စစ်အာဏာသိမ်းပြီးနောက်ကျဆင်းလာသော ရခိုင်စိုက်ပျိုးရေး

By Boder News Agency (BNA) / 2022 May 24

(ဓာတ်ပုံ-ရခိုင်ရှေးဟောင်းမြို့တော်၊မြောက်ဦးမှာ စျေးသည်တစ်ဦးအားတွေ့ရစဥ်/BNA)

ပြာတောက်တောက်အရွက်ကလေးများပေါ်တွင် အ ပေါက်ငယ်လေးများနှင့် စိုက်ခင်းငယ်တစ်ခုကို ခပ်လှမ်းလှမ်းက‌ တွေ့ရသည်။ပင်စည်သေးသေး၊အကို င်းအခက်နည်းနည်းသာရှိသည့် ထိုအပင်များမှာ စိမ်းစိမ်းစိုစို မရှိလှ။အပင်အောက်ခြေမြေဘောင်များမှာလည်း စိုစိုစွပ်စွပ်မရှိ၊ခြောက်သွေ့သွေ့ပင်။

ထိုစိုက်ခင်းထဲတွင် အမျိုးသမီးတစ်ဦး ခမောက် (ရခိုင်အခေါ် မက္ကလာ)တစ်ချပ်ဆောင်း၍ ခေါင်းငုံ့ကာ တစ်စုံတစ်ခုလုပ်နေသည်။သူ့လက်ထဲတွင် တောင်းတစ်လုံးကိုင်ထား၏။ငရုတ်ခင်းတွင် ငရုတ် သီး ခူးဆွတ်နေခြင်းဖြစ်သည်။

ထိုအမျိုးသမီး အလုပ်လုပ်နေသည်မှာ သွက်သွက်လက်လက်မရှိလှ။လေးလံထိုင်းမှိုင်းကာ တစ်စုံတစ် တစ်ရာအတွ က် စိုးရိမ်ပူပန်နေဟန်ရှိ၏။ 

“အရင်းတောင်ရပါ့မလားမသိဘူး”ဟု အသက်လေးဆယ်ဝန်းကျင် ထိုအမျိုးသမီးက ပြောသည်။

ယင်းအမျိုးသမီးမှာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်လုံးလုံးဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တစ်ဟုန်ထိုး မြှင့်တက်လာနေခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများ၊ဓါတ်မြေဩဇာနှင့်စက်သုံးဆီစျေးနှုန်းတို့ကြောင့် မလုံးလုံးအပါအဝင် ဆောင်းသီးနှံစိုက်တောင်သူတို့ အခက်ကြုံနေကြရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းအ တွက် အဓိကလိုအပ်သည့် ဓါတ်မြေဩဇာ၊ပိုးသတ် ဆေး၊ရွက်ဖျန်း ဆေး၊ပေါင်းသတ်ဆေးတို့အပါအ ဝင်စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရိယာများတွင် အသုံးပြုရသည့် စက်သုံးဆီတို့၏ စျေးနှုန်းများမှာ တစ်ဆကနေငါးဆအထိ တစ်ဟုန်ထိုးခုန်တက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် စိုက်ပျိုးရေးလုပ်တောင်သူများမှာ ၎င်းတို့စိုက်ထားသည့်အပင်များအား လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အစာအာဟာရမကျွေးနိုင်၊ပိုးသ တ်ဆေး၊ရွက်ဖျန်းဆေးမဖြန်းနိုင်ခြင်းတို့ကြောင့် ထွက်ကုန်များမှာလည်း ပုံမှန်ကဲ့သို့ မထွက်ကြဟု ဆိုကြသည်။

စိုက်ပျိုးရေးသွင်းအားစုများ၏ စျေးနှုန်းကြီးမြင့်မှုကြောင့် ဒေါ်လုံးလုံးမှာ ငရုတ်စိုက်က်ခင်းစိုက်ကွက်မြေအ ကျယ်အဝန်းကိုလည်း  သုံးပုံနှစ်ပုံခန့်လျှော့ ချခဲ့ရသည်ဟု ဆိုသည်။

 “ကိုယ်နိုင်သလောက်လေး လုပ်ရတော့တာပေါ့။အဲဒါတောင် အရင်းကမသွင်းနိုင်ဘူးဖြစ်နေတယ်လေ” ဟု ၎င်းက ပြောသည်။

