ရခိုင်တိုက်ပွဲကြားက မိုင်းဒဏ်သင့်သူများအတွက် စိန်ခေါ်ချက်များ

By Boder News Agency (BNA) / 2022  April 04

(ဓာတ်ပုံ-ရခိုင်တိုက်ပွဲအတွင်း စစ်ကျန်လက်နက်ထိမှန်ဒဏ်ရာရရှိခဲ့သူတစ်ဦး/BNA)

ရခိုင်တွင် မိုင်းနှင့်စစ်ကျန်လက်နက်ထိမှန်သူ ၃ ဦးလျှင် ၁ ဦးနီးပါး(၃၀ ရာခိုင် နှုန်း)မှာ သေဆုံးနေရပြီး ထက်ဝက်နီးပါး(၄၅ ရာခိုင်နှုန်း)မှာ ခြေပြတ်၊လက် ပြတ်ကာ မသန်စွမ်းဖြစ်နေရသည်။

အသက် ၂၈ နှစ်အရွယ် ကိုညီပုချေမှာ သူသွားလိုသည့်ဦးတည်ရာအရပ်ကို ခြေလှမ်းမှန်မှန်ဖြင့် လျှော က်နေသော်လည်း သူ့မျက်လုံးများက လမ်းပေါ်တွင်မရှိဘဲ အတွေးနယ်ချဲ့နေသူများ၏ အနေအထားဖြစ်နေသည်။

အမှန်ပင် သူ၏စိတ်များမှာ ယခင်နေ ထိုင်ခဲ့သော သူ့ဇာတိရွာသို့ရောက်နေပြီးသူကြုံခဲ့ရသော အတိတ်ကဖြစ်ရပ်ဆိုးများကို အမှတ်ရနေသည်ဟု ကိုညီပုချေက ပြောသည်။

မကြုံချင်သော်လည်း ကြုံခဲ့ရပြီဖြစ်သော ထိုအတိ တ်ဖြစ်ရပ်များက ရုပ်ရှင်တစ်ကားထိုင်ကြည့်နေရသလို မှတ်ဉာဏ်ထဲ၌ တစ်ကွက်ပြီးတစ်ကွက် အထင်း သားပေါ်လာကြောင်း ပြောသည်။

ထို့နောက် ရှေ့ဆက်ပြီး ဘ၀ရပ်တည်ရေးအတွက် လမ်းလျှောက်တိုင်း၊တစ်ယောက်တည်းထိုင်နေသည့်အချိန်တိုင်းတွင် နေ့စဉ်နှင့်အမျှ ယအတွေးနယ်ချဲ့နေခဲ့ပြီး ရသမျှအကြံကိုလည်း ထုတ်ခဲ့သည်။သို့သော် သက်ပြင်းများအခါခါ ချမိသည်သာ အဖ တ်တင်ခဲ့ပြီး အဖြေကားထွက်မလာခဲ့ဟု ဆိုသည်။

ကိုညီပုချေ ကြုံခဲ့ရသည့်ဖြစ်ရပ်ဆိုးမှာ ဖြစ်ပြီး ပျက်သွားမည့်၊ကာလတစ်ခုအရောက်တွင် မှေးမှိန်သွားမည့် ဖြစ်ရပ် မျိုးမဟုတ်။ကိုယ်နှင့်မကွာ ကပ်ပါလာမည့်ဖြစ်ရပ်မျိုး။သို့အတွက် ကိုညီပုချေတစ်ယောက် ဘ၀ရှေ့ရေးကြိုတွေးကာ ပူပန်နေရခြင်းဖြစ်သည်။

ကိုညီပုချေထံသို့ ဖြစ်ရပ်ဆိုး ဆိုက်ရောက်လာသည် မှာ လွန်ခဲ့သော တစ်နှစ်ကျော် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်က ဖြစ်ပြီး ၎င်းနေထိုင်သော မြေပုံမြို့နယ် စညှင်းကျေးရွာအနီးရှိ တောင်ပေါ်သို့ သစ်ခုတ်သွားချိန် မိုင်းထိမှန်ခဲ့၍ ခြေတစ်ဖက်ဖြတ်ခဲ့ရခြင်းဖြစ်သ ည်။ထိုကာလက ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့် ကာလဖြစ်သည်။

သို့သော် တိုက်ပွဲဖြစ်စဉ်က စစ်တလင်းဖြစ်ခဲ့ရသော စညှင်းရွာအနီး တောင်တ န်းများနှင့်တောစပ်၊တောင်စပ်တို့တွင် မြေမြှပ်မိုင်းများရှိနေမည်ကို ကိုညီပုချေအပါအဝင် အနီးတ၀ိုက်ဒေသခံများက ကြိုသိကြသည်။မိုင်းနှင်းမိ၍ သေဆုံးဒဏ်ရာရသည်ဟူသော သတင်းများကိုလည်း မြင်တွေ့၊ကြားသိခဲ့ဖူးပြီးဖြစ်သည်။

