By Boder News Agency (BNA) / 2022 April 11
ရက္ခိုင့်တပ်တော်(AA)အနေနဲ့ စစ်တပ်က အာဏာ သိမ်းပြီးနောက် ပေါ်လာတဲ့လက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံးငါးခုကို လက်နက်ပံ့ပိုးတာ၊စစ်သင်တန်းပေးတာတွေအပါအဝင် စစ်ရေးအကူအညီတွေပေးခဲ့တယ်လို့ အကူအညီရယူခဲ့တဲ့ ကာယကံရှင်အဖွဲ့တွေက ထုတ်ဖော်ပြောဆိုကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့တည်ထောင်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနားသို့ပေးပို့လာကြတဲ့ အဲဒီလက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့တွေသဝဏ်လွှာတွေမှာ AA ရဲ့ စစ်ရေးအကူအညီပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ထည့်သွင်းဖော်ပြထားကြတာဖြစ်ပါတယ်။
AA ဆီကနေ စစ်ရေးအကူအညီရခဲ့ကြောင်း ထုတ် ဖော်ပြောဆိုထားတဲ့အဖွဲ့တွေကတော့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာနယ်မြေကာကွယ်ရေးတ ပ်ဖွဲ့(MATC/MDF)၊ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊အာဏာရှင်တော်လှ န်ရေးပြည်သူ့တပ်မ တော်(ARPA)၊ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်း သားသမဂ္ဂများ(တကသများ -ရန်ကုန် )/ကျောင်း သားလက်ရုံးတပ်တော် (က.လ.တ)၊လူထုတော်လှန် ရေးမဟာမိတ်(PRA-Magway) တို့ဖြစ်ကြပါတယ်။
စစ်ရေးဆိုင်ရာအကူအညီဆိုတဲ့အထဲမှာ စစ်သင် တန်းပေးတာ၊လက်နက်ပံ့ပိုးကူ ညီပေးတာ၊စစ်ရေးဆိုင်ရာဗျူဟာတွေ အကြံပေးတာစတဲ့အချက်တွေ ပါဝင်တယ်လို့ သူတို့ရဲ့သဝဏ်လွှာတွေမှာ အသီးသီးဖော်ပြထားကြပါတယ်။
ဒီလို နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ရေးဆိုင်ရာအကူညီပေးတာတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ဖက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။
သူတို့ရဲ့သဝဏ်လွှာတွေထဲမှာ “ရက္ခိတလမ်းစဉ်နဲ့ ပန်းတိုင်ကို အင်တိုက်အား တိုက်ချီတက်နေတဲ့ ရက္ခိုင့်တပ်တော် (AA)ကို အားရဖွယ်တွေ့မြင်နေရပြီး ၎င်းတို့တော်လှန်ရေးအင်အားစုတွေရဲ့ အားကျအ တုယူဖွယ်ရာဖြစ်ကြောင်း” ဖော်ပြကြပါတယ်။
ဒါ့အပြင် “AA နဲ့အတူ ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ အတူတကွ ချီတက်တို က်ပွဲဝင်သွားဖို့ အဆင့်သင့်ရှိကြောင်း” ၊ “ရခိုင်လူထုအတွက် မှန်ကန်တဲ့ဦး ဆောင်မှုနဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို လျှင်မြန်စွာ ရောက်ပါစေကြောင်း” “မကြာတော့တဲ့ ရှေ့ကာလတခုအ တွင်း လွတ်လပ်ပြီးအချုပ်အခြာအာဏာတည်မြဲတဲ့ ရခိုင်နိုင်ငံတော်ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ် ကြောင်း” စတဲ့ ပြောဆို၊ဆုမွန်တောင်းထားကြပါတယ်။
ULA/AA ရဲ့ တည်ထောင်ခြင်း ၁၃ နှစ်ပြည့်တပ်တော်မွေးနေ့အခမ်းအနားသို့အဲဒီတော်လှန်ရေးအဖွဲ့ ငါးခုအပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ် ပေါက်လာခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဆယ်ဖွဲ့၊ AA ရဲ့ညီနောင်မဟာမိတ်အဖွဲ့ နှစ်ဖွဲ့၊နိုင်ငံရေးပါတီတစ်ခုနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတရုံးနဲ့ ကာကွယ်ရေး၀န်ကြီးဌာနတို့က သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
အဲဒီအဖွဲ့တွေအပြင် အမည်ဖော်ပြဖို့စောနေသေးတဲ့ အဖွဲ့အစည်းတစ်ချို့ဆီက ပေးပို့လာတဲ့သဝဏ်လွှာတွေကိုလည်း လက်ခံရရှိထားကြောင်း၊သဝဏ်လွှာပေးပို့ကြတဲ့အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်း ULA/AA က ထုတ်ပြန်ထားပါတယ်။
AA ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးမှာ အဖွဲ့တစ်ခုအနေနဲ့မပါဝင်ပေမယ့် မဟာမိတ်တပ်တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေပြီး ဖိနှိပ်ခံနေကြရတာတွေကို ကိုယ်ချင်းစာကြောင်း၊ဖိနှိပ်ခံအခြေအနေက လွတ်မြောက်ဖို့ ကြိုးစားနေတာတွေကိုလည်း လေး စားအသိ အမှတ်ပြုကြောင်း AA ရဲ့ ပြောရေးဆိုခွင့် ရှိသူခိုင်သုခက မတ်လကပြုလုပ်ခဲ့တဲ့ လစဉ်သတ င်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=159597679815880&id=107469705028678