အပင်စိုက်ပြီး အရည်အသွေးပြည့်မီသော အသီးအ နှံများရရှိရေးအတွက် ရေလောင်းရသည်။ယခင်က တစ်လ သုံးကြိမ်ခန့် ရေလောင်းပေးခဲ့ရာမှ ယခုအခါ ဓါတ်ဆီစျေးကြီးမြင့်မှုကြောင့် တစ်ကြိမ်ခန့်သာ ရေ လောင်းပေးနိုင်တော့သည်ဟုဆိုသည်။ယခင်ကထ က် လေးဆနီးပါးတက်နေသော ဓါတ်ဆီကို အသုံး ပြု၍ ရေစုပ်စက်မောင်းကာ ရေတင်ရသည်မဟုတ် လား။

ယင်းအပြင် ဓါတ်မြေဩဇာဆိုလျှင်လည်း အလား တူပင်။သုံးကြိမ်သုံးရမည်ကို တစ်ကြိမ်ခန့်သာ သုံးနိုင်သည်ဟု ဆို၏။

“ရေမရ၊မြေဆီ(ဓါတ်မြေ ဩဇာ)မထည့်ရတော့ ပိုး ကျတာပေါ့။သီးသင့်သလောက်လည်း မသီးဘူးလေ။အပင်တွေလည်း မလှဘူး။အသီးအပွင့်တွေလည်း မအောင်ဘူးလေ။” ဟု ဒေါ်လုံးလုံးက ညည်း သည်။

ရေ၊မြေဩဇာတို့ အလုံအလောက်မရသောကြောင့် ပိုးကျနေသော ထိုအပင်များကို ဆေးဖြန်းရမည်။သို့သော် စျေးတက်နေသော ပိုးသတ်ဆေးကို ဝယ်၍ မဖြန်းနိုင်။

“ဆေးဝယ်ဖြန်းရင်လည်း ရင်းရတာနဲ့ ပြ န်ရတာ မကိုက်ဘူးဖြစ် သွားမယ်။အဲတော့ ဒီအတိုင်းပဲ သီးချင်သလောက်သီးတော့ဆိုပြီး ကြည့်နေရတော့တာပေ့ါ။”ဟု ဒေါ်လုံးလုံးက ပြောသည်။

ယင်းသို့သောအခြေအနေများကြောင့် ငရုတ်အပြင် သခွား၊ခရမ်း၊ကြက်ဟင်း ခါး၊ဂေါ်ဖီ၊ပန်းအစရှိသည့် ပန်းပင်၊သီးနှံစိုက်တောင်သူတို့မှာလည်း ဒေါ်လုံးလုံးတို့နည်းတူ အခက်အခဲများစွာနှင့် ကြုံနေကြရကြော င်း အသီးသီး ရင်ဖွင့်ကြ၏။

လိုအပ်သည့် ဓါတ်မြေဩဇာ၊ရေ၊ပိုးသတ်ဆေး၊ရွက်ဖြန်းဆေးအစရှိသော သွင်းအားစုတို့ အလုံအလော က် မသွင်းနိုင်တော့၍အရှုံးခံကာ ပစ်ထားလိုက်ရသည့် စိုက်ခန်းများလည်းရှိကြောင်း ရခိုင်ပြည်နယ်အတွင်းမှ ဆောင်းသီးနှံ စိုက်ပျိုးသူများက ပြော သည်။

အရင်းစိုက်ကာသွင်းရမည့်ဆေးဝါး၊မြေဩဇာစရိတ်တို့ မတတ်နိုင်တော့၍ ဂန္ဓမာပန်းစိုက်ခင်းတစ်ခုကို အဆုံးရှုံးခံလိုက်ရကြောင်း မင်းပြားမြို့နယ်မှ ပန်းစိုက်တောင်သူ ကိုထွန်းကပြောသည်။

ယခင်နှစ်များက ၅ ကျပ်မှ ၈ ကျပ်ခန့်သာ ပေးခဲ့ရသည့် ဂန္ဓမာပန်းပျိုးပင်တစ်ပင်ကို ယခုအခါ ၁၂ ကျ ပ်မှ ၁၅ ကျပ် အထိ တိုးပေးကာ ဝယ်ယူရကြောင်း ၄င်းပြောပြသည်။

