မောင်တောခရိုင်က အစိုးရထမ်းတွေကို ဧပြီ၊မေ၊ဇွန် ၃ လအတွက် လစာ ၂ ဆ ထပ်မံခံစားခွင့်ပြု

By Boder News Agency (BNA) / 2022  April 18

ဆူပူအကြမ်းဖက်မှုနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တဲ့ မောင်တောခရိုင်က အစိုးရဝန်ထမ်းတွေကို ဧပြီ၊ မေ၊ ဇွန် ၃ လအတွက် လစာ ၂ ဆ ထပ်မံခံစားခွင့်ပြုလိုက်ပါတယ်။

အဲဒီလို လစာ ၂ ဆ ခွင့်ပြုဖို့အတွက် ဧပြီ ၇ ရက်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

မောင်တောခရိုင်မှာပါဝင်တဲ့ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်က အစိုးရဝန်ထမ်းတွေကို လစာ ၂ ဆခံစားခွင့်ပြုဖို့အတွက် သုံးလတစ်ကြိမ် ညွှန်ကြားချက်ထုတ်ပြန်ပြီးတော့ ခွင့်ပြုပေးနေတာလည်းဖြစ်ပါတယ်။

အဲလိုခွင့်ပြုတဲ့အထဲမှာ အမြဲတန်းဝန်ထမ်းတွေသာမက နေ့စားဝန်ထမ်းတွေကိုလည်း တစ်ရက်ကို ၆၅၀၀ နှုန်းနဲ့ ခွင့်ပြုပေးထားပါတယ်။ ပုံမှန်နေ့စားဝန်ထမ်းတစ်ဦးက တစ်ရက်ကို ၄၈၀၀ နှုန်းရရှိနေတာဖြစ်ပါတယ်။

“လစာနှစ်ဆရလည်း ကုန်ဈေးနှုန်းတွေက အရမ်းမြင့်နေလို့ ရတဲ့လစာနဲ့ မလုံလောက်ပါဘူး”လို့ မောင်တောမြို့က ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိ မောင်တောမြို့ရဲ့ကုန်ဈေးနှုန်းဟာ ရခိုင် ပြည်နယ်မှာရှိတဲ့ တခြားမြို့နယ်တွေထက် အမြင့်ဆုံးဖြစ်နေပါတယ်။

လစာနှစ်ဆရတယ်ဆိုပေမယ့် ရရစားစားနဲ့ အခုလို စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် မိသားစုများတဲ့သူတွေမှာ လုံလောက်မှုမရှိဖြစ်နေတယ်လို့ ပြောကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=161213922987589&id=107469705028678

Leave a Reply

Your email address will not be published.