စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမအမှု ULA/AA က စစ်ဆေးနေ

(တရားမျှတမှုရရှိဖို့ ကာယကံရှင်အပါအဝင် လူအများလိုလားနေကြ)

By Boder News Agency (BNA) / 2022 May 23

ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ကိစ္စ စစ်ကောင်စီရဲစခန်းမှာ အမှုဖွင့်ထားသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဘက်ကလည်း ခေါ်ယူစစ်ဆေးနေတာတွေရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

အဲဒီဘူးသီးတောင်မြို့နယ်၊စေတီတောင်ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေးရုံရဲ့ဆေးရုံအုပ်ဆရာဝန်၊ သူ့ဇနီးနဲ့ သူ့တပည့်တစ်ဦးက နေအိမ်အခန်းထဲထိ ဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ကြသလို အုပ်စုဖွဲ့ရိုက်နှက်ခြင်းမတိုင်မီကလည်း ဖုန်းကနေတစ်ဆင့် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံးအ နှုန်းတွေနဲ့ စာပို့တာရှိခဲ့တယ်လို့ ကာယကံရှင်က ပြောထားပါတယ်။

အဲဒီအုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ သူနာပြုဆရာမအမှုကို ဘူးသီးတောင်မြို့နယ်၊ညောင်ချောင်းနယ် ခြားစောင့်ရဲစခန်းကမေလ ၁၁ ရက်နေ့မှာ ကာယအိန္ဒြေပျက်ပြားအောင်အကြံနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊အိမ်ကျော်နှင်းမှု၊ဆဲဆိုမှုစတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ပေးထားပါတယ်။

လက်ရှိမှာ တရားလိုအပါအဝင် လိုပြသက်သေငါးဦးကို ရဲစခန်းက စစ်ဆေးပြီဖြစ်ကြောင်း အဲဒီအမှုမှာ လိုက်ပါကူညီပေးနေတဲ့ ဥပေဒရေးရာကုစားရေးရုံး (LCM)မှ တရားလွှတ်တော်ရှေ့နေ့ ဒေါ်မြသူဇာက ပြောပါတယ်။

ဒါပေမယ့် ဥပေဒအကြံပေးတောင်းခံတာ၊တရားရုံးတင်တာစတဲ့အဆင့်တွေကိုတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။

အဲလိုပဲ ULA/AA လက်အောက်မှာရှိတဲ့သူတွေကလ ည်း အုပ်စုဖွဲ့ရိုက်နှက်ခံရတဲ့ သူနာပြုဆရာမအပါအ ဝင် စေတီတောင်ဆေးရုံဝန်ထမ်းတွေကို ခေါ်ယူစစ် ဆေးနေတာရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

အဲဒီလိုစစ်ဆေးတဲ့အခါမှာ တရားလိုကို စစ်သလိုမျိုးမဟုတ်ဘဲ၊တရားခံကို စစ်သလိုမျိုးဖြစ်နေတဲ့အပြင် ULA က အမှုစစ်အရာရှိဟာလည်း အုပ်စုဖွဲ့ ရိုက်နှက်မှုမှာပါဝင်ခဲ့တဲ့ စေတီတောင်ဆေးရုံအုပ် ဒေါက်တာညီညီမောင်နဲ့ (အရက်)သောက်ဖော်သော က်ဖက်တွေဖြစ်တယ်လို့ သူနာပြုဆရာမတစ်ဦးရဲ့ ပြောစကားကို Myanmar Now သတင်းဌာနမှာ ရေးသားထားပါတယ်။

အဲဒီအခြေအနေတွေနဲ့ပက်သက်ပြီး BNA က သီး ခြားအတည်မပြုနိုင်သေးပါဘူး။

“အမှုကို အမှန်အတိုင်းဖြစ်စေချင်တယ်။ကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အပြစ်ပေးစေချင်တ ယ်။ဘယ်ဖက်ကပဲဖြစ်ဖြစ်သူ့လူ၊ကိုယ့်လူဆိုတာမျိုး မျက်နှာလိုက်ပြီး ကာကွယ်ပေးတာမျိုး မလိုချင်ဘူး ။ဒါဟာအနိုင်ကျင့်တာ၊ရာဇဝတ်မှုကျူးလွန်တာပါ။ ခွင့်လွတ်လို့ရတဲ့ကိစ္စတွေ မဟုတ်ပါဘူး။”လို့သူနာပြု ဆရာမတစ်ဦးက ပြောပါတယ်။

