သတိပြုဖွယ်မိုးကြိုကာလ သဘာဝဘေးအန္တရာယ်

By Boder News Agency (BNA) / 2022  April 25

ကျွန်းသားငမန်း ရေးသားသည်။

(ဓာတ်ပုံ-၂၀၁၇ ခုနှစ်က၊ရခိုင်ကမြို့န ယ်တချို့မှာ ရေကြီးခဲ့စဥ်/BNA)

မိုးလေဝသပညာရှင်များက ဧပြီလ ၁၅ ရက်နေ့ နော က်ပိုင်းကို မိုးကြိုကာလဟု သတ်မှတ်ကြသည်။မိုးကြိုကာလဖြစ်သော ဧပြီလ၊မေလများတွင် ရာသီဥ တုမှာ အပူအအေးမညီမမျှမှုကြောင့် မိုးတိမ်တောင်များ ဖြစ်ပေါ်လာတတ်သည်။

အောက်ခြေတွင်အေးပြီးရေငွေ့ပါသော လေများတို က်ခတ်တတ်သည့် မတ်လနောက်ဆုံးပတ်မှ စတင်၍ မိုးတိမ်တောင်များ ဖြစ်ပေါ်လေ့ရှိကြောင်းသိရသည်။

မိုးတိမ်တောင်များနှင့်အတူပါလာတတ်သည့် လေစီး ကြောင်းများသည် အောက်သို့စိုက်ဆင်းကာ လေပွေလှိုင်းများကို ဖြစ်ပေါ်စေတတ်ပြီး ယင်းလေပွေလှိုင်းများမှ တဆင့်လေပြင်းတိုက်ခတ်ခြင်း၊စိုက်ဆင​်ေလေပြင်းများ တိုက်ခတ်တတ်ခြင်းတို့ကိုဖြစ် ပေါ်စေတတ် သည်။

ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲ ဖေါက်ပြန်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ကမ္ဘာ့မိုးလေ ဝသအဖွဲ့ချုပ်ကြီးက ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလတွင် ကမ္ဘာ့မြေ၏ ပျမ်းမျှအပူချိန်မှာ ၁၉၈၁-၂၀၁ဝ ကာလအတွင်း ပုံမှန်ဖေဖော်ဝါရီလ အပူချိန်ထက် ၀ ဒသမ ၈ဒီဂရီစင်တီဂရိတ်ပိုနေခဲ့ကြောင်း ၂၀ ၂၀ ပြည့်နှစ်၊မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများနှင့်အတူ မြန်မာနိုင် ငံတွင်လည်း ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုများ ရှိလာခဲ့သည်။ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အ ကျိုးသက်ရောက်မှုဖြစ်စဉ်များမှာ နေရာဒေသအလို က်ကွဲပြားမှုများရှိနိုင်သော်လည်း အပူလွန်ကဲလာခြ င်း၊မိုးသည်းထန်လာခြင်းများ ရှိလာနိုင်ပြီး၊မိုတိမ် တောင်များ ဖြစ်ပေါ်လာကာ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်း စသည်များလည်း ဖြစ်ပေါ်လာနိုင်သည်။ထိုကြောင့် ပြည်သူ များအနေဖြင့် မိုးလေဝသထူးခြားဖြစ်စဉ်များကို အ ထူးသတိထားနေထိုင်ကြရန်လိုသည်။

မိုး/ဇလ၏သတိပေးချက်

ရာသီဥတုဖြစ်စဉ်များနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာကလည်း မိုးကြိုကာလနှင့်မုတ်သုန် အဝင်ကာလအတွင်း ဖြစ်ပေါ်တတ်သ ည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ပေးထားသည်။

ထိုသတိပေးချက်တွင် “မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုန်လေ မဝင်ရောက်မီကာလအတွင်းနှင့် အနောက်တောင်မုတ်သုန်လေ စတင်ဝင်ရောက်နေစဉ်ကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊နေ့အပူချိန်များ ဖြည်း ဖြည်း မြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ် ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း လေပြင်းများတိုက်ခတ်ခြင်း၊လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းနှင့်နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့်မိုး လေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။လေပြင်းတိုက်ခတ်စဉ် မြေပြင်/လေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝအထိတိုက်ခတ်နိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုန်လေ မဝင်ရောက်မီကာလအတွင်းနှင့်အ နောက်တောင်မုတ်သုန် လေစတင်ဝင်ရောက်နေစဉ် ကာလအတွင်း ဖြစ်ပေါ် လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရု ပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်” ဟုဖော်ပြထားသည်။                                

