မြောက်ဦးရှေးဟောင်းနယ်မြေသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

By Boder News Agency (BNA) / 2022  April 03

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာဧပြီလ ၂ ရက်နေ့၊မနက်ပိုင်းက ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်နယ်မြေသန့်ရှင်းရေး အစိုးရဌာနပေါင်းစုံနဲ့ အရပ်ဖက်အဖွဲ့လူမှုအဖွဲ့တွေက စုပေါင်းအမှိုက်ကောက်ခဲ့ကြပါတယ်။

အဲဒီ အမှိုက်ကောက်သန့်ရှင်းရေးလုပ်တဲ့အစီအစဥ်ကို ရှေးဟောင်းသုတေသ နနဲ့အမျိုးသားပြတိုက်ဦးစီးဌာနက ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

မြောက်ဦးကရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေကို ကမ္ကာ့အမွေအနှစ်စာရင်း (UNESCO)ဝင်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့လိုတယ်လို့ ရှေး/သု ဒုညွှန်ချုပ် ဦးညိုမြတ်ထွန်းက ပြောပါတယ်။

မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်နေရာတွေ သန့်ရှင်းစိုပြေရေး အပတ်စဥ်စနေနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့မှာလ ည်း ဝန်ထမ်းနဲ့ စက်ယန္တရား၊ယာဥ်လိုအပ်ချက်တွေကို ပြည်ထောင်စုအစိုးရဆီကို တင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးရှိရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့အမွေအနှစ်စာရင်း သို့တင်သွင်းထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=157793569996291&id=107469705028678

Leave a Reply

Your email address will not be published.