ရခိုင်သို့ ခြောက်ဘီးကားနဲ့တင်လာတဲ့ ဘီလီယံ ၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းဆီးရမိ

By Boder News Agency (BNA) / 2022  April 13

(ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်က‌နေ ရခိုင်သို့သယ်ယူလာတဲ့၊သယ်ယူဖို့ပြင်ဆင်ထားတဲ့ ငွေကျပ် ၃၂ ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို  ဧပြီလ ၁၂ ရက်၊မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရန်ကုန်ကနေ ရခိုင်ပြည်နယ်အတွင်းကို ခြောက်ဘီးကားနဲ့ တင်ယူလာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်းကို ကနဦးအနေနဲ့ ရခိုင်ပြည်နယ်၊အမ်းမြို့နယ် ၊ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့​ပြီး အဲဒီကနေ ကွင်းဆက်အနေနဲ့ ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်မှာထပ်ပြီးတော့ ဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဆေးပြားတွေဟာ ရခိုင်ပြည်နယ်သို့ သယ်ဆော င်မယ့်ဆေးပြားတွေဖြစ်ပြီး ကာလတန်ဖိုးအရ ကျပ်ငွေ ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိကြောင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC Myanmar)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ မူးယစ်ဆေးသယ်ဆောင်လာသူ ခြောက်ဦးကို ဖမ်းဆီးရမိထားပြီး ကွင်းဆက်တွေကို ဆက် လက်စစ်ဆေးနေတယ်လို့ CCDAC Myanmar က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်ကလည်း အဲဒီအမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်မှာပဲ ငွေကျပ် ဘီလီယံ ၃၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဒါကြောင့် ဆယ်ရက်အတွင်း ရန်ကုန်က‌နေ ရခိုင်ကို ပို့တဲ့ ငွေကျပ်ဘီလီယံ ၆၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း ရန်ကု န်ကနေ ရခိုင်-ဘင်္ဂလားဒေရှ်နယ်စပ်ကိုပို့မယ့် ငွေကျပ် ၁ ဘီ လီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေကို ရန်ကုန်မြို့မှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဒါကြောင့် ရန်ကုန်ကနေ ရခိုင်သို့ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေ အဆက်မပြတ်တင်သွင်းနေတာဖြစ်တယ်လို့ ရခိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။

“ကုန်ကားကြီးတွေနဲ့ ပေါ်ပေါ်ထင်ထင်ကို သယ်လာကြတာလေ။အခုဖမ်းမိတာက နည်းနည်းလေးပဲ ရှိမယ်ထင်တယ်။ထပ်ပြီးတော့ အများကြီးရှိအုံးမယ်။ကြိုးကိုင်နေတဲ့သူတွေကို မမိသရွေ့တော့ ဘာမှထူးမှာမဟုတ်ပါဘူး။”လို့ ၎င်းက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောခရို င်အပါအဝင် ရခိုင်ပြည်နယ်အတွင်း များပြားတဲ့ပမာဏနဲ့ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိပါတယ်။

ဒါပေမယ့် သယ်ယူလာတဲ့ယာဉ်မောင်း တွေကိုပဲ ဖ မ်းဆီးရမိပြီးတော့ ကွင်းဆက်တရားခံ့တွေကိုတော့ ဖမ်းဆီးရခြင်းမျိုး မတွေ့ရဘူးလို့ ဒေသခံပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=160084503100531&id=107469705028678

Leave a Reply

Your email address will not be published.