By Boder News Agency (BNA) / 2022 April 05
ရခိုင်တွင် ULA/AAရဲ့တရားစီရင်ရေးလုပ်ငန်းတွေမှာ ဗြိတိသျှဥပဒေတွေထဲကတချို့ကို အဓိကအသုံးပြုနေတယ်လို့ ဧပြီလ ၅ ရက်၊ဒီနေ့ပြုလုပ်ခဲ့တဲ့သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
”အရင်ဗြိတိန်လက်ထက်က သုံးခဲ့တဲ့ ဥပေဒေတွေထဲက ကျွန်တော်တို့ သုံးသင့်သုံးထိုက်တဲ့ ဥပေဒေတွေကို ပြန်ယူပြီးသုံးနေကြတာဖြစ်ပါတယ်။နောက်ပြီးတော့ ကျွန်တော်တို့မှာ ချထားတဲ့ အခုလက်ရှိ Rule and Regulation အပေါ်မှာအခြေခံပြီး ကျွန်တော်တို့ ကျင့်သုံးနေတာဖြစ်ပါတယ်။” လို့ ရက္ခိုင့်အမျိုး သားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော်(ULA/AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေတွေထဲက သင့်တော်တဲ့ဥပဒေတချို့ကိုလည်း ရခိုင်ပြည်တွင်း တရားစီရင်ရေးပိုင်းမှာ ထည့်သွင်းကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
”ဒီမြန်မာနိုင်ငံထဲမှာ ကျင့်သုံးနေတဲ့ ရာဇဝတ်ကျင့် ထုံးဥပေဒေတွေ။နောက်ပြီးတခြားတည်ဆဲဥပဒေတွေအားလုံးကို ကျွန်တော်တို့က ဖျက်လိုက်တာတော့ မဟုတ်ပါဘူး။လောလောဆယ်ကျွန်တော် တို့ အဲဒီဥပေဒေတွေကိုကိုင်ပြီး ဆက်လက်ပြီးသင့်တော် တာတွေကို ယူပြီးကျင့်သုံးနေတာဖြစ်ပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
ရခိုင်မှာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးပိုင်းတွေကို ဆောင်ရွက်ရာမှာလည်း အောက်ခြေက အကျင့်ပျက်ခြစားမှုတွေကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနေပြီး ULA/AA အမည်ကို အသုံးချကာ ရခိုင်ပြည်တွင်း လှုပ်ရှားနေသူများကိုလည်း ရှာဖွေစုံစမ်းပြီး အရေးယူမှုတွေပြုလုပ် သွားဖို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
https://www.facebook.com/permalink.php?story_fbid=158268856615429&id=107469705028678