ဒီလိုမျိုးကိုယ်ထိလက်ရောက်၊ကာယအိန္ဒြေပျက် ပြားအောင်အထိ ကျူးလွန်ခဲ့သူတွေကို ထိရောက်စွာအရေးမယူဘဲ လွတ်ပေးလိုက်မယ်ဆိုရင် အလားတူကိစ္စရပ်တွေဟာ နောက်ထပ်လည်း ရှိလာနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

ULA/AA ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ နည်းပညာလိုအပ် ချက်တွေ၊လူ့အရင်းအမြစ်မပြည့်စုံမှုတွေကြောင့် အာဏာအလွှဲသုံးစားလုပ်ဆောင်မှုတွေနဲ့အကျင့်ပျ က်ခြစားမှုတချို့ရှိနေတုန်းဖြစ်တယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလအတွင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ULA လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့လာဘ် စားမှု၊အဂတိလိုက်စားမှု၊တာဝန်အလွှဲသုံးစားမှု စတာတွေကို လုံး၀သည်းခံမှာမဟုတ်ကြောင်း၊ ပြည်သူတွေအနေနဲ့ ရုံးချုပ်သို့ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

အဲဒီလိုမျိုးအာဏာအလွှဲသုံးစားလုပ်တဲ့သူတွေနဲ့ပတ် သက်နေသူတွေကို လိုအပ်တဲ့အပြစ်ပေးအရေးယူမှုတွေပြုလုပ်နေသလို အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးပိုင်းမှာ ခြစားမှုနည်းနိုင်သမျှနည်းအောင် ကြပ်မတ်ထိန်းကျောင်းလုပ်ဆောင်နေတယ်လို့လည်း ခိုင်သုခက ပြောထားပါတယ်။

ကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူမှုတွေ ပြု လုပ်ဖို့ တောင်းဆိုထားတဲ့ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေးကတော့ တရားဥပေဒရှေ့မှောက်ကို အမြန်ဆုံးရောက်စေချင်တယ်လို့ ပြောပါတယ်။ဒါမှသာ တရားရုံးမှာကူ ညီပေးနိုင်မယ်လို့ ဆိုပါတယ်။

“ငွေများလို့ အနိုင်ရသွားတာမျိုးကို မလိုအပ်ဘူး။ နစ်နာသူအမျိုးသမီးရဲ့ကျေနပ်လောက်တဲ့ ပြစ်ဒဏ်မျိုးကို ထိထိရောက်ရောက်လုပ်စေချင်တာပါ”လို့ အဲဒီကွန်ရက်ရဲ့ ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ဒီကိစ္စမှာ အမျိုးသမီးအကြမ်းဖက်မှုဖြစ်ပြီး အဲဒီအပေါ် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးမရှိဘူးဆိုရင် သက်ဆိုင်ရာကို တိုက်တွန်းတာမျိုးတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ဒေါက်တာညီညီမောင်ကို စေတီတောင်ဆေးရုံကနေ စစ်တွေမြို့ဆေးရုံသို့ နယ်ပြော င်းတာကလွှဲလို့ တခြားသောအရေးယူမှုမျိုးတွေ မတွေ့ရသေးဘူးလို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

စေတီတောင်တိုက်နယ်ဆေးရုံအုပ်ဟာ ပြီးခဲ့တဲ့ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာပြုဆရာမဆီကို “အတူ တူ အိမ်မယ်မလား။အိပ်သွားပြီလား။” လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊ အိမ်ခပါယာလား” ဆိုတဲ့စာကို  ဖုန်းကနေပို့ခဲ့ပါတယ်။အဲဒီကိစ္စကို သူနာ ပြုဆရာမဟာ မြို့နယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။

အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာ ပြုဆရာမပေါ် မကျေမနပ်ဖြစ်နေခဲ့တဲ့အတွက် ခုလိုမျိုး အငြိုးထားဆောင်ရွက်ခဲ့တာဖြစ်တယ် အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ ဆရာမနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=169452795497035&id=107469705028678

Leave a Reply

Your email address will not be published.