ယင်းကြောင့် ကိုညီပုချေ တောထဲသို့ သွားလိုစိတ်မရှိ။သို့သော် ဝမ်းရေးအတွက် လိုအပ်လာသောအခါ ကံတရားကို ခေါင်းပေါ်ရွတ်၍ တောင်ပေါ်သို့ တက်ခဲ့ရတော့သည်ဟု ကိုညီပုချေက ပြန်ပြောပြသည်။

တစ်ခုတည်းသောအားကိုးရာ ကံတရားကလည်း ကိုညီပုချေအပေါ် မျက်နှာသာမပေးခဲ့။ “လူမွဲကို နတ်မမြင်”ဆို သလို ကာယကိုအားကိုး၍ ကျဘန်းလုပ်ကို င်စားသောက်နေသည့် ကိုညီပုချေမှာ မည်သူတို့ မြှပ်ထားခဲ့သည် မသိသော မိုင်းအားတည့်တည့်သွား၍ နှင်းမိတော့သည်။

“ရင်တွေတုန်ပြီး သတိလစ်သလို ဖြစ်သွားခဲ့တယ်။သတိထားပြီးတော့ ခန္ဓကိုယ်အနှံ့ သိုင်းဝန်းကြည့်လိုက်တော့ တစ်ကိုယ်လုံး သွေးတွေ၊ညာခြေထော က်မှာ ပန်းဖွားတက်နေပြီ။အသားစများ နေရာအနှံ့ ပြန့်ကြဲလို့။” ဟု ကိုညီပုချေက ပြန်​ပြောပြသည်။

မိုင်းထိမှန်ခဲ့သော ကိုညီပုချေကို  ဆရာဝန်များက ခြေထောက်တစ်ဖက်ကို ဖြ တ်ခဲ့ရသည်။တစ်ခြားခြေထောက်တစ်ဖက်မှာလည်း မိုင်းစများထိမှန်၍ အပေါ က်အပြဲဒဏ်ရာများစွာနှင့်။ကျောကုန်းတွင်လည်း မိုင်းစထိမှန်ခဲ့သော ဒဏ်ရာများအပြည့်။ပြင်းထန်လွန်းသော ဒဏ်ရာများကြောင့် မြေပုံမြို့နယ်ကမ်း‌ထောင်းကြီး ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ပြောင်း၍ ကုသမှုခံယူရသည်။

စစ်တွေဆေးရုံရောက်ချိန်တွင်လည်း ခြေထောက်ခွဲစိတ်ရန် လိုအပ်သည့်အတွက်ဟုဆိုကာ ပုဂ္ဂိလက ဆေးရုံသို့ ပို့ပြန်သည်။ထိုမှာ ကိုညီပုချေ ပူပန်ရပြီ။ အခမဲ့နီးပါး(ထိုးဆေး၊ သောက်ဆေးအချို့ ပြင်ပမှ ဝယ်ရသည်) ဆေးကုသ၍ရမည့် အစိုးရဆေးရုံတွင်ဆိုလျှင် ကုန်ကျစရိတ်ပိုနည်းမည်မဟုတ်လား။ ယခု ပုဂ္ဂလိက ဆေးရုံတက်ခိုင်းတော့ ဆေးဖိုးဝါးကုန်ကျ စရိတ်အတွက် ပူပန်ရပြီ။

ကံကောင်းသည်ဟု ဆိုရမည်။အလှူရှင်အဖွဲ့အစည်းများက ဆေးကုသစရိတ် ဝိုင်းဝန်းထောက်ပံ့ကြ၍ ကိုညီပုချေ အဆင်ပြေသွားသည်။

ခြေထောက်ခွဲစိတ်ပြီးလျှင် အနာကျက်အောင် စောင့်ရမည်။ဆေးရုံတက်၍ ကုသစရာမလိုတော့ပြီ။သို့သော် ရက်သတ္တတစ်ပါတ်ခြားတစ်ခါ၊နှစ်ပတ်ခြားတစ်ခါ အနာကိုဆေးရုံသို့ သွားပြရအုံးမည်။ယင်းအတွက် ကိုညီပုချေ ထပ်၍ ပူပန်ခဲ့ရသည်။ရွာပြန် သွားလျှင်လည်း စစ်တွေမြို့သို့ တစ်ခေါက် ပြန်လာဖို့ လမ်းစရိတ်က မလွယ်။စစ်တွေမြို့တွင် တည်းခို၍ နေမည်ဆိုပါကလည်း ဆွေမရှိ၊မျိုးမရှိ၊အပေါင်းအ သင်းမရှိ။

