By Western News/ 2022 April 27
ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသည့် အခြေခံပညာကျောင်းအားလုံးကို ဇွန်လ(၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ (၂၇) ရက်နေ့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
(၂၀၂၂) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ဖို့အတွက် မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့ထိကို ကျောင်းအပ်နှံရေး သတ်မှတ်ပြီး ကျောင်းအပ်လက်ခံသွားမှာ ဖြစ်သည်။
ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းမှ အပ အခြေခံပညာအတန်းအားလုံး၏ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ ကျောင်းများမှာ ဧပြီလ (၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုထားသည့် ကျောင်းသားများ၏ စာမေးပွဲအောင်စာရင်းကို ဇွန်လ တွင် ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပြီး ထုတ်ပြန်မည့်ရက်ကို ထပ်မံကြေငြာသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
လက်ရှိမှာ သက်ဆိုင်ရာတက္ကသိုလ်များမှာ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ အမှတ်ခြစ်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။
(၂၀၂၁) ခုနှစ်ပညာသင်နှစ်တွင် စစ်ကောင်စီမှ အခြေခံပညာစာသင်ကျောင်း (၃၉၂၄၂) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းအပ်နှံထားသည့် ကျောင်းသားဦးရေ၏ (၈၁) ရာခိုင်နှုန်း ဖြစ်သည့် ကျောင်းသား ကျောင်းသူ ဦးရေ (၄) သန်းကျော် ကျောင်းတက်ရောက်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/510971110709398