စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမရဲ့ တရားမျှတမှုရရှိရေးအတွက် ဘာတွေပြောထားကြသလဲ

By Boder News Agency (BNA) / 2022 May 18

ပြီးခဲ့တဲ့မေလ ၁၀ ရက်က ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ်ဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာမတစ်ဦးကို တိုက်နယ်ဆရာဝန်၊ဇနီးသည်နှင့်တပည့်တစ်ဦးတို့က အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွါးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူနာပြုဆရာမဟာ တရားမျှတမှုရရှိဖို့အတွက် စောင့်မျှော်နေသလို လုပ်ဖော်ကိုင်ဖက်တွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတချို့ကလည်း တရားမျှတမှုရရှိဖို့ တောင်းဆိုတာတွေရှိနေပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှုနှင့်ထိရော က်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့ လူတချို့ရဲ့အမြင်ကို တင်ပြပေးလိုက်ပါတယ်။

ဒေါ်ညိုအေး(ရခိုင်အမျိုးသမီးကွန်ရက်-ဥက္ကဌ)

တရားမျှတမှုရဖို့အတွက်ဆိုရင် ကျွန်မတို့ကတော့ ဥပဒေရှေ့မှောက်ကို အရင်ဆုံး ရောက်စေချင်ပါတယ်။တရားဥပေဒရှေ့မှောက်ကို အရင်ဆုံး ရောက်စေချင်ပါတယ်။ထိရောက်သောကိုင်တွယ်မှုနဲ့ ဥပဒေရှေ့မှောက်ကို အရင်ဆုံးရောက်စေချင်ပါတယ်။အဲဒီလိုဥပဒေရှေ့မှောက်ကို ရောက်လာတဲ့အခါ ဝိုင်းရံသောအမျိုးသမီးများက သူ့ကို ဝိုင်းရံပြီးတော့ သူ ခံစားနေရတဲ့ခံစားမှုတွေ ပပျောက်သွားအောင် ဝိုင်း ဝန်းကူညီပေးနိုင်မယ်လို့ ယူဆလို့ပါ။တရားရုံးတွေဟာ ဘယ်ဖက်တရားရုံးပဲဖြစ်ဖြစ် အဓိကကတရားတဘောင်ရင်ဆိုင်ဖို့ လာတဲ့သူတွေကို သိမ်မွေ့နက်နဲစွာ တရားတဘောင်အတိုင်း ကိုင်တွယ်နိုင်ဖို့ ကြိုး စားကြပါလို့ ပြောချင်ပါတယ်။

သူနာပြုဆရာမတစ်ဦး

အခုကတော့ တရားဥပဒေအတိုင်းသွားနေတဲ့အချိန်ဖြစ်ပါတယ်။တကယ်လို့ တရားဥပဒေလမ်းကြောင်းအရ ဘယ်လိုမှမထူးခြားလာဘူးဆိုရင် မတရားမှုကို လူသိများအောင်ပိုလုပ်ရမှာပေါ့။အခုကတော့ ဘယ် လိုဖြစ်လာမလဲဆိုတာ စောင့်ဆိုင်းနေတုန်းပါဘဲ။ သူ နာပြုဆရာမလို့တော့မဟုတ်ပါဘူး။ဒါကမိန်းက လေးတစ်ယောက်အနေနဲ့ လိင်ပိုင်ဆိုင်ရာထိခိုက်မှုလို့ ပြောလို့ရတဲ့ စာသားတွေနဲ့ ကိုယ်ခန္ဓာကိုထိခိုက်အောင် နှိပ်စက်ခံထားရတော့ သူနာပြုအနေနဲ့တော့မဟုတ်ဘူး လူတိုင်းအတွက် တရားမျှတမှုရသင့်ပါတယ်။လက်ရှိမှာတော့ အဖြေမထွက်သေးဘူး။ကာ ယကံရှင်လည်း အဖြေတစ်ခုကိုစောင့်ဆိုင်းနေတုန်းပါဘဲ။တကယ်လို့ ဘာမှထူးမလာဘူးဆိုရင် သူနာပြုတွေအနေနဲ့ဝန်ရံသွားကြမယ့်အစီစဉ်တွေတော့ရှိပါတယ်။

ပြီးတော့ မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးစော် ကားမခံသင့်ဘူးလို့ စိတ်ထဲမှာရှိတဲ့လူတွေဆီက လ က်မှတ်တွေစုပြီး ဝန်ကြီးတွေဆီကို တင်ပြဖို့ရှိပါတ ယ်။ဒါကလုပ်ငန်းခွင်ထဲမှာဖြစ်သွားတာဆို့တော့ အဲဒီလုပ်ငန်းခွင်က အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေရှိပါတယ်။ဘယ်အသိုင်းအဝိုင်းကမဆို ဒီလိုမျိုးကိုယ်ထိလက်ရောက် ဆိုးဝါးတဲ့စော်ကားမှုတွေကို လက်မခံသင့်ပါဘူး။ကျမတို့အနေနဲ့တော့ ခိုင်မှာတဲ့ပြစ်ဒဏ် ဆရာဝန်ဇနီးမောင်နှံဆီမကျရောက်မချင်း ဆက်လ က်ပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်။

