စနဲ့မြို့ရှိ စေတီတစ်ဆူ မိုးကြိုးထိမှန်၍ ထီးတော်မြေခသွား

By Narinjara / 2022 May 10

ရခိုင်ပြည်နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက် မြို့မ ကျောင်းတော်ရှိ ရှေ့ဟောင်း စေတီတစ်ဆူမှာ မေလ ၈ ရက်နေ့ ညနေ ၅နာရီကျော်အချိန်ခန့်တွင် မိုးကြိုး ထိမှန်ကာ ထီးတော်မြေခသွားသည်ဟု သိရသည်။

 မိုးကြိုးထိမှန်ခဲ့သဖြင့် စေတီ၏ထီးတော် (ကျောက်ထီး)မှာ အနောက် မြောက်ဖက်သို့ ကျိုးကျကာ မြေခသွားခဲ့သည်ဟု တောင်ငူစုရပ်ကွက် မှ ကိုဆန်းမောင်ကပြောသည်။

 ” မေ ၈ ရက်က ကျွန်တော်တို့မြို့မှာ မိုးနဲ့လေ တိုက်တယ် ။ မိုးကြိုးလည်း ပစ်တယ်။ မိုးစဲလို့ လူတွေအပြင်သွားလာ ကြတော့ စေတီကျိုးနေတာကို မြင်ကြတာ။ မိုးကြိုးထိမှန်သွားတာလို့ လူအများက ပြောကြတယ်။ကျွန်တော်တို့မှာ တင်ထားတဲ့ထီးတော်က အင်္ဂတေထီး။ကျောက်ထီးလို့ ခေါ်ဖို့ပေါ့။”ဟု ပြောသည်။

အဆိုပါစေတီကို တည်ထားကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ခန့်ရှိပြီဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5448502871828412

Leave a Reply

Your email address will not be published.