ပျိုးပင်စရိတ်ကြီးသည့်အပြင် ထွန်ယက်စရိတ်၊မြေ ဩဇာစာရိတ်တို့ကလည်း ကြီးသည်မဟုတ်လား။ ယင်းအပြင် ပန်းစိုက်မည့်မြေတွင် ထည့်ရမည့် ထုံးမှုန့်၊ကြက်ချေး၊နွားချေးတို့၏ စျေးမှာလည်း ယခင်နှစ်ကထက်နှစ်ဆခန့်အထိ စျေးပိုပေးကာ ဝယ်ယူသုံးစွဲခဲ့ရသည်ဟု ဆိုသည်။

ယင်းသို့ နှစ်ဆမှ လေးဆအထိတက်နေသော သွင်းအားစုများဖြင့် စိုက်ပျိုးထားခဲ့သော ပန်းစိုက်ခင်းမှာ လုံ လောက်သည့်အစာအာဟာရတို့ မရ၍ ပိုးမွှား၊ ရောဂါအန္တရယ်တို့နှင့်ကြုံရတော့ည်ဟု ကိုထွန်းက ပြောသည်။

ယင်းရော ဂါများကို ဆေးဖြန်းမည်ဆိုပါက တစ်ပတ်နှစ်ကြိမ်ခန့် ဖြန်းရမည်။ယင်းအတွက် ဖြန်းရမည့် ဆေးများမှာလည်း စျေးတက်ကုန်ပြီ။ယခင်က ၁၅ ၀၀ ခန့်နှင့် ဝယ်၍ရခဲ့သည်ကို ယခု ၄၀၀၀ နီးပါး ပေးရသည်ဟု ဆိုသည်။

“အဲလိုဆေးဖြန်းနေရရင် အမြတ်က ဘာမှ ကျန်မှာမဟုတ်ဘူး။ထပ်လုပ်ရမယ့် လုပ်အားပဲ အလကားဖြစ်သွားမှာ။အဲတော့ ဒီအတိုင်း ဘာမှမလုပ်ဘဲ ပစ် ထားလိုက်တော့တယ်။အရင်းစိုက်ခဲ့တာတွေ၊ လုပ် အားတွေတော့ သဲထဲရေသွန်သလို ဆုံးသွားတာပေ့ါ”ဟု ကိုထွန်းက ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ် လာသည့် အကျိုးဆက်ကို ပြည်သူအား လုံးခံစားကြရပြီး အောက်ခြေပြည်သူများမှာ ပို၍ပင် အလူးအလိမ့်ခံကြရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်သူ များအနေဖြင့် တတ်နိုင်သည့်ဖက်မှ တောင်သူများအား ကူညီပေးကြရန် စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်သည့်တောင်သူများက တိုက်တွန်းတောင်းဆိုကြသည်။

“တိုင်းပြည်နိုင်ငံ မကောင်းလို့၊အောက် ခြေကလူတွေ ပိုထိတယ်၊တတ်နိုင်သလို ကူညီပေးစေချင်ပါတယ်။ ”ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ပန်းစိုက်တောင်သူ ကိုလင်းလင်းထွန်းက ပြောသည်။

ဆောင်းသီးနှံစိုက်တောင်သူများအမြတ်နည်းသူနည်း၊အရင်းမရသူမရဖြင့် အခက်အခဲကြုံခဲ့ကြရသည့်အပြင် မိုး ရာသီတွင် စိုက်ပျိုးရသော စပါးစိုက်တောင်သူများမှာလည်း အလားတူအခက်အခဲများ မလွှဲမသွေ ကြုံကြရမည်ကို ကြိုတွေး၍ ပူပင်နေကြရပြီဖြစ်သည်။

စပါးစိုက်ရန် လယ်မြေများကို ဦးစွာထွန်ယက်ရသ ည်။ယင်းမြေပေါ်တွင် စပါးကြဲရသည်။ပြီးတော့ကောက်စိုက်ရအုံးမည်။ပေါင်းသင်ရအုံးမည်။မြေဆီ၊မြေဩဇာလည်း ကျွေးရမည်။ပြီးတော့ ရိတ်သိမ်းရမည်။ထိုလုပ်ငန်းစဉ်များအား လုံးတွင် အသုံးပြုရမည့် သွင်းအားစုများ၏ စျေးနှုန်း၊လုပ်အားခများမှာ ယခင်ကလို မဟုတ်တော့ပေ။စျေးတွေ အဆမတန် တက်ကုန်ပြီ။

