By Boder News Agency (BNA) / 2022 April 20
ရခိုင်က စစ်ဘေးရှောင်ဒုက္ခသည် သုံးသောင်းနီးပါးနေထိုင်နေတဲ့ နေအိမ်တွေဟာ နေထိုင်ဖို့မသင့်တော့ဘဲ အမြန်ဆုံးပြန်လည်ပြုပြင်ဖို့လိုအပ်နေပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းရေးမှူးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ UNOCHA ရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၂၈၀၀ ၀ ကျော်နေထိုင်တဲ့ အိမ်တန်းရှည် ၅၅၀ ခန့်ဟာ မိုးရာသီမတိုင်ခင် အမြန်ဆုံးပြန်ပြုပြင်ရမယ့်အနေအထားကို ရောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုသတိပေးထုတ်ပြန်ပြီးနောက်တစ်ရက်အကြာ ဧပြီလ ၂၀ မှာ ရုတ်တရ က်လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ရခို င်ပြည်နယ် မင်းပြား၊မြောက်ဦး၊ကျော က်တော်၊ပုဏ္ဏားကျွန်း၊ရသေ့တောင်မြို့နယ်တွေအ တွင်း စစ်ရှောင်စခန်းတွေက နေအိမ်ပေါင်း သုံးရာဝန်းကျင်ပျက်စီးခဲ့ရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ရှိတဲ့ နေအိမ်တွေအများစုဟာ ဝါးတိုင်စိုက်၊တာလပတ်မိုး၊တာလပတ်ကာတွေပဲ ဖြစ်ပါတယ်။
တချို့အိမ်တွေကတော့ ဓနိမိုး၊ဝါးထရံကာတွေမို့ မိုးရာသီတွေကျရင် လေပြင်းအန္တရယ်ကို ပိုပြီးစိုးရိမ်နေကြရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
“မိုးရာသီမှာ ကြောက်ရတာပေ့ါ။အခုတောင် ဒီလိုဖြစ်နေရင်၊မိုးရာသီဆို ပိုဆိုးမှာပေါ့။ စခန်းက အိမ်တွေကလည်း ကြာပြီလေ”လို့ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ မိုးကြိုရာသီနှင့် မိုးဦးကျလေပြင်းတွေကြောင့် စခန်းနေအိမ်တွေ နှစ်စဉ်လိုလို ပျက်စီးကြရတာဖြစ်ပါတယ်။
ဒါကြောင့် အဲဒီစခန်းတွေမှာ ပြန်လည်ပြင်ဆင်တည် ဆောက်ပေးတာတွေကို အစိုးရနဲ့ ကူညီရေးအဖွဲ့တွေက စီစဉ်လုပ်ဆောင်ပေးဖို့လိုတယ်လို့ တိုင်းရင်း သားမျိုးနွယ်စုများအထောက်အကူပြုကော်မတီဥက္ကဌ ဦးရွှေဘော်စိန်က တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တစ်သိန်းနီးပါးရှိနေသေးတယ်လို့ ကူညီပေးတဲ့အဖွဲ့အစည်းတွေက ပြောကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=161693526272962&id=107469705028678