နောက်ဆုံးတော့ စစ်ဘေးဒုက္ခသည်များကို ခုံလှုံခွင့်ပေးထားသည့် စစ်တွေမြို့ရှိ အလိုတော်ပြည့်ဘုန်း ကြီးကျောင်းသို့ ရောက်သွားသည်။လအနည်းငယ်အကြာတွင် ကိုညီပုချေအား နိုင်ငံတကာ ကူညီရေးအဖွဲ့ တစ်ခုဖြစ် သော အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ခြေတုတပ်ဆင်ပေး၏။ ယခုထိုခြေတုဖြင့် လမ်းလျှောက် ကျင့်နေသည်။  ပုံမှန်လမ်းလျှောက်၍ မရသေး။နာရီဝက်ခန့် လမ်း လျှောက်လျှင်ပင် ခြေထောက်က နာလာသည်ဟု ဆိုသ ည်။

“ခြေထောက်က နာနေတုန်းပဲ။လုံး၀ပြန်ကောင်းရင်တောင် နဂိုအလုပ်တွေ လုပ်နိုင်တော့မယ် မထင်ဘူး။”ဟု ကိုညီပုချေက သက်ပြင်းတစ်ချက်ချပြီး ပြောသည်။

စုမိ၊ဆောင်းမိ မည်မည်ရရမရှိသေးသော ညှားခါစလင်မယားနှစ်ယောက် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတွင် နေလာခဲ့သည်မှာ တစ်နှစ်ကျော်ပြီ။ထိုစခန်းတွင် ကူညီရေးအဖွဲ့အချို့မှ ခွဲတမ်းရသည့် ထောက်ပံ့ငွေအနည်းငယ်ဖြင့် စားသောက်နေထိုင်ကြရသည်။သို့သော် မလောက်မငှသာ။

သာမာန် စစ်ဘေးသင့်ဒုက္ခသည်မဟုတ်တော့ ထမင်းနှစ်နှပ် နှပ်မှန်စားရရုံမျှဖြင့် အဆင်မပြေ။

မိုင်းကြောင့် ဖြတ်လိုက်ရသည့် ခြေ ထောက်ဒဏ်ရာ ပြန်ကောင်းဖို့လိုသည်။အနာမြန်မြန်ကျန်ဖို့ အ ရေးကြီးသည်။ ယင်းအတွက် အာဟာရပြည့်စေသော အသား၊ ငါးတို့ စားပေးရမည်ဟု ဆရာဝန်က မှာ ထားသည်။သို့သော် အသားငါးဝယ်ရန် ကိုညီပုချေတို့ မတတ်နိုင်။အစပိုင်းကာလများတွင် စုမိဆောင်းမိအနည်းငယ်ကို ထုခွဲရောင်းချကာ စား ကြ၊သုံးကြသေးသည်။

“ငါး၊ဟင်း ကိုယ့်ဟာကိုယ် ဝယ်ပြီးချက်ရတယ်။ပြင်ပက အားရှိတဲ့အစားအစာတွေ၊ကိုယ့်ကိုယ်ကို ချက်စားရတာ။” ဟု ကိုညီပုချေ၏ဇနီး မမိုးတင်ရွှေက ပြောသည်။

နောက်တွင် စုမိဆောင်းမိအချို့လည်း ကုန်ပြီ။ကိုညီပုချေထပ်၍ ပူပန်ရပြီ။မတတ်သာအဆုံး ရွာတွင်ရှိသည့် မိဘများကို အပူကပ်ရပ်တော့သည်။မိဘများမှာလည်း ကိုညီပုချေတို့နည်းတူ ဆင်းရဲပင်ပန်းကြသည်။သို့သော် ရှိစုမဲ့ စုငွေစအချို့ကို မိုင်းကြောင့် မသန်စွမ်းဖြစ်သွားရသည့် သားအတွက် ပို့ပေးကြသည်။

ထိုငွေများကုန်လျှင် နီးစပ်ရာတတ်နိုင်သူများထံမှ ချေးငှား၍ပါ ပို့ပေးသည်ဟု မိသားစုဝင်များက ပြောသည်။

“မိဘတွေမှာလည်း သားသမီးဖြစ်ရင် မနေနိုင်ဘူး။မရှိ၊ ရှိတာရှာပြီး ပေးကြတယ်”ဟု ကိုညီပုချေက ပြောသည်။