မိုးကြိုကာလသဘာဝအန္တရာယ်များမြန်မာနိုင်ငံ၏ ရာသီဥတုဖြစ်စဉ်များအရ မြန်မာနိုင်ငံသို့ မုန်တိုင်းများဝင်ရောက်သည့်ကာလမှာ မိုးကြိုကာလဖြစ်သော ဧပြီလ၊မေလနှင့် မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင် ဖြစ်တတ်သည်။

၁၈၇၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိနှစ်ပေါင်း ၁၆၀ အ တွင်း မြန်မာနိုင်ငံသို့ဝင် ရောက်ခဲ့သည့် မုန်တိုင်းများအနက် ဧပြီလနှင့် မေလတွင် ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းမှာ ၄၉ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး အောက် တိုဘာလနှင့်နိုဝင်ဘာလများတွင် ဝင်ရောက်ခဲ့သည့်မုန်တိုင်းမှာ ၄၅ ရာခိုင်နှုန်းခန့် ရှိတတ်ကြောင်း ဖြင့်လည်းသိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လ ယ်အော်တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများအနက် ၁၅ ရာခိုင် နှုန်းခန့်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်ပြီး ကျန်မုန်တိုင်းများမှာ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

ဧပြီလနှင့် မေလများတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး မုန်တိုင်းများ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံအနေဖြင့် အထူးဂရုပြုသင့်ကြောင်းဖြင့်လည်း သိရသည်။

ထူးထူးခြားခြားပင် ၂၀၂၂ ခုနှစ် မတ်လအတွင်းလေ မုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံဧရာဝတီ တိုင်းဒေသကြီးသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်ကို တွေ့ရသည်။

မတ်လအတွင်း မုန်တိုင်းဖြစ်ပေါ်မှုသည် မြန်မာနိုင်ငံမိုးလေဝသသမိုင်းတွင် နှစ်ပေါင်း ၁ဝဝအတွင်း ပထ မဆုံးဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းတစ်ခုဖြစ် ကြောင်းသိရသည်။

ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက် တိုက်ခတ်လေ့ရှိသ ည့် မုန်တိုင်းများမှာ မေလကုန်၊ ဇွန်လဆန်းတွင် အဖြ စ်များ၍ အောက်တိုဘာ၊နိုဝင်ဘာလများတွင်မူ မုန် တိုင်းဝင်ရောက်မှု နည်းပါးတတ်သည်ကို တွေ့ရသည်။

တစ်နှစ်တလေ ဧပြီလတွင်လည်း မုန်တိုင်းတိုက် ခ တ်မှုများကို တွေ့ရခဲ့သည်။ထိုကြောင့် ဘင်္ဂလားပင် လယ်အော်၌ ဖြစ်ပေါ်လေ့ရှိတတ်သော မုန်တိုင်းအန္တရာယ်ကိုလည်း သတိထားကြရန်လိုသည်။

မိုးကြိုးပစ်ခြင်းအန္တရာယ်

မိုးကြိုကာလတွင် မုန်တိုင်းအန္တရာယ်ကိုသာမက၊မိုးကြိုကာလဖြစ်ပေါ်တတ်သော မိုးတိမ်တောင်များကြောင့် နေရာဒေသအချို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊မိုးခြိမ်းခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လေဆင်နှာမောင်း၊ရေဆင်နှာမောင်းဖြစ်ပေါ်စေခြင်း၊ပင်လယ်မီးစုန်းတောက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကို ဖြစ်ပေါ်စေကြောင်းဖြင့် သိရသည်။

ယင်းတို့အနက် ပူးတွဲပါလာတတ်သည့် မိုးကြိုးအန္တ ရာယ်မှာ ဆေးမမီသောအန္တရာယ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် မိုးကြိုကာလ၊ မိုးဦးကျစကာလ၊ မိုးလ ယ်နှင့် မိုးနှောင်းကာလများတွင် အန္တရယ်ပေးလေ့ရှိပြီး မည်သူမျှ ကယ်တင်နိုင်ခြင်း မရှိသေးသော အန္တရာယ်လည်းဖြစ်သည်။

