By Development Media Group (DMG)/ 2022 April 24

မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် မြောက်ဦးမြို့၊ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ ဓာတ်ပုံပြပွဲပြုလုပ်လျက်ရှိသည်။
အဆိုပါဓာတ်ပုံပြပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြသလျက်ရှိသည်။
ယင်းဓာတ်ပြပွဲအမည်ကို “အနဂ္ဃရတနာမြေ-မြောက်ဦး ဓာတ်ပုံပြပွဲ”ဟု အမည်ပေးထားပြီး မြောက်ဦးနှင့်ဆိုင်သည့် ဓာတ်ပုံပေါင်း ၁၂၀ ကျော်ကို ပြသထားသည်။
အနဂ္ဃရတနာမြေ-မြောက်ဦးဓာတ်ပုံပြပွဲကို စစ်တွေ၊ သံတွဲ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့တို့တွင် ဆောင်ရွက်ရန်လျာထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/2277202425765489