စစ်တပ်ကအာဏာမသိမ်းမီက တစ်ပီပါ(ဂါလံ ၅၀) ကို တစ်သိန်းကျော်သာပေးခဲ့ရသော ရေနံဆီ (ဒီဇယ်)မှာ ယခုအခါ ငါးသိန်းကျော်၊ခြောက်သိန်းနီးပါးရှိနေသည်။ငါးဆဝန်းကျင်ဖြစ်သည်။ယခင်ကထက် ကုန်ကျစရိတ် ငါးဆတိုးသွားမည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။

“ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး။ဒီလောက်စျေးကြီးနေရင် မထွန်ပဲထားလိုက်ရတော့မလား၊တခြားသူကို ငှားလိုက်ရမလား မသိတော့ဘူး။စိတ်တွေ မွန်းကြပ်ပြီးတော့ ဖြစ်နေတော့တာပါပဲ။”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊တန်းစွယ်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးစံထွန်းကျော်က ပြောသည်။

အငှားလိုက်မည်ဆိုပါကလည်း သွင်းအားစုအားလုံး စျေးကြီးနေသော အခြေအနေတွင် ငှားပြီးထွက်ယက်ကြမည့်သူမရှိဟု ၎င်းက ဆိုသည်။

လယ်တစ်ဧကကို ထွန်ယက်ရန် ဒီဇယ်ဆီ နှစ်ဂါလံခန့်ကုန်သည်။ထွန်ယက်ခတစ်ခုတည်းနှင့်ပင် ကုန် ကျစရိတ် နှစ်သောင်းကျော်ကုန်ကျမည်ဖြစ်သည်။ ကိုယ်ပိုင် လယ်ထွန်စက်ရှိသူများမှာ ထွန်ယက်ခ မပေးရ၍ အနည်းငယ်သက်သာသေး၏။ကိုယ်ပိုင်ထွက်ယက်စက်မရှိသောသူများအတွက်မူ ထွန်ယ က်ခ ပေးရအုံးမည်။ယင်းထွန်ယက်ခမှာလည်း ဆီစျေးနှင့်အတူ လိုက်တက်လာကြသည်မဟုတ်လား။

“သူများစက်နဲ့ အငှားထွန်ရမှာ။နွေရာသီတုန်းက ဆောင်းသီနှံကလည်း မဖြစ်ခဲ့ဘူးဆိုတော့ ဘယ်လိုလုပ်ရတော့မလဲ မသိတော့ပါဘူးဗျာ။မနှစ်ကလည်း လယ်လုပ်တာ ဘာမှမမြတ်ဘူး။ဒီနှစ်ကတော့ ပိုဆိုးမှာပေ့ါ”ဟု ပေါက်တော မြို့နယ်မှ ကိုကျော်ထွန်းက ရင်ဖွင့်သည်။

ထွန်ယက်ပြီးရုံနှင့် မပြီးသေး။ကောက်စိုက်၊ပေါင်း သင်ရမည်။သီးနှံအောင်ဖို့ ဓါတ်မြေဩဇာ ကျွေးရမည်။ယခင်ကသုံးသောင်းကျော်သာရှိခဲ့သော ဓါတ်မြေဩဇာ(ဒေသအခေါ် အဖြူ)တစ်အိတ်ကို ယခုအခါ တစ်သိန်းဝန်းကျင်ရှိနေပြီဟု အရောင်းဆိုင်များက ပြောသည်။

ယင်းအပြင် အာဏာမသိမ်းမီက နှစ်သောင်းကျော်သာ ရှိခဲ့သော ဓါတ်မြေဩဇာ(အမဲ)တစ်အိတ်ကို ယခုအခါ ရှစ်သောင်းကျော်သွားပြီ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးဆကျော်၊လေးဆတက်သွားခြင်းဖြစ်၏။ယင်းသို့သော မိုးထိစျေးနှုန်းများကြောင့် ပုံမှန်သုံးနေကျပမာဏအတိုင်း မသုံးနိုင်တော့ဘဲ လျှော့သုံးရတော့မည်ဟု ကိုကျော်ထွန်းက ပြောသည်။

