By Narinjara / 2022 May 18
ရခိုင်ပြည်တောင်ပိုင်း ဂွကမ်းခြေတွင် အကောင်အထည်ဖော်လျက်ရှိသော ရွှေရတီကမ်းခြေ မြို့သစ်စီမံကိန်း အရောင်းပြပွဲကို ရန်ကုန်မြို့တွင် မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
၎င်စီမံကိန်းကို ၁၄ဧကနီးပါးကျယ်ဝန်းသော ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေပြီး ဤအပန်းဖြေဇုန်တွင် နိုင်ငံ တကာ အဆင့်မီရွှေရတီဟိုတယ်၊ အပန်းဖြေ Facility များ ပြီးပြည့်စုံစွာ ပါဝင်သော Clubhouse နှင့် Infinity Swimming Pool တို့ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးကမ်းခြေ မြို့သစ် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူများကို ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်း အရောင်းပြပွဲအခမ်းအနားကို ဖိတ်ကြားထားကြောင်း အဆိုပါ စီမံကိန်း၏ ပေ့ချ်တွင် ဖော်ပြထာသည်။
မြေကွက်များကို ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်းရဲ့ လူနေဇုန် (၇) ခုမှာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း၊ မြေကွက်စျေးနှုန်းများမှာ View အရသော်လည်းကောင်း၊ စတုရန်းပေ အနည်းအများ ပေါ်မူတည်၍ သော်လည်းကောင်း ကွာခြားသွားမည် ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြသည်။
၎င်းအရောင်းပြပွဲကို – Private Thai Room, Level 4, Wyndham Grand Yangon Hotel တွင် ပွဲအချိန် – မနက်(၉)နာရီ မှ ညနေ(၅)နာရီ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
https://www.facebook.com/narinjara.info/posts/5471052019573497