ခွဲထွက်တာမျိုးလုံး၀လုပ်မှာမဟုတ်ဘဲ မိမိကိုမိမိ အုပ်ချုပ်သွားမယ်လို့ ၀တပ်ဖွဲ့တင်ပြ

By Boder News Agency (BNA) / 2022 May 31

နိုင်ငံတော်က ခွဲထွက်တာမျိုးလုံး၀ပြုလုပ်မှာ မဟု တ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနဲ့သံတမန်ရေးကလွဲပြီး မိမိကိုမိမိ စီမံအုပ်ချုပ်သွားမယ်လို့ ၀ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီဥက္ကဌထံ တင်ပြ ပြောဆိုပါတယ်။

၀လက်နက်ကိုင်တပ်ဖွဲ့(UWSA)နဲ့ စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်မှာ တင်ပြပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး မေလ ၃၁ ရက်မှာ အဲဒီလို ထုတ်ပြန်ထားပြီးနိုင်ငံတော်ကို ပြိုကွဲစေခြင်း၊ခွဲထွက်ခြင်း လုံး၀ပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

အဲဒီအပြင် အခြားတိုင်းရင်းသားပြည် နယ်နဲ့တန်းတူ ရည်တူသော ”၀” အမျိုး သားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ဖို့အတွက်လည်း တောင်းဆိုထားပါတယ်။

အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ပြည်နယ်အဆင့်၊ပြည် ထောင်စုအဆင့် ငြိမ်းချမ်း ရေးစာချုပ်ကို ဆက်လ က်လိုက်နာပြီး ထိန်းသိမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီအချက်တွေဟာ ၀ပြည်နယ်အတွင်းရှိ လူခြော က်သိန်းသော ပြည်သူတစ်ရပ်လုံးရဲ့ စိတ်ဆန္ဒဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပက်သက်ပြီးတော့လည်း “အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ၊ဗမာတိုင်းရင်း သားများ၏အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပက်သက်မည် မဟုတ်ပါ။”လို့ ၀ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က ဆိုထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=171184925323822&id=107469705028678

Leave a Reply

Your email address will not be published.