“လိုအပ်သလောက်မသုံးရင် ထွက်နှုန်းလျော့မယ်ဆိုတာသိပေမယ့် မတတ်နိုင်ဘူးလေ”ဟု ၎င်းက ဆိုသည်။

ပုံမှန်ဆိုလျှင် လယ်တစ်ဧကအတွက် ဓါ တ်မြေဩဇာ နှစ်အိမ်ခန့်လိုကြောင်း စိုက်ပျိုးရေးသုံးကုန်များ ရောင်းချပြီး ကိုယ်တိုင်လည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် ပုဏ္ဏားကျွန်းမြို့မှ ကိုရန်လင်းက ပြောသည်။

 “အဲလောက် မသုံးရင် အဆင်မပြေဘူး ။ဒါပေမယ့် ဒီလောက်စျေးတွေတက်နေတော့ တောင်သူတွေမှာ သုံးနိုင်မှာမဟု တ်ဘူး။သုံးလိုက်ရင်လည်း အရင်းသွ င်းရတာနဲ့ယှဉ်ရင် ရှုံးမှာလေ”ဟု ၎င်းက ဆိုသည်။

တိုင်းပြည်၏ နိုင်ငံရေးအခြေအနေကြောင့်တက်လာသည့် ဓါတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးလုပ် ငန်းသုံး သွင်းကုန်ပစ္စည်းများ၏စျေးနှုန်းမှာ ယခုအတိုင်းဆိုလျှင် စျေးကျလာနိုင် ခြေကိုမတွေ့ရကြောင်း ကိုရန်လင်းက သုံးသပ်သည်။

ယင်းသို့သော အခြေအနေများကြောင့် စပါးစိုက်မ ည့်လယ်သမားများမှာ ၎င်းတို့၏ လယ်ယာမြေများကို ထွန်ယက် ခြင်းမပြုတော့ဘဲ ကွက်လပ်ချန်ထားလိုက်ကြသူများပင် ရှိလာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂမှ ဦးအောင်ကျော်မြက မှန်းဆသည်။

ယင်းအပြင် လယ်သမားအားလုံးနီးပါးမှာ လိုအပ်သ ည့်ပမာဏအတိုင်း မြေဆီ၊မြေဩဇာတို့ကို မသုံးကြတော့မည်မှာလည်း အသေအချာပင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။မြေဩဇာအပါအဝင် လိုအပ်သော သွင်းအားစုများ ဝယ်နိုင်ရန်အတွက် အစိုးရ၊လယ် ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသော စိုက်ပျိုးစရိတ်ချေးငွေများကို အားကိုးမည်ဆိုပါက လည်း ရခိုင်ပြည်နယ်အတွင်းမှ ၈၅ ရာခိုင်နှုန်ခန့်သော လယ်သမားများမှာ စိုက်ပျိုးစရိတ်ချေးငွေ မရကြပေ။

ကိုဗစ်ကာလအကြပ်အတည်း၊စစ်ပွဲကာ လအကြပ်အတည်းများကြောင့် တောင် သူများမှာ စိုက်ပျိုးစရိတ် ချေးငွေကို ပြန်မဆပ်နိုင်ခဲ့ကြပေ။ယင်းသို့ ပြန်မဆပ်သောသူများကို စိုက်ပျိုးရေးဘဏ်မှ ထပ် မံထုတ်ချေးခြင်းမျိုးမရှိပေ။ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဆိုလျှင် ချေးငွေဆပ်သူ ၁၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ဟု ဆိုသည်။

“လယ်သမားတွေအတွက် အခက်အခဲဆုံး အချိန်ပဲ စဉ်းစားရာနည်းလမ်းမရှိဘူး” ဟု စပါးစိုက်တောင် သူ ဦးစံထွန်း ကျော်က ပြောသည်။

ယင်းပြသနာများအား ကူညီဖြေရှင်းရန် လယ်သမားများက အစိုးရအားတောင်းဆိုကြသည်။ရခိုင်ပြည် နယ်အစိုးရ အဖွဲ့မှ ပြောခွင့်ရ ဦးလှသိန်းကမူ ဓါတ်မြေဩဇာစျေးနှုန်းကြီးမြှင့်မှုကြောင့် သဘာ၀မြေ ဩဇာ ပြုလုပ်နည်းများကို သက်ဆိုင်ရာမြို့နယ်အ လိုက် အသိပညာပေးခြင်းတို့ လုပ်ဆောင်ပေးနေသ ည်ဟု ဆိုသည်။

