By Western News/ 2022 April 23

ါတီတွင် မည်သည့်အာဏာရှင်နှင့်မှ မပူးပေါင်းဟု မူဝါဒချမှတ်ထားသောကြောင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီတာဝန်ရှိသူများက ယနေ့တွင်ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကို ဧပြီလ ၂၅ ရက်နေ့မတိုင်မီ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာရောက်စစ်ဆေးခံရန် ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သည်။
ပါတီကို စစ်ဆေးမှုတွေပြုလုပ်ချင်လျှင် ပါတီရုံးချုပ်မှာ လာရောက်စစ်ဆေးနိုင်ပြီး ပါတီ၏ မူဝါဒအရ မည်သည့်အာဏာရှင်နှင့်မှ မပူးပေါင်းဟု ဆုံးဖြတ်ထားသောကြောင့် သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက Western News ကိုပြောသည်။
“ကျွန်တော်တို့ကတော့ သွားရောက်စစ်ဆေးခံဖို့မရှိဘူး။ သူတို့က စစ်ဆေးချင်တယ်ဆိုရင် ကျွန်တော်တို့ပါတီရဲ့ ဌာနချုပ်ရုံးရှိတဲ့ ကျောက်တော်မှာ လာရောက်စစ်ဆေးလို့ရတယ်။ နိုင်ငံရေးပါတီများဆိုင်ရာ ထုတ်ပြန်ထားတဲ့ ဥပဒေစာအုပ်မှာ နိုင်ငံရေးပါတီများဆိုင်ရာဖွဲ့စည်းခြင်း ဥပဒေမှာ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူစစ်ဆေးတိုင်းလာရမယ်ဆိုပြီး မပါဘူး။ နောက်တစ်ခုက ကျွန်တော်ပါတီတို့မှာ မည်သည့်အာဏာရှင်နဲ့မှ မပူးပေါင်းဘူးလို့မူဝါဒ တစ်ခုချပြီးတော့ရှိတယ် အဲဒါကြောင့် မသွားတာဖြစ်တယ်” ဟုပြောသည်။
ယခုကဲ့သို့ လာရောက် စစ်ဆေးခြင်း မခံမှုအပေါ် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အာဏာသုံးပြီး ပါတီများကို ဖျက်သိမ်းအရေးယူမည်ဆိုလျှင် အရေးယူခံသွားမှာဖြစ်ပြီး သွားရောက်စစ်ဆေးခံသွားမည်မဟုတ်ဟု သူကဆက်ပြောသည်။
ပါတီ၏ စာရင်းများအား လာရောက်စစ်ဆေးခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၄ (ဂ)၊(ဃ)၊(င)တိုဖြင့် အရေးယူဆောက်ရွက်သွားမည်ဟုပါရှိသည်။
ပြီးခဲ့သည့် မတ်လတုန်းက တစ်ကြိမ်ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် လာရောက်စစ်ဆေးခံရန် ညွန့်ကြားခဲပြီး လာရောက်စစ်ဆေးခြင်းမခံသောကြောင့် ဒုတိယအကြိမ် လာရောက်စစ်ဆေးခံရန်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအား ဆန့်ကျင့်မှုများကြောင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား နိုင်ငံတော် ကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မဲစာရင်းမသာမာမှုကြောင့်ဟုဆိုကာ စစ်တပ်မှအာဏာသိမ်းယူမှုပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ရွေးကောက်ခံပါတီများအား စာရင်းဇယားများ လာရောက်စစ်ဆေးခံရန် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီများသို့ အသိပေးအကြောင်းကြားမှုတို့ပြုလုပ်ခဲ့သည်။
ထိုသို့ ဆက်သွယ်အကြောင်းကြားပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်၍ စစ်ဆေးရာ ၂၀၂၂ ခုနှစ် မတ်လအထိ ၈၃ ပါတီစစ်ဆေးပြီး အသိပေးအကြောင်းကြားထားသည့်ပါတီများအနေဖြင့် လာရောက်စစ်ဆေးမှုမခံယူလျှင် အရေးယူဆောင်ရွက်သွားရန်ရှိသည်ဟု စစ်ကောင်စီ၏ မတ်လ ၂၄ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။
https://www.facebook.com/westernnewsagency/posts/508356470970862