လက်ရှိတွင် ကိုညီပုချေတို့ ချေးယူသုံး စွဲထားသည်မှာ ငွေကျပ်ခုနှစ်သိန်းခန့်ရှိပြီဟု ဇနီးဖြစ်သူ မမိုးတင်ရွှေက ပြော သည်။ထိုငွေပမာဏမှာ ညှားကာစလ က်လုပ်လက်စား လင်မယားနှစ်ယောက်အတွက်နည်းသည့် ပမာဏမဟုတ်ပေ။ထိုအကြွေးများကို ပြန်ဆပ်ရမည်။

“ဒီမှာနေတုန်း သုံးထားတဲ့ပိုက်ဆံတွေကို ပြန်ဆပ်ရမယ့်ဟာတွေ၊ဒါတွေကို စဉ်း စားရင် မွန်းကြပ်နေတော့တာပဲ။ဘာလုပ်ပြီးဆပ်ရမလဲ”ဟု ကိုညီပုချေက အပေါ်ကို ငေးရင်း ပြောသည်။

ယင်းအကြွေးများကို ဆပ်နိုင်ပြီထားအုံး။မိသားစု ထမင်းစားရေးအတွက် အလုပ်လုပ်ရအုံးမည်။ သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာခုတ်ခြင်း အစရှိသော အလုပ်ကြမ်းများ လုပ်လာခဲ့သည့် ကိုညီပုချေမှာ ခြေတုတစ်ဖက်ဖြင့် ယင်းအလုပ် များကို ယခင်ကလို ပြန်လုပ်နိုင်တော့မည်မဟုတ်ဟု ဆိုသည်။

တခြားသော သက်မွေးဝမ်းကျောင်း လက်မှုပညာရပ်တစ်ခုကိုမျှ မတတ်သော ကိုညီပုချေမှာ အလုပ် ကြမ်းမှလွှဲ၍  ရွေးချယ်စရာမရှိ။ မည်သည့်အလုပ်မျိုး လုပ်ရမည်လဲဆိုသော မေးခွန်းအတွက်လည်း အဖြေထွက်မလာသေး။

စျေးဆိုင်ရောင်းမည် စဉ်းစားသည်။ယင်းအတွက် ငွေကြေးအရင်းအနှီးလိုသည်။တိုက်ပွဲများအပြီး ကျန်နေရစ်ခဲ့ သော မိုင်းဟူသော အရာကြောင့် စုမိဆောင်းမိအချို့မှာလည်း ကုန်သွားခဲ့ရပြီ။အကြွေးပါ ဝိုင်းနေပြီ။စျေးဆိုင်ရောင်းရန် ငွေကြေးဘယ်က ရမည်နည်း။

 “စိတ်ထဲမှာ မွန်းကြပ်ပြီးတော့ ဖြစ်နေတာပေါ့။ ကို ယ့်ဆီ(စညှင်းရွာ)ကို ရော က်သွားရင် လုပ်စားမယ့်ဟာကလည်းမရှိတော့ ဘယ်လိုစားကြမလဲ၊ဘယ်လိုလုပ်မလဲ၊ဝေဖန်ရတာပေ့ါ။အိမ်က မိန်းမကလည်း မလုပ်တတ်ဆိုတော့၊ကျွန်တော်က ဒီလိုဖြစ်သွားရင် ဘယ်လို စားရမလဲ၊အမျိုးမျိုးဝေဖန်တာပေါ့လေ။” ဟု ၎င်းက ဆိုသည်။

အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် လင်မယားနှစ်ယောက် အထီးကျန်စွာဖြင့်နေလာခဲ့ကြသည်မှာ တစ်နှစ်ကျော်ပြီ။ထိုကာလအ တွင်း ရှေ့ဆက်ဘ၀ရပ်တည်ရေးအတွ က် မစဉ်းစားသည့်နေ့ဟူ၍ မရှိခဲ့ဟု ကိုညီပုချေတို့ ဇနီး မောင်နှံက ပြောပြသည်။

“အချိန်တိုင်း ဒါကိုပဲ စဉ်းစားနေတာ၊ ကြာရင် ခေါင်းတွေကိုက်လာရော”ဟု ဇနီးဖြစ်သူ မတင်မိုးရွှေကညည်းသည်။

ကိုညီပုချေတို့ မကြာခင် အနာကောင်းလျှင် အိမ်ပြန်မည်။မိဘဆွေမျိုးများရှိရာ ဇာတိရွာသို့ ပြန်တော့မည်ဟု ဆို သည်။

ကိုညီပုချေကဲ့သို့ပင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက် နက်များပေါက်ကွဲမှုကြောဘင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်မှာ ရခိုင်ပြည်နယ်အတွင်း ၁၂၀ ကျော် ရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက်မှာလည်း ၅၀ ကျော်ပြီဟု စာရင်းကောက်ယူနေသည့်အဖွဲ့အစည်းများက ပြောသည်။

