By Boder News Agency (BNA) / 2022 April 19

အားလုံးမျှော်လင့်ခဲ့ကြသည့် ခါနွေဦးသင်္ကြန်ရက်များကျော်လွန်သွားချိန်
၁၃၈၄ခုနှစ်သစ် မင်္ဂလာတစ်ခုကို စတင်ဝင်ရောက်ခဲ့ပြီဖြစ်သည်။ထိုသင်္ကြန်ကာလသုံးလေးရက်ပြီးဆုံးသွားစေကာမူ အတွေးပေါင်းများစွာနှင့် ပြောစရာများစွာတို့သည် ဝေဖန်စရာနှင့်ဆင်ခြင်ဖို့အတွက် ကျန်နေခဲ့သည်။
တိုးမပေါက်တဲ့ ဇီးချောင်းသင်္ကြန်
ရခိုင်ပြည်တွင်းမှာ သင်္ကြန်ပွဲကို ငတ်နေခဲ့ကသည်မှာ သုံးနှစ်တောင်ရှိခဲ့ပြီဖြစ် သည်။၂၀၁၉၊ ၂၀၂၀မှာဖြင့် တိုက်ပွဲများကြောင့်ဖြစ်ပြီး ၂၀၂၁ မှာ တိုက်ပွဲမရှိသည့်တိုင် နိုင်ငံရေးအပြောင်းအလဲများနှင့် ကိုဗစ်- ၁၉ ကန့်သတ် ချက်များကြောင့် သင်္ကြန်ပွဲတော်ကာ လကို ဖြတ်သန်းခွင့်မရှိခဲ့ကြ။သည်နှစ်မှာဖြင့် လမ်း လျှောက်သင်္ကြန်ကို စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့သော်လည်း လူအများအ ပြားစိတ်ဝင်စားမှုမှာ ကျောက်တော် -ပလက်ဝကားလမ်းပေါ်တွင်ရှိသည့် ဇီးချောင်းဆည်အနီးက သင်္ကြန်ပွဲဖြစ်သည်။
ရက္ခိုင့်တပ်တော်(အေအေ)က ကျင်းပသည့် ပထမဆုံးပွဲဆိုလည်းမမှား။ထူး ခြားသည်မှာ တနေ့ထက်တနေ့ လူသော င်းချီလာရောက်ကာ ရေကစားကြပြီး ဒေသတွင်းအဆိုတော်များက စတိတ်ရှိလ်းပွဲလည်း ဖျော်ဖြေကြခြင်းဖြစ်သည် ။
ရက္ခိုင့်တပ်တော်(အေအေ)မှ တပ်ဖွဲ့ဝင်များနှင့်အမျိုးသမီးစစ်မယ်များ အပါ အဝင် လုံခြုံရေးတာဝန်ယူထားကြပြီး ဇီးချောင်းသကြန်ပွဲသို့ စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးနှင့်မင်းပြားမြို့နယ်က လူအများအပြားလာရောက်ကာ ဘေးကင်းစိတ်လုံခြုံစွာဖြင့် သင်္ကြန်ပွဲကို ဆင်နွှဲကြခြင်းဖြစ်သည်။
အဆိုပါမြို့နယ်များထဲက စစ်တွေမြို့ကလွှဲလျှင် ကျန်မြို့နယ်များမှာ ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်ကျော်ကာလကို အလူးအလိမ့်ခံခဲ့ကြရသည့် ဒေသများဖြစ်ပြီး ဒေသခံများအဖို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံထော က်ပံ့ပေးသည့် အချိန်သမယသည်ကား သင်္ကြန်ပွဲ တော်ကာလကျရောက်၍ဆိုခြင်းထက် ပိုနေပါလိမ့် မည်။
