ရခိုင်ပြည်ဟိုက်ကာရီ ကရာတေးဒိုသင်တန်းဆင်းပွဲ သင်တန်းသား ၅၀၀ ကျော်ဖြင့်ပြုလုပ်

By Narinjara / 2022 April 09

မြထွီးသျှင်

ဓာတ်ပုံ – မြထွီးသျှင် / နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်ဟိုက်ကာရီ ကရာတေးဒိုအသင်း၏ ၄၃ ကြိမ်မြောက် နွေရာသီဟိုက်ကာရီ ကရာတေးဒိုသင်တန််းဆင်းပွဲကို သင်တန်းသား ၅၀၀ ကျော်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲကို စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဟိုက်ကာရီ ကရာတေးဒိုသင်တန််းကွင်းတွင် ယနေ့ ဧပြီလ ၉ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းသူ၊ အသင်း ၅ဝဝ ကျော်အပါအဝင် ရခိုင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားမှူးနှင့်တာဝန်ရှိသူများ၊ အားကာ/သိပ္ပံဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကွယ်လွန်သွားလေပြီဖြစ်သော ရခိုင်ပြည်နယ် ဟိုက်ကာရီကရာတေးဒိုအသင်းဖခင်ကြီးဖြစ်သူ နည်းပြချုပ် ဦးကျော်ဝင်းအား ၃ စက္ကန့်ဂါရဝပြုခြင်းနှင့် အသင်းသူ၊ သားများက သရုပ်ပြကွက်များပြသခြင်းတို့ကို သင်တန်းဆင်းပွဲတွင် ပြုလုပ်ခဲ့ကြသည်။

အသင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအောင်အောင်က “ပုံမှန်ဆိုရင်တော့ ၄၅ ရက်ကစားရမှာပါ။ အခုက သင်္ကြန်နဲ့နီးနေတော့ သင်တန်းဆင်းပွဲအနေနဲ့လုပ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ၄၅ ရက်ပြည့်အောင်တော့ ပြန်ကစားရမှာပါ”ဟု နိရ ဉ္စရာကိုပြောသည်။

အဆိုပါသင်တန်းကို နွေရာသီတွင်ကျောင်းပိတ်ထားသည့် ကျောင်းသားလူငယ်များအတွက်ရည်ရွယ်၍ စစ်တွေရှိ နေရာ(၈)ခု၌ ပြီးခဲ့သည့် မတ်လ ၂ဝ ရက်မှစတင်ကာ အခမဲ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5364850370193663

Leave a Reply

Your email address will not be published.