ထိုအထဲတွင် ကိုညီပုချေကဲ့သို့ ခြေပြ တ်၊လက်ပြတ်ကာ မသန်စွမ်းဖြစ်သွားရသူအ‌ရေအတွက်မှာလည်း မနည်းလှပေ။လူဦးရေ (၈၀) ကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ဦးရွှေဘော်စိန်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ထိမှန်သူ သုံးဦးလျှင် တစ်ဦးနီးပါး(၃၀ ရာခိုင်နှုန်း)မှာ သေညဆုံးနေရပြီး ထက်ဝက်နီးပါး(၄၅ ရာခိုင်နှုန်း)မှာ မသန်စွမ်းဖြစ်နေရသည်ဟု ယင်းအချက်အလက်များက မီးမောင်းထိုပြနေခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင်လည်း မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်းခြောက်ထောင်နီးပါးမှာ အသက်သေဆုံးခြင်း(သို့မဟုတ်) ထိခိုက်ဒဏ်ရာရရခြင်းတို့နှင့် ကြုံနေကြရသည်ဟု မိုင်းဒဏ်သင့်ပြည်သူများအား ကူညီပေးနေသည့် ICRC ၏ထုတ်ပြန်ချက်က ဆိုသည်။

မမြင်ကွယ်ရာ၌ ပုန်း၍နေပြီး ရုတ်တရက်ထွက်ပေါ် လာတတ်သော သေမင်း၏တမန်တော် မိုင်းနှင့်စစ်ကျန်လက် နက်တို့ကပေးသော ဒုက္ခမျိုးစုံကို ရခိုင်ပြည်သူတို့ခံနေရသည်မှာ မနည်းတော့ပြီ။

ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မိုင်းနှင့် စစ်ကျန်လက်နက်များအရေးကို အစိုးရနှင့် သက်ဆိုင် ရာအဖွဲ့အစည်းများက စနစ်တကျစီမံချက်ရေးဆွဲကာ အရေးတကြီးဆောင်ရွက်သင့်ပြီဟု မိုင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ဦးရွှေဘော်စိန်က သတိပေးထောက်ပြ သည်။

ထိုအထဲတွင် အသိပညာပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းနှင့် မိုင်းဒဏ်သင့်ပြ ည်သူများအတွက် ပြန်လ ည်ထူထောင်ရေးအစီအမံများ ပါဝင်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ခြေပြတ်လက် ပြတ်မသန်စွမ်းဖြစ်သွားရသည့် ကိုညီပုချေအပါ အဝင် (၈၀) ကျော်သော ရခိုင်ဒေသခံများမှာ ဘ၀ ရပ်တည်ရေးအတွက် အခက်အခဲများစွာနှင့် ကြုံနေကြရကြောင်း ကူညီပေးနေသူများက ပြောကြသည်။

မိုင်းဒဏ်သင့်သူအားလုံးနီးပါးမှာ ကျေးလက်နေဆင်းရဲသား အခြေခံလူတန်းစာများဖြစ်ကြသဖြင့် ပို၍ အထိနာကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒေသခံတွေက ဆင်းရဲတဲ့ဒေသခံတွေဖြစ်တော့ တောတောင်ကို မှီခိုပြီးတော့ စားရတယ်။ဝမ်းစာရေးအခက်အခဲရှိတဲ့ကာလမှာ မိုင်းပေါက်ကွဲသွားတယ်ဆိုရင်၊အိမ်ထောင်ဦးစီးတစ်ယောက် ခြေပြတ်၊လက်ပြတ်ဖြစ်သွားရင် မိသားစုဘ၀ဆုံးရှုံးသွားတဲ့ အခြေအနေဖြစ်တယ်”ဟု မိုင်းအန္တရယ်စိုးရိမ်ရသော ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းက ပြောသည်။

ယင်းကြောင့် မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ထိခိုက်ဒဏ်ရာသွားသူဘများ၊မသန်စွမ်းဖြစ်သွားရသူများအား ဘ၀ရည်တည်နိုင်ရေး သက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးခြင်းအပါအဝင် အလုပ်လုပ်ရန် အရင်းအ နှီး ထုတ်ပေးခြင်းတို့ကို အစိုးရကဦးစီး၍ လုပ်ဆောင်ပေးရန်လိုအပ်ကြော င်း နိုင်ငံရေးပါတီနှင့် ကူညီရေးအဖွဲ့များက တိုက်တွန်းကြသည်။