အမှန်တကယ်အားဖြင့် ရခိုင်ဒေသတွင်း ပြည်သူများစွာမှာ ပြီးခဲ့သည့်ဆယ်နှစ်တာကာလအတွင်း နိုင်ငံ ရေးရှုပ်ထွေးမှု ပြဿနာများကို ကြုံခဲ့ရသူများပင်ဖြစ်သည်။တိုက်ပွဲကာလအတွင်း ဒေသခံများမှာ လက်နက်ကြီး၊လက်နက်ငယ်ကျရောက်လို့က ကျရောက်၊သေဆုံးသူဒဏ်ရာရရှိသူများနှင့်တိုက်ပွဲရှောင်ဖို့ နေရပ်စွန့်ခွါခဲ့ရာကာ ဖမ်းဆီးခံခဲ့သူများနှင့်ယခုချိန်ထိ ထောင်ထဲရောက်နေကြသည့်သူများပင် ရှိနေကြသေးခြင်းဖြစ်သည်။
အဆိုပါ ဇီးချောင်းဆည်သင်္ကြန်ကျင်းပရာနေရာနှင့်မလှမ်းမကမ်းတွင် တစ်ရွာလုံးကျွတ် ပြာကျအောင်ထိ မီးရှိူ့ခံခဲ့ရသည့် တင်းမရွာလည်းရှိနေပြန်သည်။ ခုအချိန်ထိ ရွာသားအများစု နေအိမ်မပြန်နိုင်ကြသေးဘဲရှိနေကြသည့် ရွာကြီးတစ်ရွာဖြစ်သည်။
ဤနေရာမှာ ရခိုင်ဒေသနှင့် ပြောင်းပြန် ဖြစ်သွားသည်က မြန်မာပြည်တစ်ဝန်းက မြို့ကြီးတစ်ချို့မှာ နိုင်ငံရေး ယုံကြ ည်မှုမျော်လင့်ချက်နှင့် ရည်ရွယ် ချက်ဖြင့် သင်္ကြန်ကို သပိတ်မှောက်ကြခြင်းဖြစ် သည်။
ပြီးခဲ့သည့် နှစ်နှစ်တာ၊သုံးနှစ်တာကာလက ရခိုင်ပြည်ကအနေအထားနှင့် ယနေ့ပကတိအခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။သို့ရာတွင် ထိုအ ချိန်က ရခိုင်ဒေသတွင်တိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရစဉ်က မည်သူတစ်ဦးတစ်ယောက်ကမျှစာနာနားလည်စွာဖြင့် သင်္ကြန်ကို သပိတ်မှောက်ကြရန် နှုတ်ဖြင့်မဖွင့်ဟခဲ့ကြဟု ကလေးအတွေးဖြင့် ပြောကြသူတွေလည်း ရှိကောင်းရှိနိုင်သည်။
သို့ရာတွင် ယခုကာလရခိုင်လူမျိုးများ စိတ်ပိုင်းဆိုင် ရာ ပြန်လည်နိုးထမှုတရပ်ဖြင့် သင်္ကြန်ကာလကို ဆ င်နွှဲဖို့ပြင်ဆင်ချိန်တွင် လူမှုမီဒီယာများ၌ ဝေဖန်မှုများ ပြင်းထန်ခဲ့သည်ကို နားလည်ရခက်သည်။
ရခိုင်လူမျိုးများသည် အခြားသူများကိုမစာနာဘဲ တမင်တကာ သင်္ကြန်ကို ကျ င်းပနေကြခြင်းမဟုတ်ဘဲ ဗုဒ္စဘာသာဝ င်ရခိုင်လူမျိုးများ၏ အကြီးအ ကျယ်ဆုံးရိုးရာပွဲကို မကျင်းပဖြစ်ဘဲ လက်လွတ်ခဲ့ရသည့်သုံးနှစ်တာကို အခွင့်အခါပေးချိန် သင်္ကြန်ကို ကျင်းပကြခြင်းဖြ စ်သည်။
သို့ရာတွင် ရခိုင်ပြည်၊သံတွဲငပလီသို့ ရန်ကုန်မြို့က သင်္ကြန်ကာလအတွင်း လေကြာင်းလိုင်း တနေ့ကို ခုနှစ်ကြိမ်ထက်မကဆင်းခဲ့ပြီး ရိုးတောင်အရှေ့ဖက်ခြမ်းက ကားလမ်းဖြင့် ရေကစားရန်ဝင်ရောက်မှုများလည်း လွန်စွာများပြားခဲ့ကြောင်း တွေ့ရသည်။
