အမ်းမှာ ကျပ် ၃၀ ဘီလီယံလောက်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ

By Boder News Agency (BNA) / 2022  April 07

ရခိုင်ပြည်နယ်၊အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဧပြီလ ၅ ရက်နေ့က ငွေကျပ် ၃၀ ဘီလီယံလောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြော င်း သိရပါတယ်။

အမ်း- စစ်တွေကားလမ်းအနီးက ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ပူးပေါင်းအဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေဟာ ရန်ကုန်ကနေ စစ်တွေသို့ မောင်းနှင်းလာသူ ဘူးသီးတောင်မြို့နေယာဉ်မောင်းဦးဇော်မျိုးသန်း ၄၅ နှစ်နဲ့ ယာဉ်နောက်လိုက်ဦးသိန်းသန်းမြင့် ၅၃ အမှတ် (၁၀၅)၊ မေယု(၃)လမ်း၊ (က) ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေထိုင်သူတို့ မောင်းနှင်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်ပေါ်က စစ် ဆေးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီကားပေါ်မှာ WY/R စာတန်းပါစိတ် ကြွမူးယစ်ဆေးပြား ၁၅၀ သိန်းပြား (ကာလတန်ဖိုး ကျပ်သိန် ၃၀ ဘီလီယံ) ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူ ၂ ယောက်ကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ရခိုင်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်း ဝယ်မှုတွေ၊ဖြန့်ချီမှုတွေများနေပေမယ့် ဖမ်းဆီးရမိမှုတွေတအားနည်းနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

https://www.facebook.com/permalink.php?story_fbid=158665986575716&id=107469705028678

Leave a Reply

Your email address will not be published.