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ထိုသူတို့၏ ဘ၀ရှင်သန်ရေးအတွက် တာဝန်ယူပေးရန်လိုအပ် ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“သူတို့မှာ ဆုံးရှုံးနေတဲ့ ကိုယ်လက်အင်္ဂါတွေကို အကူအညီပေးဖို့လိုသလို၊ ဒီလူတွေရဲ့ စားဝတ်နေရေးအခက်အခဲ တွေကို ဖြေရှင်းပေးဖို့၊ သူတို့နဲ့ သင့်လျော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း စီစဉ်ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မသန်စွမ်းသူများအစ ည်းအရုံးဥက္ကဌ ဦးလှမြင့်ကလည်း ယင်းသို့လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု တောင်းဆိုသည်။

သို့သော် ပြီးခဲ့သည့် ရွေးကောက်ခံ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အစိုးရအပါအဝင် ယခုအာဏာသိမ်းစစ်ကောင်စီတို့ နှစ်ခုလုံးမှာ ရခိုင်ပြည်အတွင်းမှ ကိုညီပုချေတို့လို မိုင်းနှင့် စစ်ကျန်လက် နက်ဒဏ်သင့် ပြည်သူတို့၏ ဘ၀ရပ်တည်းရေးအ တွက်တစ်စုံဘတစ်ရာအကူအညီပေးခြင်းမျိုးရှိ ခဲ့၊မရှိသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

ယခင်လုပ်ကိုင်နေခဲ့သော သက်မွေးဝမ်းကျောင်းလုပ်ငန်းများအားလုပ်ကိုင်ရန် အဆင်မပြေတော့သည့် မိုင်းဒဏ်သင့် ဆင်းရဲနွမ်းပါးသော ပြည်သူ များ၏ ဘ၀ရပ်တည်ရေးအတွက် အကူအညီပေးရန်မှာ အစိုးရတစ်ရပ်၏ တာဝန်ပင်ဖြစ်ပြီး လုပ်ဆောင်ပေးရမည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန် က ဆိုသည်။

“အစိုးရဆိုတာက တိုင်းပြည်ရဲ့ဆိုးမွေ၊ ကောင်းမွေအားလုံးဟာ သူနဲ့ဆိုင်တယ်။ ”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာကူညီရေးအဖွဲ့အပါအဝင် ဒေသတွင်းအရပ်ဖက်ကူညီရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ကိုညီပုချေတို့လို မိုင်းဒဏ်သင့်ပြည်သူများအား ဘ၀ရပ်တည်နိုင်ရေး ကူညီပေးသင့်ကြောင်း ဦးရွှေဘော်စိန်က တိုက်တွန်းသည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း ယင်းသို့ကူညီလုပ် ဆောင်မှုမျိုး မတွေ့ရလောက်ရှားသည်ဟု ဆိုသည်။

“သူတို့အတွက် ဆေးကုစရိတ်၊သွားစရိတ်၊လာစရိတ်လောက်ပဲ ကူညီနေတာရှိတယ်။ရေရှည်ရပ်တည်နိုင်ရေး ကူ ညီဖို့လိုပါတယ်”ဟု ၎င်းက အကြံပြုသည်။

[စစ်တွေမြို့ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျော င်းတွင် ခိုလှုံနေခဲ့ကြသော စစ်ဘေးနှင့် မိုင်းဒဏ်သင့် အမျိုးသမီး အချို့ကို စစ်တွေမြို့ရှိ ကျူရှင်ဆရာ ဦးသန်းထွန်းနှင့်အဖွဲ့က ဦးဆောင်ပြီး စက်ခြုပ်ပညာ သင်ကြားပေးခြင်တော့ ရှိခဲ့သည်။ထိုအမျိုးသမီးအချို့မှာ ရခိုင်ပြည်နယ်လုံးရှိ မိုင်းဒဏ်သင့် ထိခိုက်ဒဏ်ရာရသူ၊ မသန်စွမ်းဖြစ်သွားရသူအရေအတွက်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ရှိသည်။]

ယင်းကဲ့သို့ မိုင်းထိမှန်၍ ခြေပြတ်လက်ပြတ်ဖြစ်သွားရသည့်အတွက် စားဝတ်နေရေးအခက် ကြုံနေကြရသူများရှိသလို တဖက်တွင်လည်း မိုင်းနှင့် မပေါက်ကွဲဘဲ ကျန်နေခဲ့သောစစ်ကျန်လက်နက်များ၏ အန္တရယ်ကို စိုးရိမ်၍ တောနား၊တောနား ဟင်းခူး၊ထင်းရှာမသွားရဲသဖြင့် စားဝတ်နေရေး အခက်ကြုံကြရသူ အရေအတွက်မှာလည်း များစွာ ရှိနေသည်။