ထိုသူများမှာ သ င်္ကြန်ကိုရှောင်လွှဲဖို့လာသူများ မဟု တ်သည်က သေချာသည်။မည်သို့ပင်ဖြစ်စေ သင်္ကြန်အရိပ်အာဝါ သခိုလှုံရန် ရခိုင်ဒေသသို့ လာရောက်သ ည်ဆိုပါက ကြိုဆိုရန်ထိုက်တန်သည်ဟုထင်သည်။သို့သော် ရခိုင်လူမျိုးများအတွက်လည်း ရိုးရာသင်္ကြန်ကို ယခုနှစ်မှာ တမူထူးကျင်းပဖြစ်ခြင်းမှာ နိုင်ငံရေးချိန်ခွင်လျာ အားသာချက်ကြောင်းဟုလ ည်း သုံးသပ်ကြသည်။
အထူးသဖြင့် ရခိုင်လူထုအများအပြားက သူတို့၏ စိတ်မွေ့ပျော်ရွှင်ရာ စိတ်လုံခြုံရာအရပ် ရေသဘင်ပွဲကို သွား ရောက်သကဲ့သို့ ရိုးမအရှေ့ဖက်ခြမ်းက လူများလည်း ထိုသို့ပင်ဖြစ်နေလိမ့်မည်။လူထောင်ပေါ င်းများစွာ ရောက်လာသည့်တိုင် ဇီးချောင်းသင်္ကြန်ကို စည်းကမ်းရှိရှိ ဆင်နွှဲခဲ့ကြသည်မှာဖြင့် အံ့အား သင့်စရာပင်။
တဆက်တည်းမှာပင် သင်္ကြန်မတိုင်ခင်က ပြည်နယ်သတင်းပြောရေးဆိုခွင့်ရှိ သူ၏ ကိုဗစ်စည်းကမ်းနှင့်အညီရေက စားဖို့သတိပေးသည့် မီဒီယာများကို ပြောကြားချက်နှင့်ပက်သက်ပြီးအတွေးတစ်ချက်ဝင်ပြန်သည်။အဘယ်ကြောင့်ဆိုသော် ဇီးချောင်းသင်္ကြန်ပွဲတွင် လူလေးရာထက်မက ရှိသောကြောင့်ပင်ဖြစ်သည်။
Water Party ခေတ်စားလာခြင်း
အမှန်တော့ သင်္ကြန်ချိန်ခါ ကျရောက်ပြန်တော့လည်း ရေကစားကြတာပေါ့။သည်အထဲမှာမှ Water Party ဆိုပြီးသီးသန့် အဖွဲ့အစည်းအသင်းအဖွဲ့များကပြု လုပ်ကျင်းပလာကြသည်ကို ယခုနှစ်တွင် ပိုတွေ့နေရသည်။ အထူးသဖြင့် သင်္ကြန်အကြိုနေ့မတိုင်မီ ယခ င်ကပင် ကျင်းပလေ့ရှိကြသော ရိုးရာဘုရားရေသ ပ္ပါယ်ကြသည့် နေ့ရက်မျိုးတွင် ပုဂ္ဂိလိကစာသင် ကျောင်းအချို့နှင့် အန်ဂျီအိုအဖွဲ့အစည်းအချို့တွင် တမူထူးခြားသော Water Party ဆိုပြီး သင်္ကြန်အ ကြို မအောင့်နိုင်ကြဘဲ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
သကြန်ရက်များအတွင်း ရုံးဝန်ထမ်းအချင်းချင်းသော်လည်းကောင်း သင်တန်းကျောင်းသူကျောင်း သား အချင်းချင်း သော်လည်းကောင်း အတူတူဆုံရန်မသေချာဘဲ သင်္ကြန်အားလပ်ရက်မတိုင်မီ ကျင်း ပလာကြခြင်းသည်။
မကြာသေးခင် နှစ်အနည်းငယ်က ပြည်မဖက်က တ က္ကသိုလ်များတွင် စတင်လာခဲ့သည်ကို သတိပြုမိ သည်။သို့ရာတွင် ရခိုင်ဒေသမှာ အတန်းတင်နောက် ဆုံးစာမေးပွဲဖြေဆိုကြပြီး နောက်ဆုံးနေ့မှာ ရေ လောင်းကြသည့် ဓလေ့သည် မိမိတို့ငယ်စဉ်ကပင်ရှိခဲ့ရာ Water Party သည် ယခင်ကပင်ရှိခဲ့ခြင်းဟုပြောနိုင်သည်။
