စစ်တွေတွင် ယာဉ်မတော်တဆဖြစ်၍ အမျိုးသား ၂ ဦးသေဆုံး

By Narinjara / 2022 May 10

ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၊ Tin Nyein Oo Facebook

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယာဉ်မတော်တဆဖြစ်၍ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် ၃၀ အရွယ်နှင့် ၄၀ အရွယ်ဝန်းကျင်ဖြစ်ပြီး ယမန်နေ့ မေလ ၉ ရက် ည ၁၁ နာရီကျော်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ မူလွန် အ.မ.က (၁၅)ရှေ့၌ ၎င်းတို့ မောင်းလာသည့် ကားမှာ အရှိန်မထိန်းနိုင်၍ ပလပ်ဖောင်းအောက်လမ်းဘေးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာသေဆုံးသွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ယာဉ်မောင်း ကိုဒေးဗစ်က ပြောသည်။

“တစ်ယောက်က ဆေးရုံပို့နေတဲ့ အချိန်မှာ ဆုံးသွားတာ။ နောက်တစ်ယောက်က ဆေးကုသခံနေရင် ဆုံးသွားတာပါ။ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပါဘူး”ဟု ယနေ့နံနက်က ပြောသည်။

သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းအား စစ်တွေဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၂၃ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၂၈၇ ဦး အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

https://www.facebook.com/narinjara.info/posts/5448232658522100

Leave a Reply

Your email address will not be published.