ရခိုင်ပြည်နယ် အမ်း၊မြေပုံ၊မင်းပြား၊ ကျောက်တော်၊မြောက်ဦး၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဘူးသီးတော င်စသည့် မြို့နယ်များမှာ သုံးပုံနှစ်ပုံသော ပြည်သူ များမှာ မိုင်းနှင့် စစ်ကျန်လက်နက်တို့၏အန္တရယ်ကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် လုပ်ကိုင်စားသောက်နေကြရကြောင်း တိုင်းရင်းသားမျိုးနွယ်စုများ အထောက် အကူပြုကော်မတီမှ ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။

လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိပြီး တော၊တောင်ကို မှီခိုအားထား၍ လုပ်ကိုင်စားသော က် နေလာခဲ့ကြသော အမ်းမြို့နယ် ကစုကိုင်းကျေး ရွာမှ ဒေသခံပြည်သူများမှာ ယင်းသို့စားဝတ်နေရေး အခက်ကြုံ နေကြရသည် ဟုဆိုသည်။

“တစ်ယောက်မှတော့ မသွားရဲဘူး။ မသွားရဲတာက အခုကတည်းက မဟုတ်ဘူးဆိုတော့ စားရေးသော က်ရေး သိပ်အခက်အခဲဖြစ်တယ်၊လက်လုပ် လက် စားတွေ တောထဲတောင်ထဲသွားနေကြတဲ့လူတွေ၊ကုန်စျေးနှုန်းကလည်း တက်နေတယ်ဆိုတော့ ငတ်ငတ်ပြတ်ပြတ် နေကြရတာပါပဲ”ဟု ကစုကိုင်းရွာမှ ဒေါ်မြက ပြောသည်။

လတ်တလောတွင် ယင်းကဲ့သို့ စားဝတ်နေရေးအခ က်အခဲဖြစ်နေသော ကျေးရွာများကို စာရင်းကော က်ယူပြီး အထောက်အပံ့များ ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းက အစိုးရအား တိုက်တွန်းသည်။

ပုံမှန်လုပ်လာခဲ့သော သစ်ခုတ်၊ဝါးခုတ်ခြင်း၊ကတက်ဥတူးရောင်းခြင်း၊ဥယျာဉ်ခြံမြေလုပ်ကိုင်ခြင်း၊တောင်ယာခုတ်ခြင်းအစရှိသော အလုပ်များအား မိုင်းအန္တရယ်စိုးရိမ်၍ မလုပ်ရဲကြသဖြင့် စားဝတ်နေရေးအခက်ကြုံနေရသူများမှာ ကြာကြာတောင့်ခံနိုင်ခြင်းမရှိကြပေ။

ဝမ်းရေးအတွက် တခြားသော ရွေးချယ်စရာအလုပ်ကလည်း မရှိပြန်တော့ မိုင်းနှင့် စစ်ကျန်လက်နက်တို့ ရှိနေနိုင် မှန်းသိလျှက်နှင့်ပင် ထိုအလုပ်တို့ကိုပဲ လုပ်ကြရတော့သည်ဟု တောတောင်ကို မှီခိုကာ လုပ် ကိုင်စားသောက်နေကြရသူ များက ပြောသည်။

“စားဝတ်နေရေးက ရှိသေးတော့ သွားကြရတာပဲလေ။ ခံရတော့လည်း ကံပေါ့။ကံကိုပဲ အားကိုးစရာရှိတယ်”ဟု တစ်နှစ်ကျော်ကြာ ပစ်ထားခဲ့သော ဥ ယျာဉ်ခြံသို့အသွားတွင် မိုင်းနှင်းမိ၍ ခြေတစ်ဖက် ဖြတ်လိုက်ရသော ကစုကိုင်းကျေးရွာမှ ဒေါ်မဖြူကပြောသည် ။

ပြီးခဲ့သည့် ဖေဖောဝါရီလ ၁၀ ရက်နေ့ကလည်း တောတောင်ကို မှီခို၍ လုပ် ကိုင်စားသောက်နေကြရသည့် မင်းပြားမြို့နယ်၊သလူချောင်းရွာမှ အမျိုး သားတစ်ဦးမှာ စစ်တပ်က စခန်းချနေထိုင်ခဲ့သော မင်းဖူးတောင်ပေါ်သို့ သွား၍ထင်းခုတ်စဉ် မိုင်းနှင်းမိကာ သေဆုံးသွားခဲ့ရသည်။

“အဲလိုတွေ ဖြစ်မှာကို ကြောက်တော့ ကြောက်တာပေါ့။သေမှာကို မကြောက်တဲ့သူ ရှိပါ့မလား၊ဒါပေမယ့် လုပ်‌ကြ ရတာပါပဲလေ။” ဟု မင်းပြားမြို့နယ် သ လူချောင်းကျေးရွာမှ ဦးကျော်မြက ပြောသည်။

