မြောက်ဦးရှေးဟောင်းနယ်မြေရှိ ကျူးကျော်တွေကိုဖယ်ရှားဖို့ စစ်ကောင်စီက စီမံချက်ရေးဆွဲနေ

By Boder News Agency (BNA) / 2022  April 05

(ဓာတ်ပုံ-ယခု ဧပြီလ ၂ ရက်နေ့က ဌာနဆိုင်ရာပေါင်း စုံ စုပေါင်းအမှိုက်ကောက်ခဲ့ကြစဥ်/BNA)

မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိကျူး ကျော်တွေကိုဖယ်ရှားဖို့အတွက် လက်ရှိစစ်ကောင်စီက စီမံချက်ရေးဆွဲနေတယ်လို့ ရှေးဟောင်သုတေသ နနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။

” ကျူးကျော်တွေမှာလည်း ၂ မျိုးရှိပါတယ်။ ချမ်း သာလို့ စီးပွားရေးအရကျူးကျော်တဲ့ ကျူးနဲ့ ဆင်ရဲပြီးနေစရာမရှိလို့ကျူးတဲ့ ကျူးဆိုပြီး ရှိပါတယ်။ ဒါပေမယ့် ဘဝမှာနေထိုင်စရာမရှိလို့ ကျူးတဲ့ကျူးတွေကိုတော့ ကျနော်တို့ ပစ်ထားလို့မရပါဘူး။ကူညီဖြည့်ဆည်းပေးရမယ်” လို့ ရှေး/သု ဒုညွန်ချုပ် ဦးညိုမြတ်ထွန်းက ဆိုပါတယ်။

အဲဒီလို ကျူးကျော်တွေကိုဖယ်ရှားမယ့်ကိစ္စအတွက် စီမံချက်တွေရေးဆွဲနေပြီး ပြည်နယ်‌ကောင်စီကို တင်ပြထားကာ အကောင်းဆုံဖယ်ရှားနိုင်ရေးဆောင်ရွ က်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ် မြေအတွင်း ကိုယ်ကျိုးစီးပွားရှာသူတွေဟာ တောင်မြေတွေကို တူးယူရောင်းချမှုတွေ၊အဲဒီ တောင်မြေတွေကို မြေဖို့ပြီး‌တော့အဆောက်အဦးတွေနဲ့ အိမ် ဆောက်တာတွေကို ပေါ်ပေါ်ထင်ထင်လုပ်နေတယ်လို့ ယဥ်းကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးတက်ကြွသူတွေက ဆိုပါတယ်။

အဲဒီမှာအုပ်ချုပ်သူတွေ၊အာဏာပိုင်တွေအနေနဲ့လည်း အဲဒီလိုလုပ်ရပ်တွေကို ထိန်းသိမ်းဟန့်တားနိုင်တာမတွေ့ရဘူးလို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

မြောက်ဦးမြို့ပေါ်မှာ ဆင်းရဲနွမ်းပါးပြီး နေထိုင်စရာမရှိတာကြောင့် ကျူးကျော်သူတွေရှိပြီး စီပွားဖြစ်ကျူးကျော်သူတွေလည်း အများအပြားရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီလို ကျူကျော်မှုတွေဟာ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးမှာ အခက်အခဲရှိလာနိုင်တယ်လို့ စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

https://www.facebook.com/permalink.php?story_fbid=158236213285360&id=107469705028678

Leave a Reply

Your email address will not be published.