သို့သော်ထိရောက်သည့်အသိပညာပေးမှုများ မတွေ့ရကြောင်း လယ်သမားတစ်ချို့က မြေပြင်အခြေ အနေကို ပြောကြ၏။

သဘာ၀မြေဩဇာကို ချက်ချင်းအစား ထိုးမည်ဆိုသည့်ကိစ္စမှာလည်း လက်တွေ့တွင် မဖြစ်နိုင်ကြော င်း ကိုယ်တိုင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ် ကိုင်နေသည့် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ် သမားများသမဂ္ဂမှ ဦး အောင်ကျော်မြက ပြောသည်။

ဓါတ်မြေဩဇာကို နှစ်ပေါင်းများစွာ စနစ်တကျမဟုတ်ဘဲ စည်းကမ်းမဲ့စွာ အလွန်အကျွံသုံးလာခဲ့သည့် ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာမြေများတွင် သဘာ၀မြေဩဇာအသုံးပြုနိုင်ရန် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပျက်စီးနေသော မြေများတွင် ဓါတ်မြေဩဇာမသုံးလျှင် အထွက်နှုန်းမှာ သိသိသာသာလျှော့ကျသွားနိုင်ကြောင်းလည်း ခန့်မှန်းကြသည်။

ထို့ကြောင့် စိုက်ပျိုးရေးသွင်းကုန်တို့၏ စျေးနှုန်းများ ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်း အတာအားဖြင့် စပါးထွက်ကုန်ပမာဏမှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျလာနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင် ရာတောင်သူလယ်သမားများသမဂ္ဂက ကြိုတင်ခန့်မှန်းထားသည်။

“ဒီအတိုင်းဆိုရင် ကျွန်တော်တို့လယ် သမားတွေ အောက်ဆုံးကို ရောက်သထက်ရောက်လာနိုင်ပါတယ်။လယ်သမားတွေ အကြပ်အတည်းဖြစ်ရင် ကျန်တာတွေလည်း အကုန်လုံးအခက်အခဲဖြစ်မှာ”ဟု ဦးအောင်ကျော်မြက ဆိုသည်။

ဆောင်းသီနှံစိုက်ခဲ့သည့် ဒေါ်လုံးလုံးမှာ ဓါတ်မြေဩ ဇာ၊စက်သုံးဆီတို့အပါအ ဝင် စိုက်ပျိုးရေးသွင်းကုန်တို့၏ စရိတ်ကြီးမြင့်မှုကြောင့် မြတ်သင့်သလောက် အမြတ်မရခဲ့၍ အခက်အခဲကြုံနေရသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် အခြေခံစားသောက်ကုန်စျေးများ ခေါင်ခိုက်နေသည့်အချိန်တွင် ဝမ်းရေးအတွက် လုပ်ကိုင်ကြရသည့် စိုက်ပျိုး ရေးလုပ်ငန်းများမှာလည်း အမြတ်နည်းလေတော့ စိုက်ပျိုးရေးတောင်သူတို့အဖို့ စားဝတ်နေရေးအခ က်ကြုံကြရတော့သည်ဟု ၎င်းတို့က ရင်ဖွင့်ကြသည်။

မိုးရာသီစပါးစိုက်မည့်တောင်သူများမှာလည်း ဆော င်းသီးနှံစိုက်တောင်သူတို့ကဲ့သို့ပင် အခက်အခဲဖြစ် လာနိုင်မည်ကို ကြိုတင်ပူပန်နေရုံကလွှဲ၍ မည်သို့မျှ မတတ်နိုင်ကြ။

“ကူညီမယ့်သူကို မျှော်နေရတာပဲ ရှိမယ် ။ကျန်တာ ဘာမှမတတ်နိုင်ကြဘူး။”ဟု ဦးအောင်ကျော်မြက ပြောနေတော့

သည်။

https://www.facebook.com/permalink.php?story_fbid=169680225474292&id=107469705028678

Leave a Reply

Your email address will not be published.