မိုးကြိုးပစ်ခံရပုံများကို လေ့လာကြည့်သောအခါ သ မားရိုးကျဖြစ်လေ့ဖြစ်ထရှိသည့် မိုးကြိုးပစ်ခံရခြင်းနှင့် ထူးခြားဆန်းပြားသည့် မိုးကြိုးပစ်ခံရခြင်းများလည်း ရှိသည်ကိုတွေ့ရသည်။လွင်တီးခေါင်ခေါင်၊ ကွင်းပြောင်ပြောင်မှာ၊လယ်ကွင်းပြင်မှာ၊မြင့်မားလှသည့် သစ်ပင်အောက်မှာ၊အဆောက်အအုံအောက်မှာ မိုးကြိုးပစ်ခံရသည်မှာ မဆန်းပြားသော ဖြစ်စဉ်များဖြစ်ကြသည်။

သို့ရာတွင် ခေတ်မီတိုးတက်လာမှုနှင့်အတူ ရာသီဥ တုပြောင်းလဲဖောက်ပြန်သော ဆိုးကျိုးများကြောင့် ဖြစ်ရိုးဖြစ်စဉ်ထက်လွန်ကဲသော မိုးကြိုးပစ်ခံရမှုများကိုလည်း တွေ့နေရသည်။

လက်ကိုင်ဖုန်းအားမိုးရေဝင်မှာစိုး၍ အင်္ကျီရင်ဘတ်ကြားထည့်ပြီးသွားလာသူတစ်ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ရမှုသတင်း၊ကိုယ့်အိမ်ကိုယ့်ယာထဲတွင် ဘာမျှပူပင်သောကမရှိဘဲ လျှပ်စီးတွေပြက်၊မိုးကြိုး ထစ်ချုန်းနေသော်လည်း အိမ်မှာဆိုတော့ စိတ်ချရပါတယ်ဟု ထင်မှတ်ကာ တီဗွီထိုင်ကြည့်နေသည့် မိ သားစုတစ်စုမိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ပြီးနေ အိမ်ပါ မီးလောင်ဆုံးရှုံးခဲ့ရသည့်သတင်း၊ကိုယ့်အိမ်၏ အောက်ထပ်အိမ်အမိုးနှင့် အပေါ်ထပ်အခင်းတွေနှင့် လုံခြုံစိတ်ချရသည့် မြေပြင်ပေါ်တွင် စိတ်ချလက်ချ အလုပ်လုပ်ကိုင်နေသည့် မိသားစုတစ်စု မိုးကြိုးပစ်ခံသေဆုံးခဲ့ရသည့်သတင်း၊နေအိမ်ပြတင်းမှ အပြင်သို့လှမ်းမျှော်ကြည့်နေစဉ် မိုးကြိုးပစ်ခံရမှု၊လျှပ်စီးပြက်၊မိုးကြိုးပစ်နေစဉ်သွပ်နန်းကြိုးပေါ်လှန်းထားသောအဝတ်ကို ဆွဲယူရပ်နေစဉ် မိုးကြိုးပစ်ခံရမှု၊ နေအိမ်ရှိ သံပန်တံခါးကိုပိတ်နေစဉ်၊ကိုင်ထားစဉ်၊ သံရေပိုက်ကို ထိကပ်ကိုင်ထားစဉ် မိုးကြိုးပစ်ခံရမှု သတင်းများ၊မိုးကြိုးပစ်၍ တီဗွီ၊လမ်းမီး၊အိမ်မီးများ ပျက်စီးဆုံးရှုံးရသည့် သတင်းများက မိုးကြိုးအန္တ ရာယ်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ သို့ရာတွင် အများစုမှာ မိုးကြိုးပစ်ခြင်းအန္တရာယ်ကို အလေးထားခြင်း မရှိတတ်ကြသေး။လျစ်လျူရှု့နေသူအများအပြားပင် ရှိနေသေးသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ မုတ်သုန်အကြို ကာလတွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လျက်ရှိသ ည်။အပူချိန်ကွာခြားမှုနှင့် မိုးတိမ်တောင်များ ဖြစ်ပေါ်လာမှုက မိုးကြိုးပစ်ခြင်း၊ မိုးကြိုးထစ်ချုန်းခြင်းများကို ဖြစ်ပေါ် စေတတ်သည်။

