ULA/AA အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့ရာခိုင်နှုန်းကို ပြောရခက်ခဲနေသေ

By Boder News Agency (BNA) / 2022  April 05

(ဓာတ်ပုံ-ယခုဧပြီလ ၂ ရက်နေ့၊နံနက်ကမြောက်ဦးမြို့ပေါ်တွင် အမှိုက်ကောက်နေကြသော စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တချို့/BNA)

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့ရာခိုင်နှုန်းကို ပြောရခက်နေသေးတယ်လို့ ဆိုပါတယ်။

ဧပြီလ ၅ ရက်၊ဒီနေ့ပြုလုပ်တဲ့ ULA/AA ရဲ့ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲမှာ BNAသတင်းဌာနရဲ့မေးခွန်းကို ခိုင်သုခက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပြီးတော့ လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးရာသီ ဥတုအခြေနေအရ မြန်မာနိုင်ငံတစ်ခုလုံးမှာ အပြည့် အဝယုံကြည်စိတ်ချရတဲ့လုံခြုံတယ်ဆိုတဲ့ နေရာကတော့ မရှိသေးဘူးလို့ ဆက်ပြောခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ဒေသမှာတော့ လက်ရှိမြန်မာနိုင်ငံတစ်ခုလုံးမှာ ပွပွဆူအောင်အခြေအနေတွေဖြစ်နေပေမယ့် ရခိုင်ဒေသကိုတော့ အတိုင်းအတာတစ်ခုထိ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်လို့ ထိန်းထားနိုင်တဲ့အနေအထားရှိတယ်လို့လည်း ပြောပါတယ်။

“ဘယ်လောက်ထိ အကာအကွယ်ပေးနိုင်လဲဆိုတာကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေကို တတ်နိုင်သလောက် စွ မ်းအားရှိသလောက်တော့ အကာကွ ယ်ပေးသွားမှာဖြစ်ပါတယ်။ဒါပေမယ့် ရာခိုင်နှုန်းနဲ့ ပြောဆိုလို့ရှိရင် ဒီကိစ္စကအဆင်မပြေပါ။အဲဒါကြော င့် ကျနော်တို့ အတတ်နိုင်ဆုံး၊အကောင်းဆုံး ကာကွယ်ပေးသွားဖို့ရှိသလို ဆက်လက်ပြီးတော့လည်း အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။”လို့ ခိုင်သုခက ဆိုပါတယ်။

ULA/AA ရဲ့ နာမည်ကိုသုံးပြီးတော့ မရိုးမသားလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေရှိနေပြီးတော့ အဲလိုအဖွဲ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်နေတဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးစစ်ဆေးပြီးတော့ ပြ စ်မှုထင်ရှားလို့ရှိရင် အရေးယူနေတာက ULA/AA ရဲ့ မူဝါဒဖြစ်တယ်လို့ ဆက်ပြောပါတယ်။လက်ရှိမှာလည်း ဖမ်း ဆီးအရေးယူအပြစ်ပေးထားတာတွေရှိနေတယ်လို့ ဖြေဆိုပါတယ်။

အဲဒါကြောင့် ULA/AA နာမည်ကို အသုံး ပြုပြီးတော့ အဖွဲ့ရဲ့ပုံရိပ်ကို ကျဆင်းအောင် လုပ်တဲ့လူတွေရှိနေသမျှကာလပတ်လုံး အဲဒီလူတွေကို ရှာဖွေစုံစမ်းပြီးတော့ ဖော်ထုတ်အရေးယူတာတွေကို ဆက်လုပ်သွားဖို့ရှိတယ်လို့ ဖြေကြားခဲ့ ပါတယ်။

ULA/AA ရဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ BNA သတင်းဌာနအနေနဲ့ ULA/AA ဟာ ရခိုင်ပြည်သူတွေရဲ့ လုံ ခြုံမှုနှင့်ပတ်သက်လို့ ဘယ်လော က်အတိုင်းအတာထိ အာမခံချက်ပေးနိုင်ပြီလဲ။လတ် တလော ရခိုင်မှာ AA ဆိုပြီး အမည်ခံနေတဲ့ လူတစ်စုနဲ့ ပတ်သက်လို့ အရေးယူဖို့ အစီစဉ်ရှိ၊မရှိ ကြိုတင်မေးခွန်းနှစ်ခုကို မေးမြန်းခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ သေနတ်အပါအဝင် လက် နက်တွေကိုင်ထားတဲ့ လူတစ်စုက အုပ်စုဖွဲ့ရမ်းကားတာ၊မကျေနပ်ရင် မကျေနပ်သလို ဖမ်းဆီးတာ၊ ရိုက်နှက်တာတွေကို ကြုံတွေ့လာရတဲ့အတွက် ပြည်သူတွေအကြား အသက်၊အိုးအိမ်၊စည်းစိမ်တွေရဲ့ လုံခြုံမှုကို စိုးရိမ်ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့ညက စစ်တွေမြို့၊ဓညဝတီရပ်ကွက်က နေအိမ်တစ်လုံးကို ဒုတ်၊ဓား၊သေနတ်တွေကိုင်ဆောင်ထားတဲ့ လူသုံးဆယ်ခန့်က နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ပြီးတော့ အမျိုးသမီးတစ်ဦးနဲ့သူ့မရဲ့သားဖြစ်သူ အမျိုးသားတစ်ဦးကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတာ၊အရေးယူတာတွေ မကြားရသေးဘူးလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

“ဒီလိုအနေအထားမှာ ကိုယ့်လုံခြုံရေးကိုယ်ပဲ ဂရုစို က်ရတော့မယ်။လုံခြုံရေးကို ပိုသတိထားရမယ့် အနေအထားဖြစ်နေပြီ။”လို့ ရခိုင်ဒေသခံတစ်ဦး ကပြောပါတယ်။

ခေတ်အဆက်ဆက်ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးနိုင်တဲ့ အစိုးရတွေမရှိသလောက်နည်းပါးခဲ့သလို လက်ရှိမှာလည်း ရခိုင်ပြည်သူတွေဟာ ဥပဒေစိုးမိုးမှုမရှိတဲ့ ခေတ်ပျက်တစ်ခုကိုရောက်နေတယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။

ဒါပေမယ့် ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခကတော့ ရခိုင်ပြည်သူတွေရဲ့လုံခြုံမှုကို အတတ်နိုင်ဆုံး၊အကော င်းဆုံးကာကွယ်ပေးသွားမယ်လို့ သတ င်းစာရှင်းလင်းပွဲမှာ ဖြေဆိုထားပါတယ် ။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဖက်ကတော့ ရခိုင်ပြည်ကို ၆၀ ရာခိုင်နှုန်းလော က်ထိ ထိန်းချုပ်လွှမ်းမိုးထားပြီး အုပ်ချုပ်ရေး၊တ ရားစီရင်ရေးတွေကိုလည်း ဆောင်ရွက်နေကြပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်ကလည်း ရခိုင်ရှိ မြို့နယ်အားလုံးတွင် ရဲ၊စစ်သား၊လက်နက်အင်အားတွေနဲ့ ကင်းလှည့်ခြင်း၊စစ်ဆေး

ခြင်းတွေဆောင်ရွက်နေပေမယ့် ဒေသခံပြည်သူ တွေကတော့ စိတ်ရောကိုယ်ပါမလုံခြုံမှုတွေကိုခံစားကြုံတွေနေကြရတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=158318073277174&id=107469705028678

Leave a Reply

Your email address will not be published.