သို့သော်လည်း တချို့အမြင်မှာ Water Partyကြောင့် ဘုရားရေချိုး(ရေသပ္ပါယ်)ပွဲနှင့် နံ့သာသွေးပွဲ ပျော က်ကွယ်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ဤနေရာတွင် တချို့လူငယ်များက ဝေဖန်ခဲ့သည့်
ဘုန်းကြီးပျံပွဲများသည် မလိုအပ်ဘဲ ငွေကုန်ကြေး ကျ များပြားလှသည်ဟုဆိုကာ ဝေဖန်ထော က်ပြခဲ့ကြပြီး ဘုန်းကြီးတစ်ချို့ကလဘည်း သင်္ကြန်တွင် Water Party သည်မလိုအပ်ဘဲ လူငယ်များ ငွေကုန် ကြေးကျဖြုန်းတီးသည်ဟုဆိုကာ ထောက်ပြကြသည်ကလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်သည်။
မိတ်ဆွေ အမျိုးသမီးတစ်ဦးက သင်္ကြန်နှင့်ပတ်သ က်လာလျှင် သူမကြိုက်သည့် လူတန်းစားခွဲခြားမှု ပကာသနကို ထောက်ပြသည်။ဆိုလိုသည်မှာ သင်္ကြန်တွင် ကျင်းပဆင်နွှဲသူ အများစုမှာ ငွေကုန် ကြေးကျသုံးဖြုန်းနိုင်သူများ အတွက်သာဖြစ်ရာ ငွေကြေးမရှိသူများအတွက် ခွဲခြားဆက်ဆံခြင်းခံရသည့် ပုံစံမျိုးဖြစ်နေသည်ဟု သူ၏အမြင်ကိုပြော သည်။ကျွန်တော့အဖို့ သင်္ကြန်သည် ငွေကြေးသုံးညဖြုန်းနိုင်သူအတွက်ရော မသုံးစွဲနိုင်သူအတွက်ရော လူတန်းစားမခွဲဘဲ ရေလောင်းခံရသည့် အခါသမယတစ်ခုပင်ဖြစ်နေသည်ဟု ထင်သည်။
ရိုးရာဓလေ့ဆက်ထိန်းထားဆဲ သင်္ကြန်ရောက်တိုင်း ဘုရားကျောင်းကန်သွားလာသူများနှင့် ဒုလဘ္ဘရဟန်းခံယူသူ အချိ့ရှိခဲ့ကြသည်။တချို့ကလည်း တရားစခန်းဝင်ရောက်ကာ ကုသိုလ်တ ရားဘာဝနာပွါးများကြသေးသည်။အကြိုနေ့ရောက်တိုင်း ဘုရားရေသပ္ပါယ်ကြသည့် အစဉ်အလာမပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းမှုက မြို့တိုင်းလိုလိုတွင် ဖြစ်သည်။
နံ့သာသွေးယင်း ဘုရားရေသပ္ပါယ်ကြသည့်ဓလေ့ကတော့ ထိန်းထားနိုင်စမြဲပင်ဖြစ်သည်။ရခိုင်တိုင်း ရင်းသား မျိုးနွယ်စု ဖြစ်သည့် ဒိုင်းနက် (ခေါ်) သက္ကမလူမျိုးတို့၏ ပန်းမျောပွဲကိုသကြန်အကြိုနေ့မှာ ပြုလုပ်ခဲ့ကြောင်း တွေ့လိုက်ရသည်။
ထို့အတူ သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် ရခိုင်ရိုး ရာသက်ကြီးပူဇော်ပွဲကို စစ်တွေမှာ မြို့လုံးကျွတ်ပြုလုပ်ခဲ့ကြပြီး ဘိုးဘွားများ၏နေဝင်ချိန် ရှင်သန်ခြင်း၏ အထိမ်းအမှတ်နောက်ဆုံးမှတ် တိုင်များပင် ဖြစ်နေသည်ကိုတော့ ဂါဝရတရားရှေးထားမှုနှင့် အတူ အသိအမှတ်ပြုချင်သည်။
နောက်သတိထားမိသည့် ရိုးရာပွဲတစ်ခုကတော့ ရမ်းဗြဲမြို့နယ်တွင် ကျင်းပပြုလုပ်သော စောမဲကျီမိဖု ရား၏ ဘုရားပွဲကို ရခိုင်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ကျင်းပနေသည်မှာလည်း ရှိနေသေးခြင်းဖြစ် သည်။
