By Boder News Agency (BNA) / 2022 May 16
ဘူးသီးတောင်မြို့နယ်က သူနာပြုဆရာမတစ်ဦးအား ဆရာဝန်လင်မယားတို့က အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာဟာ အမျိုးသမီးအကြမ်းဖက်မှုမြောက်ပြီး အဲဒီအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အ ရေးကာကွယ်မြှင့်တင်သူများအဖွဲ့(AHRDPA)က ဒီနေ့မှ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ဆရာဝန်၊သူ့ဇနီးနဲ့ သူ့တပ ည့်တို့က နေအိမ်အခန်းထဲထိ ဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုထာတွေ ပြုလုပ်ခဲ့ကြပါတာပါ။
အဲဒီလို အုပ်စုဖွဲ့ရိုက်နှက်ခြင်းမတိုင်မီကလည်း ဖုန်းကနေတဆင့် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံးအ နှုန်းတွေနဲ့ စာပို့တာလည်း ရှိခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောထားပါတယ်။
အဲဒီဖြစ်ရပ်ဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက် မှုကျူးလွန်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အဲဒီ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဆိုပါတယ်။
အမျိုသမီးတွေကို အကြမ်းဖက်တာဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တဲ့အတွ က် လူ့အခွင့်အရေးချိုးဖောက်ရာလည်းရောက်တယ်လို့ ဆိုပါတယ်။
“ဒါကို ထိထိရောက်ရောက် မရေးမယူဘူးဆိုရင် အ မျိုးသမီးအကြမ်းဖက်မှုနဲ့ ပက်သက်လို့ မြန်မာနိုင်ငံအစိုးရက ချိုးဖောက်ရာကျတယ်လို့ ပြောချင်ပါတယ်။ဒါထိထိရောက်ရောက်လုပ်ဖို့လိုတယ်”လို့ ဟု AHRDPA က ဒါရိုက်တာဦးမြတ်ထွန်းက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး အစိုးရ၊ဌာနဆိုင်ရာတွေရဲ့ အရေးယူမှုအခြေအနေတွေကို လေ့လောစောင့်ကြည့်နေတယ် လို့လည်း ဦးဦးမြတ်ထွန်းက ပြောပါတယ်။
အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ ရခိုင်အမျိုးသမီးကွန်ရက်ကလည်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇဝတ်ပြစ်မှု အရ ထိရောက်တဲ့အရေးယူဆောင် ရွက်မှုတွေပြုလုပ်ပေးဖို့ အစိုးရကို တိုက်တွန်းတောင်းဆိုကြောင်း မေလ ၁၃ ရက် က ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
တခြားသောအမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ သူနာပြုဆရာမတွေကလည်း အလားတူ တောင်းဆိုထားကြပါတယ်။
လက်ရှိမှာ ရိုက်နှက်ခံခဲ့ရတဲ့ သူနာပြုဆရာမဟာ နေ အိမ်ထဲအထိ ဝင်ရောက်ပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူတွေကို အိမ်ကျော်နှင်းမှု၊ ကာယအိန္ဒြေပျက်ပြားအောင် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဆဲဆိုမှု စတဲ့ ပုဒ်မသုံးခုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ကျန်းမာရေးဌာနကတော့ အဲဒီလို သူနာပြုဆရာမအား ရိုက်နှက်ခဲ့တဲ့ ဒေါက်တာညီညီမောင်ကို စေတီတောင်တိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယာယီပြောင်းရွှေ့ကြောင်း အမိန့်စာထုတ်ထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=167858668989781&id=107469705028678