အိ န္ဒိယနိုင်ငံကို ဘာသာချင်းတူညီပါလျှက်နဲ့ သေချာတဲ့သနားငဲ့ညာမှုကို အခြေခံပြီးအထောက်အကူဖြစ်အောင် အသုံး ချဖို့ ပျက်ကွက်ခဲ့တာကိုလည်းတွေရပါတယ်။
ဘယ်လိုအင်အားကြီးနိုင်ငံတွေဖြစ်ပါစေ လက်နက် ကိုင်သူပုန်တပ်ဖွဲ့တွေဆီက လိုလားတဲ့တောင်းဆို ချက်တွေလည်း တခါတလေရှိလာတက်ပါတယ်။
(၃)အပစ်အခတ်ရပ်စဲထားချိန် ရန်သူကို ပိုသတိထားရပါမယ်။
သီရိလင်္ကာပြည်တွင်းစစ်သမိုင်းကို ကြ ည့်လိုက်ရင် ပထမစစ်ပွဲ(၁၉၈၃-၈၇)၊ဒု တိယစစ်ပွဲ(၁၉၉၀-၉၅)၊တတိယစစ်ပွဲ (၁၉၉၅-၂၀၀၂)နဲ့ နောက်ဆုံးစစ်ပွဲ (၂၀၀၅-၀၉)ထိဆိုပြီး အပိုင်း (၄)ခုခွဲပြီး သတ်မှတ်လို့ရပါတယ်။
အဲအထဲက နောက်ဆုံးအပစ်ရပ်စဲမှုဖြစ်ခဲ့တဲ့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေအကြားမှာ သီရိလင်္ကာအစိုး ရစစ်တပ်ဟာ သေချာထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပေမယ့်တမီးလွတ်မြောက် ရေးအဖွဲ့ကတော့ နိုင်ငံရေးနဲ့စစ်ရေးမှာပါ သမရိုးကျဆန်ပြီး သေချာစွာတည်ဆောက်နိုင်ခဲ့တာကို မတွေ့ရပါဘူး။
နိုင်ငံတကာအခင်းအကျင်းမှာဆိုရင် ဥရောပနိုင်ငံတချို့က ဦးစီးပြုလုပ်တဲ့ ငြိ မ်းချမ်းရေးဆွေးနွေးပွဲတွေကနေတဆ င့် အဖွဲ့အစည်းကို အမဲစက်စွဲနေတဲ့ အကြမ်းဖက်ဝါဒကျင့်သုံးမှုကို ဖြေလျှော့နိုင်ခဲ့မယ်လို့ လွယ်ကူစွာထင်ခဲ့ပေမယ့်တကယ်တမ်းမှာတော့ထင်သလို ဖြစ်မလာပါဘူး။
အဲဒီလိုပဲ ပြည်တွင်းသီရိလင်္ကာအစိုးရအပြောင်းအ လဲအခင်းအကျင်းထဲမှာ သေသေချာချာအကွက်ချမကစားနိုင်ခဲ့တာမို့ ပိုရယ်ဒီကယ်ကျတဲ့ ဆင်္ဟာလီအစိုးရကပဲ အာဏာပိုရလာပြီးအဖွဲ့အစည်းအပေါ် မူဝါဒအရသက်ရောက်မှုရှိလာတာတွေလည်းပါဝင်ပါတယ်။
နှစ်ပေါင်း ၂၀ ကျော် ရုန်းကန်လှုပ်ရှားပြီးမှ လမ်းခု လတ်အရောက်မှာ လုံးဝကျဆုံးသွားတဲ့ တော်လှန် ရေးလှုပ်ရှားမှုတစ်ခုထဲက သင်ခန်းစာယူစရာတွေဟာ ဒီထက်ပိုများနိုင်ပါသေးတယ်။
ဒါပေမယ့် တမီးတွေရဲ့အမျိုးသားလွ တ်မြောက်ရေးလှုပ်ရှားမှု အချိန်နဲ့အခါအခြေအနေနဲ့ ခုရက္ခိုင်အမျိုး သားလွတ်မြောက်ရေးလှုပ်ရှားမှုကြားမှာ မတူညီတဲ့အရာတွေလည်း အများကြီးရှိပါတယ်။
ဒီအထဲမှာ ပထဝီနိုင်ငံရေးတည်ရှိမှု၊လူထုရဲ့ နိုင်ငံ ရေးသမိုင်းနောက်ခံ၊နိုင်ငံတကာနိုင်ငံရေးအခင်းအ ကျင်းနဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအများကြီး ပါဝင်ပါတယ်။
ဒီလိုမတူညီမှုတွေကြောင့် တမီးနဲ့ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကြားမှာ ထပ်တူပြုဖို့ခက်ခဲလှပေမယ့် သမိုင်းကပေးတဲ့သင်ခန်းစာကို
ယူပြီး ဆင်ခြင်သုံးသပ်ပြင်ဆင်တာဟာလည်း အ ကျိုးရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတော့တယ်။
ကြိုင်မိုးစက် ရေးသားပါတယ်။
ကိုးကားစာရင်း-
https://www.britannica.com/topic/Tamil-Tigers
https://cisac.fsi.stanford.edu/…/liberation-tigers…
https://frontline.thehindu.com/cover…/article30186874.ece
https://www.facebook.com/permalink.php?story_fbid=167821678993480&id=107469705028678