ပြောစရာဖြစ်ခဲ့သည့်သင်္ကြန် တေးသီချင်းများ
သင်္ကြန်ယိမ်းအကများနှင့် သံချပ်များခေတ်အလွန် ခေတ်ပေါ်သင်္ကြန်တခေတ်ဆန်းလာခဲ့သည်။သို့ရာ တွင် သည်နှစ်သင်္ကြန်အကြို ရခိုင်သင်္ကြန်တေးသီချ င်းများနှင့်ပတ်သက်ပြီး ဝေဖန်မှုပေးခဲ့သည်မှာ မိမိလည်းအပါအဝင်ဖြစ်ပြီး လူမှုမီဒီယာပေါ်တွင်ကော်ပီ သီဆိုခြင်းနှင့် ဖန်တီးမှုအရည်အသွေးအားနည်းခြင်းသည် လွန်စွာဆူလောင်ခဲ့ကြသည်။
ခေတ်ကာလပြောင်းလဲမှုကြောင့် တေး သီချင်းပုံစံပြောင်းတချို့ ပြောင်းလဲခဲ့သည်ကိုတော့ ပြော၍ မရ။သို့ရာတွင် အရည်အသွေးမပြည့်မီဘဲ ဝါသနာရှင်အဆင့် ဖန်တီးမှုအားနည်းသည့် သင်္ကြန်တေးသီ ချင်း တချို့သည် ပရိတ်သတ်များကို အားမလိုအား မရဖြစ်ခဲ့ကြရသည်က အမှန်ပင်ဖြစ်သည်။အနုပညာကို ပရိုအဆင့်မဟုတ်ခဲ့ရင်တောင် ဝါသနာရှင်အဆင့်ထက်တော့ ပိုမြင့်နေဖို့လိုနေသေးသည်ကို ထောက်ပြချင်သည်။
ဂီတဖန်တီးမှုနှင့် ပက်သက်လာလျှင် အမျိုးသားရေးနှင့် ရိုးရာစောင့်ရှောက်ရေးသက်သက်မက ရသခံ စားမှုကို ပေါ်လွင်အောင်ပေးသည့် သည်နှစ်သင်္ကြန်မကျမီ တန်းခိုးဆရာထွန်းဆုကို ပူပူနွေးနွေးရရှိထားသည့် ကျွန်တော် မိတ်ဆွေတေး ရေးဆရာကိုထွန်းလိူင်နှင့် အဆိုတော်ကိုဝင်းခိုင် သီချင်းများစွာကိုရေး သားခဲ့သည့် ကိုစန်းကို,ကို နှစ်သက်သည်။
တေးရေးကိုထွန်းလှိုင်သည် အဆိုတော် မြတ်ခိုင်ကျော် အပါအဝင်အခြားအဆိုတော်များအတွက် သီချင်းများကို ရေးစပ်ခဲ့သလို လူငယ်ကြိုက်သင်္ကြန် သီချင်းများစွာကို သီကုံးပေးခဲ့သူဖြစ်သည်။
လူငယ်လူလတ်ပိုင်း ခေတ်အားလုံးလက်လှမ်းမီသ လို မရိုးနိုင်သည့် တေးသီချင်းများကိုလည်း ရေးစပ်သီကုံးပေးခဲ့သူများဖြစ်သလို အနုပညာဝမ်းစာဝသူ များဟုလည်းဆိုနိုင်သည်။
အဆိုတော်ကောင်းများအတွက် အရေးပါသည့် ဂီတ စာဆိုတေးရေးဆရာများသည် ဒုတိယစာမျက်နှာပင်ဖြစ်သည်။ယခုနောက်ပိုင်း သင်္ကြန်သီချင်းများတွင် ပရိတ်သတ်ရင်ကို ထိရောက်အောင် လူငယ်များရေးသားဖို့ လေ့လာမှုများစွာလိုအပ်သေးသလို သီဆိုသည့် အဆိုတော်များဖက်ကလည်း အချိန်ယူကာဖန်တီးနိုင်စွမ်းပြဖို့ ကြိုးစားဖို့လိုကြောင်း တိုက်တွန်းချင်သည်။ဤထောက်ပြချက်ကို မကြိုက်လျှင် သင်္ကြန်သံချပ်တွေထဲမှာ ဆိုကြသည့်အတိုင်း ”အမှား ပါကေ ခွင့်လွတ် ခွင့်လွတ်”လို့သာပြောလိုက်ချင်သည်။
