ဦးညီပုနဲ့ ဦးမင်းအောင်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုကို မနက်ဖန်ရုံးချိန်းမှာအပြီးသတ်အမိန့်ချဖို့ရှိနေ

By Boder News Agency (BNA) / 2022  April 05

(ဓာတ်ပုံ-ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု/BNA)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ရင်ဆိုင်နေရတဲ့ ရွေးကော က်ပွဲဆိုင်ရာ အမှုအတွက် ဧပြီ ၆ ရက်၊မနက်ဖြန်

အပြီးသတ်အမိန့်ချတော့မယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေက ပြောပါတယ်။

သူတို့ကို့ ယမန်နေ့ ဧပြီလ ၄ ရက်နေ့မှာ စစ်တွေအ ကျည်းထောင်အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီးတဲ့နောက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရပါတယ်။

သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေဦးကျော်စိုးလင်းက ” မနေ့ကရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေလျှောက်လဲချက်ပေးကြပါတယ်။ မနက်ဖန်အမိန့်ချပါမယ်” လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့  တရားစွဲဆိုခံထားရတဲ့အပြင်  ဦးမင်းအောင်ကိုတော့ မဲမသမာမှုပြုလုပ်ဖို့အတွက် အားပေးကူညီတဲ့စွဲချက်နဲ့ ပုဒ်မ ၁၃၀ (က) အပြင် ပုဒ်မ ၁၀၉ နဲ့ပါ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဦးညီပုနဲ့ ဦးမောင်အောင်တို့ကို မနက်ဖန် အပြီးသတ် အမိန့်ချမယ့် ရုံးချိန်းနဲ့ပတ်သက်ပြီး တရားမျှတမှုကို လိုလားတယ်လို့ ဦးညီပုရဲ့ မိသားစုက ပြောပါတယ်။

ဦးညီပုရဲ့သမီး မကြည်ကြည်ဦးက ” အဖေတို့ကို မနက်ဖန်အမိန့်ချမယ်ဆိုတာ သိထားပါတယ်။ အဲဒီအတွက်လည်း ဘာမှမမျှော်လင့်ထားပါဘူး။ အဖေ့ကို ပြန်လွှတ်ပေးစေချင်တယ်။” လို့ ဆိုပါတယ်။

သူတို့နှစ်ဦးမှာ ရွေးကောက်ပွဲဆိုင်ရာ အမှုမတိုင်မီကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေနဲ့ ဦးညီပုကိုထောင်ဒဏ်ကိုးနှစ်နဲ့ ဦးမင်းအောင်ကို ထောင်ဒ ဏ်ခုနှစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဆက်လက်ပြီး ဦးညီပုဟာ  နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့လည်း အလုပ်ကြမ်းနဲ့  ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=158294433279538&id=107469705028678

Leave a Reply

Your email address will not be published.