By Voice Of Westland (VOW)/ 2022 April 29

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကျင်းပလေ့ရှိတဲ့ သေလာဂီရိ မောရပဗ္ဗတ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ရေပေါ်သင်္ကြန်ပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း ရခိုင်ရိုးရာပွဲတော်များကို ထည့်သွင်းကျင်းပလေ့ ရှိပါတယ်။
ဒီနှစ်မှာတော့ ငွေကြေးအခက်အခဲကြောင့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ ရိုးရာလှေပြိုင်ပွဲနှစ်ခုကိုပဲ ထည့်သွင်းကျင်းပဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက VOW ကိုပြောပါတယ်။
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုတော့ ဧပြီလ၂၇ ရက်နေ့ကနေ ၂၈ ရက်အထိ ပြုလုပ်ခဲ့ကြပြီး ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့ အထိကိုတော့ ရိုးရာလှေပြိုင်ပွဲနဲ့ ရေပေါ်သင်္ကြန်ပွဲတို့ကို ကျင်းပသွားမှာဖြစ်ပါတယ်။
အခုမြင်တွေ့ရတဲ့ ပုံတွေကတော့ ရိုးရာလှေပြိုင်ပွဲနဲ့ ရေပေါ်သင်္ကြန်ပွဲကို စတင်ကျင်းပကြဖို့ပြင်ဆင်နေကြတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။