အလံကိစ္စ ပွပွဆူ
ထူးခြားတာက သည်နှစ်အားလုံးပြောစမတ်ဖြစ်သည့် ဂျာမနီ နာဇီခေါင်းဆောင် ”အဒေဖ့် ဟစ်တလာ”၏ နာဇီအလံကိုထောင်ကာ ရေပက်ထွက်ကြသည့် လူငယ်အုပ်စုတစ်ခု သတင်းဌာနတစ်ခု၏ သင်္ကြန်အကြိုနေ့စည်ကားပုံ ဓာတ်ပုံသတင်းများတွင် ပါဝင်သည့်ပုံတစ်ပုံပင်ဖြစ်သည်။ယင်းကို နိုင်ငံခြားသားတချို့ကမြင်ယောင်ပြီး ဖေစ့်ဘုတ်၊တွီတာပေါ်တွင် ဝေဖန်ကြသည့်ပုံရိပ်ဖြစ်သ ည်။
သင်္ကြန်ကိုငယ်စဉ်ကပင်ဖြတ်သန်းလာခဲ့ချိန် ယူအက်စ်အေ၊ယူကေစသဖြင့် နိုင်ငံတကာအလံများကို ကိုင်မြောက်ပြီး လူငယ်သဘာဝစတန့်ထွင် ကလပ်ဖွဲ့ ရေပက်ထွက်ကစားကြခြင်းဖြစ်သည်။
မိမိကြိုက်နှစ်သက်ရာ ယုံကြည်ထောက်ခံရာကို ရွေး ချယ်ကြခြင်းဖြစ်သည်။သို့ရာတွင် ယခုလူငယ်များ နာဇီအလံနှင့်ပက်သက်ပြီး နာဇီအဖွဲ့၏အကြောင်း ကို ဂဃနဏသိကြသလား၊သို့မဟုတ် သိသိရင်းဖြင့် တမင်သက်သက် ထောက်ခံကြခြင်းလားပင်ဖြစ် သည်။
အချို့က လူမဆန်သည့်ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်များကို ထောက်ခံကြခြင်းနှင့် တူသည်ဟု ဝေဖန်ကြသလို တချို့ကလူငယ်တွေမသိလိုက်ကြဘဲ အပျော်သက်သက် ကိုင်ဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။တချို့က မီဒီယာကို အပြစ်တင်ဝေဖန်ကြသည်။
မိမိအမြင်မှာတော့ မီဒီယာကိုအပြစ်ပြောစရာ အ ကြောင်းမရှိ။မီဒီယာဆိုသည်မှာ သတင်းဖြစ်ဖွယ်အ ရာကို ဘက်မလိုက်ဘဲ မီးမောင်းထိုးပြဖို့ဖြစ်သည်။သို့ရာတွင် နိုင်ငံတကာပြောပြော ဒေသခံကပင်ဆိုဆို သေချာသည်မှာ သမိုင်းမလှသည့်သူများကို ထော က်ခံရင်တော့ ထောက်ခံသူများ၏ အပြစ်ပင်ဖြစ်လိမ့်မည်။
တဖက်မှာ အဆိုပါလူငယ်များဖြတ်သန်းရာ နိုင်ငံ ရေးစနစ်အခြေအနေနှင့် ပညာရေးစနစ်သည် တွေး တော ဆင်ခြင်မှုကိုမြင့်တင်ပေးခဲ့သည့် အဆင့်အတ န်းထဲမှာရှိမနေခဲ့ဘဲ သူတို့နှင့်အနီးကပ်နေကြသည့် ဝန်းကျင်အသိုင်းအဝန်းလည်း ထောက်ပြဖို့အရေးပါသည်ဟုမြင်သည် ။
နောက်တစ်ချက်က ထင်ရှားသည့် အင်္ဂ လိပ်စကားစု တစ်ခုဖြစ်သည့်”A little knowledge is a dangerous thing ” အကြောင်းအရာတစ်ခုကို နည်းနည်းသာသိခြင်းသည် အင်မတန်အန္တရာယ်များခြင်း”ဆိုသကဲ့သို့ပင် လုပ်ရပ်တစ်ခုကို မဆင်မခြင်ဘဲ တမျိုးဆွေလုံး ဒုက္ခရောက်ဖို့ နောက်ဆက်တွဲထည့်တွက်မစဉ်းစားသူ မများလာဖို့ပင်လိုသည်။
