(ဧပြီ ၆ ရက်ကစ၍ ကာကွယ်ဆေးထိုးပြီးသူများ ခရီးသွားလျှင် ဆေးထိုးပြီးကြောင်းလက်မှတ်ကိုင်ဆောင်သွားရန်တိုက်တွန်း)
By Boder News Agency (BNA) / 2022 April 03
ရသေ့တောင်မြို့အတွင်း ခရီးသွားပြည်သူတွေကို ကိုဗစ် ကာကွယ်ဆေးထိုးနှံထားခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေးသွား မှာဖြစ်ပြီး မထိုးရသေးသူတွေကို တစ်ခါတည်းထိုးနှံပေးသွားမယ်လို့ မြို့နယ်ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေးကော်တီက ထုတ်ပြန်ပါတယ်။
လာမယ့် ဧပြီလ ၆ ရက်နေ့ကနေစပြီး မြို့ပေါ် လမ်းဆုံလမ်းခွတွေ၊ ကားဂိတ်၊ ကူးတို့ဆိပ်စတဲ့ လူစည်းကားတဲ့နေ ရာတွေမှာ မြို့ပေါ်နေပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေကနေ အဲဒီလို စစ်ဆေး သွားမှာပါ။
ကိုဗစ်ကာကွယ်ဆေးထိုးနှံသူအရေအတွက် ပိုများလာအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး ယခု ဧပြီလအတွင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင်အထိ ထိုးနှံသွားမယ်လို့ အဲဒီကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ရှိသမျှလူ မထိုးမနေရဖြစ်အောင် မထိုးရသေးတဲ့လူတွေကို ဖမ်းဆွဲထိုးမယ့်ပုံစံမျိုးပါ။ ၁၀၀ ရာခိုင်နှုန်း၊ percen tage(ရာခိုင်နှုန်း) တက်အောင်ပေါ့”လို့ ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ခင် ထားရွှေက ပြောပါတယ်။
အဲဒီလို ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကို တစ်ခါတည်းထိုးနှံပေးသွားမှာဖြစ်တဲ့အတွက် ဆေးထိုးထားပြီးတဲ့ သူတွေအနေနဲ့ ခရီးသွားလာကြတဲ့အခါမှာ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်တွေကို တစ်ပါတည်း ကိုင် ဆောင်သွားလာကြဖို့နဲ့ ပူပေါင်းပါဝင်ကြဖို့ကိုလည်း အဲဒီကိုဗစ်ကော်မတီက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ မြို့ပေါ်ကို နယ်ကျေးရွာတွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကျောင်သားတွေ၊ သူတို့ရဲ့မိသားစု ဝင်တွေ ရောက်နေကြပါတယ်။ သူတို့တွေထဲက ကာကွယ်ဆေးမထိုးရသေးသူတွေကို ထိုးပေးလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ်လို့ ဒေါ်ခင်ထားရွှေက ဆိုပါတယ်။
“အကုန်လုံး ဆေးထိုးပြီးသားဖြစ်သွားရင်တော့ သူ့အတိုင်းအတာနဲ့သူ ကာကွယ်ပြီးသား ဖြစ်သွားမှာပေ့ါ။ ဒါက ကောင်းပါတယ်။ အကုန်လုံးလိုက်ပြီးတော့ ပါဝင်ဖို့တော့ လိုတာပေ့ါ”လို့ ရသေ့တောင်မြို့နယ်မှ ကိုသိန်းကျော်က ပြောပါတယ်။
လက်ရှိမှာ ရသေ့တောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူအရေအတွက်ဟာ ၇၀ ရာခိုင်နှုန်းကျော်အ ထိ ရှိနေပြီလို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
https://www.facebook.com/permalink.php?story_fbid=157831189992529&id=107469705028678