By Boder News Agency (BNA) / 2022 April 13
ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ဝက်ခေါင်းကျေးရွာအ နီးမှာ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်၊ဒီနေ့မနက် ၁၁ နာရီအချိန်လောက်က ရက္ခိုင့်တပ်တော် (AA)နဲ့အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခုချိန်ထိစစ်ရေးတင်းမာနေတ ယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ မြေပုံမြို့ကနေ မင်းပြားမြို့ဖက်သို့သွားတဲ့ကားလမ်းဘေးရှိ ဝက်ခေါင်းရွာက ပုဂ္ဂလိကကျန်းမာရေးဆေးခန်းမှာ စစ်ကောင်စီ
တပ်ဖွဲ့ဝင်တွေလာရောက်တပ်စွဲထားတာကို ပြန်လ ည်ဆုတ်ခွာသွားဖို့ပြောဆိုပြီးနောက် ပစ်ခတ်တာတွေဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“စစ်တပ်က ရွာနားဆေးခန်းမှာ နေရာယူထားတာသုံးရက်လောက်ရှိပြီ။အဲတာကိုသွားတားတဲ့အခါ တပ်ကဆုတ်ပေးတယ်။ရွာနဲ့ ပေ ၂၀၀အကွာက သိမ်ကျောင်း၊စေတီတောင်ကို တက်သွားကြတယ်။အေအေက အဲဒီတောင်ပေါ်ကိုမတက်ဖို့တားတဲ့အခါ ပစ် ခတ်မှုတွေဖြစ်ကြတာပါ”လို့ ဝက်ခေါင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
အဲဒီတိုက်ပွဲကြောင့် မြေပုံ-မင်းပြားကားလမ်းတစ် လျှောက်မှာ အာဏာသိမ်းစစ်ကောင်စီဖက်က အင် အားတိုးချဲနေရာယူလာတာမို့ အနီးအနားကဒေသခံရွာသားတွေ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပစ်ခတ်သံက ဗြောင်း…ဗြောင်း၊ဂျိမ်း…ဂျိမ်းဆိုပြီး ကြားရတယ်။ဒါကြောင့် ကလေးတွေရော၊သက်ကြီးရွယ်အိုတွေပါ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတ ယ်။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ အချိန်အနည်းငယ်သာကြာခဲ့ပေမယ့် RPGအပါအဝင် လက်နက်ငယ်တွေနဲ့အပြန်အလှန် ပစ်ခတ်သံတွေကြားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ပွဲကြောင့် မင်းပြား-မြေပုံကားလမ်းတစ် လျှောက် ခရီးသွားတွေ၊ယာဥ်တွေ အသွားအလာတွေရပ်တန့်နေပြီး တိုက်ပွဲပိုမိုပြင်းထန်လာမှာကိုတော့မလိုလားဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“ခုတော့ အေအေဖက်ကလည်း အင်အားတွေ ထပ်လာနေတယ်လို့ကြားတယ်။ဒီဖက်(စစ်တပ်)ကလ ည်း ကား ၂ စီးနဲ့လာတယ်လို့ကြားတယ်။လောလော ဆယ် အတိအကျတော့မသိသေးဘူး။စောင့်ကြည့်နေကြတယ်။”လို့ မြေပုံမြို့နယ်မှ လွှတ်တော်အမတ်ဟောင်တစ်ဦးက BNAသို့ ပြောပါတယ်။
ခုအချိန်ဟာ မြန်မာနှစ်သစ်ကူးကာလမို့စစ်ပွဲတွေဆီဦးတည်သွားမှာကိုလည်း မလိုလားကြဘူးလို့ ဒေသ ခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တိုကြား နှစ်နှစ်ကျော်ကြာတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀ ၂၀ပြည့်နှစ်၊နိုဝင်ဘာလကစတင်ပြီး ယာယီအပစ်ရ ပ်နေခဲ့ပါတယ်။
ဒါပေမယ့်ဒီနှစ်၊ဖေဖော်ဝါရီလ ၄ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း၊မီးတိုက်ကျေးရွာအနီး၊လ က်ပံတောင်ကြောမှာ အေအေနဲ့စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားခဲ့ပါတ ယ်။
”စစ်တပ်ဖက်ကတော့ အမြဲတမ်းလိုလိုရိက္ခာ၊လက်န က်တွေ သယ်နေတာကိုတွေ့နေရပါတယ်။မြို့ပေါ်တွေမှာဆိုရင်လည်း ကားကြီးတွေနဲ့သွားလာနေကြတာ မြို့တိုင်း၊နေရာတိုင်းမှာမြင်တွေ့နေရပါတယ်။” လို့ ရခိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။
ရခိုင်မှာ ၆၀ ရာခိုင်နှုန်းအထိလွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေကိုအာဏာသိမ်းစစ်ကောင်စီဖက်က နှောက်ယှက်နေတာတွေရှိနေတယ်လို့ အေအေဖက်က ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီလိုအနှောင့်အယှက်ပေးနေတာတွေဟာ မလွဲမ ရှောင်သာရင်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဧပြီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အေအေဖက်က ပြောဆိုထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့စစ်ဦးစီချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က”ရဲဘော်တို့—စစ်ရေးသတိကို ဘယ်တော့မှ မပေါ့ဆကြနဲ့။ဗဟိုကအမိန့်ပေးလာတာနဲ့ တိုက်ပွဲ ဝင်ဖို့ အဆင်သင့်ရှိနေကြပါ။” လို့ တပ်တော်ရဲ့ ၁၃ နှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
မြန်မာစစ်တပ်က ရွေးကောက်ခံပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာ သိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ
ဖြစ်ပွားနေပေမယ့် ရခိုင်မှာတော့ အတိုင်းအတာတစ်ခုထိ တည်ငြိမ်နေခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဖက်က လက်နက်ရိက္ခာစုဆောင်ပြီး စစ်ကားကြီးတွေ၊ရေတပ်သင်္ဘောကြီးတွေနဲ့စစ်ရေးလှုပ်ရှားမှုတွေကို မကြာခဏပြုလု ပ်နေတဲ့အပြင် ဒေသခံခရီးသွားပြည်သူတွေကို စစ် ဆေးမှုတွေလည်း မကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေက ဆိုပါတယ်။
https://www.facebook.com/permalink.php?story_fbid=160098909765757&id=107469705028678