နောက်ဆက်တွဲသင်္ကြန်များ
ရခိုင်ဒေသတွင်း သင်္ကြန်ပွဲတော်ကာလဆင်နွှဲကြသည့် နေ့ရက်များမှာ မတူကွဲ ပြားစွာဖြင့် ရှိနေသည်က စိတ်ဝင်စားစရာကောင်းလှသည်။ပန်းမြောင်းတိုက်နယ်၊လေးညှင်းတောင်ရွားများရှိရာ လေးမြို့ချောင်းဖျားတခွင်နှင့် မောင်တောနယ်စပ်သင်္ကြန်ကတော့ နှစ်ဆန်းတစ်ရက်နေ့မှစတင်သည်။
သင်္ကြန်၊အကြို၊အကျ၊အကြတ်၊အတက်နေ့များတွင် ဥပုသ်သီလစောင့်ကြပြီး ရေကစားလေ့ မရှိကြောင်းသိရသည်။နယ်ဒေသအချို့မှာသင်္ကြန် ပွဲတော်ကို အချိန်ကြာကြာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြသည်ဟုသိရသည်။
ထို့ထက်မကသင်္ကြန်လွန်ပြီးတနင်္ဂနွေ သင်္ကြန်ရက်များလည်း မြို့စစ်တွေတွင်ကျန်နေသေးရာ လွန်စွာပျော်ပျော်ရွှင်ရွှင် နေတတ်သူများပင်ဖြစ်သည်ဟု တွေးကြည့်မိသည်။
သဘာဝပတ်ဝန်းကျင်ရှူ့ထောင့်
သည်နှစ်စာပေမိတ်ဆွေ သုံးလေးယောက်လောက်နှင့်သင်္ကြန် ရေသဘင်ပွဲတော်ကို အတိုက်ခံလုပ်သ ည့် သဘာဝပတ်ဝန်းကျင်ရှူထောင့်က အတွေးစလေးတွေပြောဖြစ်သေးသည်။ယင်းကားအခြားမဟုတ်သ င်္ကြန်သည် ရေအရင်းမြစ်များစွာကို ဆုံးရှုံးသွားစေသည့် ရေခမ်းကာလတွင် ရေသုံးစွဲမှုများသည် လွန် ကဲစွာသုံးကြသည်ဟု ယူဆကြသည်။ဥပမာ စစ်တွေမြို့တွင် ကန်တော်ကြီးရေပေးဝေမှု နှေးကွေးသွားချိန် မြေအောက်အဝီစိရေကိုသာတင်ပြီး အားကိုးနေကြခြင်းဖြစ်သည်။လူသုံးရန်သာမက ပျော်ဖို့ကဲဖို့ ပိုက်လိုင်းစုံနှင့် သုံးလိုက်ဖြုန်းလိုက်ခြင်းဟု မိတ်ဆွေတချို့ကမြင်ယောင်ခြင်း ဖြစ်သည်။
သို့ရာတွင် သင်္ကြန်ကိုရပ်ဖို့ကလည်းမဖြစ်နိုင်သလို ရေကိုမသုံးဖို့ကလည်းမဖြစ်နိုင်။မဏ္ဍပ်တိုင်းလိုလိုက ရေပိုက်လိူင်းများစွာနှင့် ထိုးလောင်းနေကြသည်ကိုမြင်ယင်း လူပျိုဘဝက ချစ်ရသူကိုအနီးကပ် ရေ လောင်းခဲ့သည်ကို သတိရမိသည်။
ရေဖလားကိုင်ထားသော သူမ၏နံဘေး ရေစိုစို ရီဝေဝေမျက်ဝန်းလေးတွေအကြည့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချယင်း အနီးကပ်ရင်ခုန်စွာ ရေ လောင်းခဲ့သည့်အခိုက်အတန့်သည် ယခုကဲ့သို့ရေ ပိုက်ဖြင့် ထိုးလောင်းခြင်းကြကြောင်း ပျောက်ကွယ်သွားခဲ့ပြီလားဟု တွေးကြည့်ယင်း……………..။
https://www.facebook.com/permalink.php?story_fbid=161396036302711&id=107469705028678