ဦးဦးမြတ်ထွန်း(ရခိုင်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မြှင့်တင်သူများအဖွဲ့)

ဒါဟာအမျိုးသမီးအကြမ်းဖက်မှုဖြစ်တယ်။ဒါကလု ပ်ငန်းခွင်ထဲမှာ အထက်အရာရှိနဲ့ အောက်က ဝန်ထ မ်းဖြစ်တဲ့ကိစ္စဖြစ်တယ်။ပြီးတော့အမျိုးသမီးနဲ့ ပတ် သက်နေတဲ့ကိစ္စဖြစ်တယ်။ဒါကို ဒီအတိုင်းလျစ်လျူရှု့ထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကလည်း ဒီဟာကို ဒီအတိုင်းကြည့်ထားမှာတော့ မဟုတ်ပါဘူး။ဒါဟာ ရာဇဝတ်ပြစ်မှုနဲ့ဆိုရင် ကာယအိန္ဒြေ ပျက်ပြားမှု၊ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပါတယ်။ အဲဒါကိုမှ အရေးယူဆောင်ရွက်ပေးမှုမရှိဘူး ဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာကိုတွန်းအားပေးသွားမှာဖြစ်ပါတယ်။

ဦးကျော်ညွန့်မောင်(တရားလွှတ်တော်ရှေ့နေ)

အိမ်ခန်းထဲကို ၀င်ပြီးတော့ ရိုက်နှက်တယ်ဆိုလို့ရှိရင်တော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ အရ အမှုဖွင့်အရေးယူရမှာဖြစ်ပါတယ်။ပြစ်ဒဏ် ၇ နှစ်အထိ ပေးနိုင်တယ်။အာမခံပေးလို့မရဘူး။သူ့ကို ချုပ်ထားရမယ်။သာမာန်ဒဏ်ရာရရင်တော့ ပုဒ်မ ၃၂၃(နာကျင်စေမှု)၊ တကယ့်လို့ ပြင်းထန်ဒဏ်ရာရတယ်။ခေါင်းကွဲသွားတယ်၊အရိုးတွေ အက်သွားတယ်ဆိုရက်တော့ ၃၂၅(အပြင်းအထန် နာကျင်စေမှု၊ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရ)နဲ့ ငြိစွန်းတယ်။နောက်ပြီး အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုလို့ရှိရင် အဲဒီအမျိုးသမီးရဲ့ ကာယအိန္ဒြေကိုထိပါးစေတဲ့အတွက်ကြောင့် ပုဒ်မ ၃၅၄ နဲ့လည်း အရေးယူလို့ရတယ်။၂ နှစ်ထိ ထောင်ဒဏ် ပေးလို့ရတယ်။ညစ်ညမ်းစွာဆဲဆိုတယ်ဆိုလို့ရှိရင်တော့ ၂၉၄ နဲ့ အရေးယူလို့ရတယ်။ပြစ်ဒဏ် သုံးလအထိ ပေးလို့ရတယ်။

ဦးဟန်မင်းလှိုင်(တရားလွှတ်တော်ရှေ့နေ)

ကျနော့်အနေနဲ့ ဒီဖြစ်စဥ်ကိုအပိုင်း ၃ ခု ခွဲပြီး ပြောချင်ပါတယ်။ပထမအပိုင်းကတော့ ဥပဒေအရ စွပ်စွဲသူ( တရာလို)က စွပ်စွဲ ခံရသူ( တရားခံ)ကို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားအောင် သက်သေပြသဖို့ ​လိုအပ်ပါတယ်။ဒီနေရာမှာ သက်သေပြသမှု မခိုင်လုံလို့ စွပ်စွဲခံရသူ ( တရားခံ)က လွတ်​မြောက်သွားခဲ့ရင် ပိုပြီး ပြောဆိုဝေဖန်စရာတွေ များလာနိုင်ပါတယ်။

ဥပဒေအရ မြေပြင်အမှန်တရားထက် တရားရုံးပေါ် သက်သေပြသခိုင်လုံမှု ရှိမှသာလျှင်စွပ်စွဲခံရသူ တရားခံကို စွပ်စွဲထားတဲ့ပုဒ်မတွေ နဲ့ အပြစ်ပေးအရေးယူလို့ ရတဲ့ အတွက်​ကြောင့်ပါ။

