မြောက်ဦး ယူနက်စ်ကိုကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေး “အနဂ္ဃရတနာမြေ” ဓာတ်ပုံပြပွဲပြုလုပ်

By Narinjara / 2022 April 23

သဥ္ဇာနွယ်

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို UNESCO ယူနက်စ်ကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် ဝင်နိုင်ရေး လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဓာတ်ပုံပြပွဲ တစ်ခုကို “အနဂ္ဃရတနာမြေ”  အမည်ဖြင့် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့အံတော်သိမ် ဘုရားအနီးတွင်ယနေ့ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ၂၄ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ဓာတ်ပုံကားချပ်ပေါင်း  ၁၂၅ ချပ်ပါဝင်သည်ဟု  မြောက်ဦး ရှေးဟောင်းသုတေသနာဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။

” ဒီပြပွဲကိုကျနော်တို့က မြောက်ဦးကိုကမ္ဘာအမွေအနှစ်ဝင်အောင် ကမ်ပိန်း သဘောအနေနဲ့လုပ်တာပါ။ ဒါမှ ရခိုင်တင်မကဘဲ တကမ္ဘာလုံးက လူတွေက သိကြမှာ”ဟုပြောသည်။

မြောက်ဦးကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဝင်ရေးအတွက်  ဓာတ်ပုံပြပွဲ ပြုလုပ်ပြီး ယခုကဲ့သို့ ချပြခွင့်ရသည့် အတွက်လည်းဝမ်းသာမိတယ်ဟု ဓာတ်ပုံဆရာကိုသူရိန်စိုးကပြောသည်။

” ကမ္ဘာ့အမွေနှစ်စာရင်းဝင်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြသခွင့်ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောသည်။

အဆိုပါပြပွဲကို နစကသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနှင့် ရခိုင်ပြည်နယ်ကောင်စီတို့က ပူပေါင်းကျင်းပခြင်းဖြစ်ပြီး မြောက်ဦးနှင့် ပတ်သတ်သော ဓာတ်ပုံဆရာ ၁၂ ဦး၏ ဓာတ်ပုံ ကားချပ် ၁၂၅ ပုံကို ပြသထားကြောင်းသိရသည်။

မြောက်ဦးယူနက်စကိုကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူချောကို ၂၀၂၁ခုနှစ်  နှစ်ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ၂၀၂၃တွင် ယူနက်စကိုကပညာရှင်များက လာရောက် ကွင်းဆင်း လေ့လာမည်ဟု သိရသည်။

ပြီးခဲ့သည့်ဧပြီ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့တွင် မြောက်ဦးယူနက်စကို ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဌာနပေါင်းစုံမှ အမှိုက်ကောက် ကမ်ပိန်းကိုပြုလုပ်ခဲ့ကြသည်။

https://www.facebook.com/narinjara.info/posts/5401479286530771

Leave a Reply

Your email address will not be published.