၃ နှစ်ကြာ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် သျှစ်သောင်းဘုရားပွဲကို ယခုနှစ်တွင်ပြန်လည်ကျင်းပမည်

By Western News/ 2022 April 28

ဒေသတွင်မတည်ငြိမ်မှုနှင့် ကိုဗစ်အခြေနေတို့ကြောင့် ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့သည့် သျှစ်သောင်းဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု သျှစ်သောင်းဘုရားဂေါပက အဖွဲ့ထံမှသိရသည်။

ဘုရားပွဲတော်ကို မေလ ၁၃ ရက် မှ  ၁၆ ရက်အထိကျင်းပမည်ဖြစ်ပြီး ဇာတ်ပွဲထည့်သွင်းထားခြင်းမရှိဘဲ ပဌာန်းရွတ်ပူဇော်ပွဲ၊ ရိုးရာကျင်ပွဲနှင့် ပြိုင်လောင်းပွဲတို့ကိုသာ ထည့်သွင်းထားသည်ဟု သျှစ်သောင်းဂေါပက အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးဘစိန်က Western News ကိုပြောသည်။

“ဒီနှစ် သျှစ်သောင်းပွဲကို ညည့်ပွဲမပါဘဲကျင်းပဖို့လုပ်ထားပါတယ်။ ပဌာန်းရွတ်ဖတ်ပူဇော်မယ်။ ရိုးရာကျင်ပွဲပါမယ်။ ပြိုင်လောင်းပြိုင်ပွဲပါပါမယ်။ ညဉ့်ပွဲမပါတာကတော့ ဒေသအခြေအနေအရရယ် ဆရာတော်ကြီးရဲ့ သြဝါဒတွေအရရယ်တွေကြောင့် မထည့်သွင်းဖြစ်ဘူးပေါ့။ ဘုရားပွဲကတော့ ကဆုန်လဆန်း ၁၄ ရက်ကနေ လပြည့်ကျော် ၂ ရက်နေ့အထိကျင်းပပါမယ်” ဟုပြောသည်။

သျှစ်သောင်းပွဲတော်ကို ဒေသတွင်းတည်ငြိမ်စဥ်ကာလက ဇာတ်ပွဲအပါအဝင် ရိုးရာပွဲတော်များဖြင့် နှစ်စဥ်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး ၂၀၁၉ ခုနှစ်မှစ၍ ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်အခြနေတို့ကြောင့်၂၀၂၁ ခုနှစ်အထိ ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/511690463970796

Leave a Reply

Your email address will not be published.