ဒုတိယပိုင်းကတော့ ဆရာဝန်ဆိုတာလည်း အတတ် ပညာရှင်တစ်ဦးပါ ပုထုဇဥ်လူသားဖြစ်လို့ မှားတတ် သည် ဆိုလျှင်လည်း စဥ်းစားတွေးခေါ် နိုင်သော ဆေးအတတ်ပညာရှင်တစ်ဦးဖြစ်ပါလျှက် အဘယ့်ကြောင့် ထိုသို့ကိုယ်ထိလက်ရောက် ကျူးလွန်ရနည်း ဆိုတာ တော်တော် စဥ်းစားမိပါတယ်။အံ့သြ မှင်သက်မိပါတယ်။သူ့အနေနဲ့ တရားရုံး မှာ မကျူးလွန်ပါဟု ငြင်းဆိုသည့်တိုင် အကျိုးအကြောင်း မရှိပါဘဲ ဤ ပြဿနာဖြစ်ပေါ်လာစရာ မရှိဟု အလွတ်သ ဘော စဥ်းစားမိပါတယ်။

တတိယတပိုင်းကတော့ ယခုပြဿနာက လူပုဂ္ဂိုလ် နှစ်ဦးဖြစ်ပွားကြသည့် ပြသနာဟုသာယူဆပေးစေချင်ပါတယ်။ဆရာဝန်နှင့်သူနာပြုပြဿနာယောက်ကျား မိန်းမပြဿနာစသည်ဖြင့် လိုရာဆွဲခေါ်ပြီး ပုံကြီးချဲ့လာသည့် အနေအထား မဖြစ်စေလိုပါ။လူတိုင်းအမှားဖြင့် မကင်းတတ်သည့် အတွက် တစ်စုံ တစ်ယောက် မကောင်းခြင်း၊ပြစ်မှုကျူးလွန်ခြင်း သည် ထိုတစ်စုံ တစ်ယောက်နှင့်သာ သက်ဆိုင်ပါတယ်။

ဆရာဝန်တွေက ၊ယောကျ်ားတွေက စသည်ဖြင့် ကြီးကျယ်လာပါက လူမျိုး / ဘာသာအထိချဲ့လျှင် ချဲ့၍ ရလာနိုင်ပါတယ်။ဒီပြဿနာကို တိကျသေချာပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးစေချင်သလို တ ခြားတဖက်မှာ ဆရာဝန်အသိုင်းအဝိုင်းနှင့်သူနာပြု အသိုင်းအဝိုင်းကြား မကျေနပ်မှုတွေ အမြင်စောင်းမှုတွေနဲ့ပြဿနာတွေဆက်မဖြစ်စေလိုပါ။ တည်တည် ကြည်ကြည် ဂုဏ်သိက္ခာရှိရှိ ဆေးဝါးကုသနေကြတဲ့ ဆရာဝန်တွေလည်း အများကြီးရှိကြပါတယ်။ ယခု အခါပြဿနာက တဖြည်းဖြည်းဆရာဝန်အသိုင်း အ ဝိုင်းနှင့်သူနာပြုအသိုင်းအဝိုင်းပုံသဏ္ဍန်အထိပြောင်းလဲလာနိုင်တဲ့ အနေအထားမဖြစ်စေလိုပါ။

ထို့ကြောင့် ယခုကိစ္စရပ်အား ကိုင်တွယ်ဖြေရှင်းရမည့် မည်သည့်လူပုဂ္ဂိုလ်များ မဆိုပွင့်လင်းမြင်သာစွာ နဲ့ အပြစ်ရှိ / မရှိ ထင်ရှားအောင် စစ်ဆေးပေးဖို့ လိုအပ်သလို အပြစ်ရှိပါကလည်းထိရောက်သော ပြစ်ဒဏ်တစ်ရပ်ချမှတ်ပေးဖို့လိုအပ်ပါမယ်။

ယခုလိုအချိန်မျိုးမှာ ညီညွတ်ကြဖို့လိုအပ်လှပါတယ်။ပြဿနာတရပ်အပေါ် သူမှန်သည် ငါမှန်သည် ဟု ငြင်းခုံကာဂိုဏ်းကွဲနေရမည့် အချိန်မဟုတ်ပါ။ ဤပြဿနာကို အကောင်းဆုံးနှင့်အမြန်ဆုံး မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုသာ စဥ်းစားသင့်ပါသည်။ဆေးလောကသားများ အချင်းချင်းအုပ်စုမကွဲကြစေချင်ပါ။

https://www.facebook.com/permalink.php?story_fbid=168312578944390&id=107469705028678

Leave a Reply

Your email address will not be published.