ယခုအခါ မိုးကြိုကာလ၌ ဖြစ်ပေါ်တတ်သော စိုက်ဆင်းလေပြင်းနှင့် လေဆင် နှာမောင်းဒဏ်ကို ယခင်အခါများထက် ပိုမိုတွေ့ကြုံလာရသည်ကို တွေ့နေရသည်။တစ်ရွာလုံးလိုလို နေအိမ်များပြိုပျက်သွားခြင်း၊သစ်ပင်များလဲပြိုသွားခြင်း၊လေကြောင်းသင့်ရာအလိုက်ပျက်စီးခြင်းသတင်းများကို ကြားသိနေရသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်း၊စစ်တွေစသည့်မြို့များတွင် မွန်းလွဲ ၂ နာရီခန့်က လေပြင်းများ တိုက် ခတ်ခဲ့၍ သစ်ပင်များပြိုလဲခြင်း၊လူနေအိမ်များ ခေါ င်မိုးလန်ပျက်စီးခြင်းများရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်သာမက ရိုးမအရှေ့၊ဧရာဝတီ တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင်ပါ လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရကြောင်းဖြင့်သိရသည်။

မိုးကြိုကာလအတွက် ဘာတွေပြင်ဆင်ရမလဲ

မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဒေသခံများမှ မိုးလေဝါသသတင်းများကို အာရုံစိုက်ခြင်း၊မိုးကြိုး ပစ်ခတ်ချိန်တွင် အပြင်မထွက်ခြင်း၊တောင်ယံကမ်းပါးတွင်နေထိုင်သူများမှာ တောင်ပြိုမည့်အန္တရာယ်ကို သတိ ထားစောင့်ကြည့်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး သ က်ဆိုင်ရာတာဝန်ရှိသူများမှ မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို သ တိပေးဆော်ဩပေးခြင်း၊ဒေသခံများရှောင်တိမ်းရမည့်နေရာများကို အသိပေးထားခြင်း၊အရေးပေါ်တိမ်း ရှောင်နိုင်ရန်အတွက် ယာဉ်များစီစဉ်ထားခြင်း၊အရေးပေါ် တိမ်းရှောင်နေစဉ် စားသောက်ရေးအတွ က် ရိက္ခာများကြိုတင်ပြင်ဆင်ခြင်းများကို ဆောင် ရွက်ထားသင့်သည်။

ထို့နောက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအ တွက် ကြိုတင်ပြင်ဆင်ခြင်းများ၊ရွေ့ပြောင်းသည့်အခါ ထိခိုက်လွယ်သောအုပ်စုအလိုက် ဦးစားပေးပြောင်းရွေ့ရေးအစီစဉ်များ ရေးဆွဲထားခြင်းများကို ဆောင်ရွက်ထားသင့်ပေသည်။

စိုက်ဆင်းလေပြင်းဒဏ်ကိုခံရတတ်သည်မှာ မိုးကြိုကာလတွင်သာမဟုတ်၊မိုးတွင်းကာလတွင်လည်းကြုံရလေ့ရှိသည်။အရေးကြီးသည်မှာ မိုးလေဝသနှင့်ဇလဗေဒမှထုတ်ပြန်လေ့ရှိသည့် မိုးလေဝသသ တင်းများ၊အထူးသတင်း ထုတ်ပြန်ချက်များကို အ လေးထားနားထောင်ပြီး မိုးလေဝသဘေးအန္တရာယ်များကို ရှောင်ရှားကြရန်လိုသည်။

မိုးလေဝသကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရယ်ဆို သည်မှာ လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာ ရွာသွန်းခြင်းသာမဟုတ်၊မိုးကြိုးကဲ့သို့ ဆေးမမီသော ဘေးအန္တရာယ်များလည်းပါသည်ဆိုခြင်းကိုအလေး အနက်ထားဆင်ခြင်ပြီး မိုးရွာနေချိန်၊လျှပ်စီးလက်၊မိုးကြိုးပစ်ချိန်များတွင် အသွားအလာ၊အနေအထိုင် သတိထားဆင်ခြင်ကြရန် လိုအပ်သည်။

https://www.facebook.com/permalink.php?story_fbid=162833166158998&id=107469705028678

Leave a Reply

Your email address will not be published.