By Boder News Agency (BNA) / 2022 April 30

ရခိုင်ပြည်နယ်၊အမ်းမြို့မှာ စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် နောက်ထပ်နေအိမ်တွေ ဖြိုဖျက်ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧပြီလ ၂၉ ရက်မနေ့ကစလို့ ဖြိုဖျက်ပေနေရတာဖြစ်ပြီး မြို့နယ် ထွေ/အုပ်ရုံးမြေနေရာဟောင်းက နေ အိမ်တွေကို ဖြိုဖျက်ပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်ဖြိုဖျက်လိုက်ရတဲ့ အမ်းမြို့ဒေသခံအမျိုးသ မီးတစ်ဦးက” အမ်းမှာက နေစရာနေရာမရှိတော့ဘူး။ နေအိမ်တွေဖြိုဖျက်ပေးနေရပါပြီ။ဟ်ိုနေရာလည်း သူတို့အပိုင်၊ ဒီနေရာလည်း သူတို့ပိုင်တယ်။အခု အစိုးရက သူတို့မြေတွေဆိုပြီး ဖြိုခိုင်းနေကြတယ်” လို့ ပြောပါတယ်။
ဒီကနေ့ အမ်းမြို့၊ လေယာဥ်ကွင်းရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးမြေနေရာဟောင်းက ဖြိုဖျက်ပေးနေရတဲ့ နေအိမ်ပေါင်း(၃၀) ကျော်လောက်ရှိကြောင်း သိရပါတယ်။
အမ်းမြို့မှာ စစ်တပ်ပိုင်မြေ၊ ထွေအုပ်မြေနေရာဟောင်း၊ရဲစခန်း၊ဆေးရုံနဲ့ လဝက မြေနေရာဟောင်းက ပြည်သူတိုတွေရဲ့နေအိမ်တွေကို ဖိအားပေး ဖြိုဖျက်ခိုင်းနေတာပါ။
လေယာဥ်ကွင်းရပ်ကွက်မှ ဒေသခံအမျိုး သမီးတစ်ဦးက” ဒါကမတရားအနိုင်ကျင့်တာပါ။ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အေးချမ်းစွာနေထိုင်ဖို့မရအောင် လုပ်နေတာပါ။ ရခိုင်ပြည်မှာ ရခိုင်သူ ရခိုင်သားတွေ နေတာအပြစ်လား။ ကိုယ့်မြေ နေရာ ကိုယ့်ဒေသမှာ မနေရတော့ဘူးလား။ ဌာနဆိုင်ရာပေါင်းစုံက ဘယ်နေရာနေနေ ရတဲ့နည်းနဲ့ ဖြိုခိုင်းနေတယ်” လို့ ပြောပါတယ်။
ထွေ/အုပ်ရုံ မြေနေရာဟောင်းက နေအိမ်တွေကို ဒီကနေ့နောက်ဆုံးထား ဖြိုဖျက်ခိုင်းနေတာဖြစ်ပြီး ကျန်တဲ့ ရဲစခန်း၊ ဆေးရုံနဲ့ လဝကမြေနေရာဟောင်းက နေအိမ်တွေကို မေလ ၁၄ ရက်ကနေ ၂၁ ရက်အတွင်း အပြီးဖြိုဖျက်ပေးရမှာ ဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။
အဲဒီလိုမျိုး နေအိမ်တွေဖြိုဖျက်ပေးရပေမယ့် အစိုးရက မြေနေရာအစားထိုးအကူအညီတွေပေးတာမရှိကြောင်းနဲ့ ဆွေမျိုး၊ မိတ်ဆွေအိမ်တွေမှာ ယာယီခိုလုံနေရကြောင်း သိရပါတယ်။
အဲဒီလို အမ်းမြို့နယ်မှာ ပြည်သူတွေ နေအိမ်ဖြိုဖျက်ပေးရမှု များပြားလာတာကြောင့် “အစိုးရအနေနဲ့ ပြည်သူတွေကို အနှောင့်အယှက်မပေးရရင် အုပ် ချုပ်လို့ မရနိုင်တော့ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေကြောင်း” လူမှုကူညီရေး နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ကိုင်နေသူ ကိုမျိုးလွင်က ဝေဖန်ပါတယ်။
အမ်းမြို့နယ်ဟာ ရခိုင်လူမျိုးအများစုနဲ့ အခြား ချင်း၊ဗမာ စတဲ့လူမျိုးတွေနေထိုင်ကြပြီး သီဟိုဠ်ခင်းစိုက်ပျိုးမှု၊ တောင်ယာလုပ်ငန်း၊ဝါးခုတ်တာနဲ့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ဖွင့်ပြီး လုပ်ကိုင်စားသောက်နေကြတာဖြစ်ကြောင်း သ်ိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အမ်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄၉ လုံး ကို စစ်တပ်ပိုင်မြေပေါ်မှာ ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခဲ့ကာ ယခု အမ်းမြို့ပေါ်မှာလည်း ဖြိုဖျက်ပေးနေရတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အမ်းမြို့ပေါ်မှာလည်း အမ်းမြို့မရဲစခန်းဟောင်း မြေပေါ်က စျေးဆိုင်ခန်းတွေနဲ့ နေအိမ်တွေကို ဖယ်ရှားဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးအမိန့်နဲ့ ဖိအားပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။
https://www.facebook.com/permalink.php?story_fbid=164056352703346&id=107469705028678