ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် ပေးမည်

By Western News/ 2022 April 29

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပ​ဒေ ဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် သံတွဲဒေသခံ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုအား လာမည့်ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်ပေးသွားမည်ဟု အမှုလိုက်ပါဆောက်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ယနေ့ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိနေသည့် တရားခံပြ သက်သေတစ်ဦးကို ပယ်လိုက်တာကြောင့် စစ်ဆေးမှုမရှိခဲ့ဘဲ လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးသွားမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။

” ဒီနေ့ရုံးချိန်းမှာတော့ နောက်ဆုံး ကျန်ရှိနေတဲ့ တရားခံပြသက်သေတစ်ဦးကို ကျွန်မတို့ စွပ်စွဲခံရတဲ့သူရဲ့ ရှေ့နေဖက်ကပယ်လိုက်တာကြောင့် စစ်ဆေးမှုမရှိခဲ့ဘူး။ လာမည့် မေလ ၅ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်တွေပေးသွားမှာပါ” ဟုပြောသည်။

ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်အောက်တိုဘာလကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ငပလီမြို့ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုအပါဝင် လိုပြသက်သေ ၁၃ ဦးနှင့် ရုံးခေါ်သက်သေတစ်ဦးပါဝင်သည်။

ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ၅ ဦးရှိပြီး ဖမ်းဆီး တရားရင်ဆိုင်နေရသူ ၁၀ ဦးခန့်နီးပါးရှိသည်။

https://www.facebook.com/westernnewsagency/posts/512256777247498

Leave a Reply

Your email address will not be published.