ယင်းကြောင့် မိုင်းရှင်းလင်းရေးကို မဖြစ်မနေ အ ရေးတကြီးလုပ်ဆောင်ပေးရန် လိုအပ်နေပြီဟု ကူညီရေးအဖွဲ့များ ကတိုက်တွန်းကြသည်။

အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ကြားတိုက်ပွဲများ ရပ်စဲနေသော သည်ကာလမှာ မိုင်းရှင်းလင်းရေးလုပ်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်၊အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသေခံများက ထောက်ပြကြသည်။

ယင်းမိုင်းရှင်းလင်းရေးကိုဆောင်ရွက်ရန် အစိုးရအပါအဝင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များမှာ တာ ဝန်ရှိပြီး နိုင်ငံတကာကူညီရေအဖွဲ့များ၏ ထောက်ပံ့ငွေဖြင့်စနစ်တကျဆောင်ရွက်သင့်‌ကြောင်း ဦးရွှေဘော်စိန်က အကြံပြုသည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေက စစ်အေးကာလကိုလည်း ရောက်နေတဲ့အချိန်ကိုယ်တို့ထောင်ထားတဲ့ မိုင်းတွေကို လက်ကျန်မထားဘဲနဲ့ ဖော်သင့်တယ်။ အဲဒါတွေကိုဖော်ပြီးတော့ ကိုယ့်ဟာကိုဘယ်ပြန်ပြီး သိမ်းဆည်း သင့်တယ်လို့ မြင်တယ်။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀ ၂၀ ခုနှစ်တွင် စစ်တပ်က မိုင်းရှင်းလင်းရေးလုပ်ခဲ့သော်လည်း ကားလမ်းဝဲယာ တစ်လျှောက်တွင်သာလုပ်ဆောင်ခဲ့ကြသည့်အတွက် ထိရောက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့မှသာ ကျေးလက်နေပြည်သူများမှာ ဝမ်းတစ်ထွာအတွက် စိတ်အေးလက်အေးဖြင့် လုပ်ကိုင်စားသောက်ခွင့်ရကြမည်ဖြစ်သည်။ယင်းအပြင် နှစ်နှစ်ကျော်ကြာအပြင်းအထန်ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း ဟိုပြေး၊သည်ပြေးနှင့် ဒုက္ခအဖုံဖုံ ကြုံခဲ့ရသော၊ကြုံနေရဆဲဖြစ်သော စစ်ဘေးဒုက္ခသ ည်များအတွက်လည်း နေရပ်ပြန်ရန် မျှော်လင့်ချက် ရောင်ခြယ်ကလေး သန်းလာမည်ဖြစ်သည်။

မိုင်းအန္တရယ် စိုးရိမ်ရသည်ဆိုသောအချက်မှာ စစ်ဘေးရှောင်စခန်းများတွင် ရှိနေဆဲဖြစ်သော တစ်သိန်းနီးပါးသော ဒုက္ခသည်များ တစ်ညီတစ်ညွှတ်တည်းပြောကြသော နေရပ်မပြန်ရဲသည့် အကြောင်း ရင်းများထဲမှ တစ်ချက်တစ်ချက်ပင်ဖြစ်သည်။

မိုင်းမရှင်းလင်းသရွေ့ တော၊တောင်ကို မှီခို၍ လုပ် ကိုင်စားသောက်နေကြရသူတို့မှာ ရင်တမမနှင့် တောတောင်များသို့ သွားနေကြရအုံးမည်။ကိုညီပုချေတို့၊ဒေါ်မဖြူတို့လို ခြေပြတ်၊လက်ပြတ်ဖြင့် မိုင်းဒဏ်သင့်ပြည်သူအရေအတွက်ကလည်း တိုးလာအုံးမည်ဖြစ်ပေသည်။

မိုင်းထိမှန်၍ ခြေတစ်ဖက်ဖြတ်လိုက်ရကာ ဘ၀ရပ် တည်ရေးအခက်အခဲဖြစ်နေသည့် ကိုညီပုချေက နောက်လူများ ၎င်းကဲ့သို့ မကြုံရစေရေး မိုင်းရှင်းပေးရန် တောင်းဆိုသည်။

“မိုင်းတွေကို ရှင်းပေးစေချင်တယ်။ဒါမှလည်း ပြည်သူတွေက လွတ်လွတ်လပ်လပ် လုပ်စားလို့ရမှာလေ”ဟု ကိုညီ ပုချေက ပြောသည်။

https://www.facebook.com/permalink.php?story_fbid=158132919962356&id=107469705028678

Leave a Reply

Your email address will not be published.