အေအေနဲ့ခရီးအတူသွားနေတယ်လို့ NUG ပြော

By Boder News Agency (BNA) / 2022  April 19

(ဓာတ်ပုံ-ရခိုင်တွင်တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တစ်ဦး/အေအေ)

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဟာ ရက္ခိုင်တ ပ်တော်(AA)နဲ့ တော်လှန် ရေးခရီးမှာအတူတူသွားနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောတာကို RFA က ဖော်ပြပါတယ်။

အဲဒီမှာ ဦးရည်မွန်က” အခုအချိန်ထိတော့ ကျနော်တို့ဟာ တစ်လှေတည်းစီးနေတယ်လို့ မပြောနိုင်ပေမယ့် တစ်ခရီးတည်းသွားနေတဲ့ မိတ်ဆွေကောင်တွေလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က အေအေတည်ထောင်တဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အေအေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တချို့ကိုလည်း စစ်ရေးဆိုင် ရာ အကူအညီတွေပေးခဲ့တာရှိတယ်လို့ အေအေတ ည်ထောင်တဲ့ ၁၃ နှစ်ပြည့်နေ့မှာ သဝဏ်လွှာပေးပို့ချက်တွေမှာ ဖော်ပြထားကြပါတယ်။

မြန်မာပြည်စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြ ည်သူတွေရဲ့ခုခံတော်လှန်စစ်ပွဲတွေ တစ်နိုင်ငံလုံးအနှံ့ပေါ်ပေါက်နေပါတယ်။

https://www.facebook.com/permalink.php?story_fbid=161401669635481&id=107469705028678

Leave a Reply

Your email address will not be published.