မင်းထီးမျိုးဆက်များသာ ဖြစ်စေချင်

By Boder News Agency (BNA) / 2022  April 26

မောင်မေယု(ဘူးသီးတောင်)ရေးသားသည်။

(ဓာတ်ပုံ -ရက္ခိုင်ရှေးဟောင်နယ်မြေရှိ ရှေးဟောင်စဘုရားတစ်ဆူကို တွေ့ရစဥ်/BNA)

“အာဏာအလွှဲသုံးစားမှုနဲ့အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့တိုင်းပြည်နဲ့လူ့အဖွဲ့အစည်းအနာဂတ်အတွက် ထူ ထောင်ရေးလုပ်နေချိန်မှာ လုံး၀လက်ခံလို့မရတဲ့ ကင်ဆာရောဂါလို သတ်မှတ်ပြီးတော့ ကာကွယ်တားဆီးရမှာဖြစ်ပါတယ်။”ဟု ရက္ခိုင့်တပ်တော်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည့် စကားဖြစ်သည်။

ယခုအချိန်သည် ရခိုင်ပြည်၏ ဒေသအများစုတွင် အာဏာသိမ်းစစ်ကောင်စီနှ င့် ULA/AAတို့ အားပြိုင်နေကြသည့်အချိန်လည်းဖြစ်သဖြင့် ထိုကိစ္စမှာ အလွန်အရေးကြီးပေသည်။

ရက္ခိုင်ပြည်တည်ဆောက်ရေးကာလတွင် ရက္ခိုင််အမျိုးသားအဖွဲ့ချုပ်၏ လက်အောက်တွင်ရှိသော အဖွဲ့အစည်းများ၌ အာဏာကိုအလွဲသုံးစားလုပ်တ တ်သူ များနှင့်အကျင့်ပျက်ခြစားသူတို့ရှိနေလျှင် ထောက်ခံမှုကျဆင်းလာမည်မှာ အမှန်ပင်ဖြစ်သည်။

ထို့ကြောင့် အထက်ပါစကားအားသတင်းနှင့်ပြန် ကြားရေးတာဝန်ခံမှ သတိပေးလိုက်ခြင်းဖြစ်ပေမည်။ 

လူ့အဖွဲ့အစည်းတစ်ခုတွင် လူကောင်းများသာရှိပြီး လူဆိုးများလုံးဝမရှိဟု သတ်မှတ်၍မရချေ။လူအမျိုးမျိုး စိတ်ဖုံဖုံပင်ဖြစ်သည်။အချို့ဆိုလျှင် အာ ဏာမရှိသည့်အချိန်၌ရိုးသားပြီး အာဏာရှိသည့်အချိန်တွင် မိုက်မဲမှုပြုကြသည်။စရိုက်ကြမ်းသူရှိနိုင်သလို သိမ်မွေ့သူလည်းရှိမည်။အချို့ကလည်း ငွေ ကြေးမချမ်းသာသည့်အချိန်တွင် သနားစရာကောင်းပြီး ငွေးကြေးချမ်းသာလာသောအခါ လူကိုလူမထင် ဂုဏ်မောက်တတ်ကြသည်။

ထိုသို့ ဖြစ်ရခြင်းသည် မိမိတို့၏စိတ်ကို ထိန်းချုပ်မှုကင်းမဲ့ခြင်းနှင့် အောက်ခြေ လွတ်သည့်ဗီဇရှိခြင်းကြောင့် ဖြစ်သည်။လူတစ်ဦးအနေဖြင့် မည်သည့်အလုပ်ကိုပင်လုပ်သည်ဖြစ်စေ ကိုယ့်ကောင်းကျိုးထက် အများကောင်းကျိုးကို ကြ ည့်လုပ်ရပေမည်။

လူထုထောက်ခံမှုကို အများဆုံးရရှိထားသောအဖွဲ့အစည်းတွင် အလုပ်လုပ်သူတို့အနေဖြင့် ပို၍သတိ ထားသင့်ပေသည်။

လူ့အဖွဲ့အစည်းတစ်ခုတွင် အတ္တစိတ်ရှိသူထက် ပရစိတ်ရှိသူတို့ များပြားရန်လိုအပ်ပေသည်။ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမှန်တရားကို မြတ်နိုးသူတို့ဦး ဆောင်မှ ထိုလူ့အဖွဲ့အစည်းတိုးတက်ပြီး လူထုထော က်ခံမှု ပိုရရှိပေမည်။

၂၀၂၁ ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့တွင် ရခိုင်ပြည်အတွင်း မတရားမှု၊အကြမ်းဖက်မှု၊ခိုးမှု၊မြေယာပြဿနာများနှင့်တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲချုပ် (ULA)ထံတိုင်ကြားနိုင်ကြောင်း ရက္ခိုင်အမျိုး သားအဖွဲချုပ်က တရားဝင်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နောက်ပိုင်းတွင် ဒေသခံပြည်သူ များအနေဖြင့် စစ်ကောင်စီထံတွင် အမှုများတိုင် ကြားခြင်း အလွန်နည်းပါးလာခဲ့ကြသည်ဟု သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ရခိုင်အ မျိုးသားအဖွဲ့ချုပ်၏ တရား ရေးဌာနကို အားကိုးလာကြသည့်အချိန်တွင် ”ကျားကြောက်၍ ရှင်ကြီးကိုး၊ရှင်ကြီး ကျာထက်ဆိုး”အဖြစ်မျိုးမဖြစ်စေရန် အထူးသတိထားသင့်ပေသည်။

သို့သော်လည်း လက်ရှိရခိုင်ပြည်တွင် ULA/AA၏ အောက်ခြေဝန်ထမ်းအချို့ အာဏာအလွဲသုံးစားလု ပ်ကာ အနိုင်ကျင့်မှု၊တရားစီရင်ရေးပိုင်းတွင် အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိကြလေသည်။

ထိုသူများအား စီစစ်ဖော်ထုတ်အပြစ်ပေး အရေးယူမှုများရှိနေသည်ဟုလ ည်း ULA/AA မှ တရားဝင်ထု တ်ဖော်ပြောဆိုမှုရှိလာသည်။

လူတစ်ဦးအနေဖြင့် လူထုထောက်ခံမှု အများဆုံးရရှိထားသော အဖွဲ့အစည်းမှာပင်ဖြစ်ဖြစ်၊ပရဟိတအဖွဲ့အစည်းငယ်များမှာပင်ဖြစ်ဖြစ်၊မိသားစုပတ်ဝန်း ကျ င်မှာပင်ဖြစ်ဖြစ် ယုံကြည်အားထား အများကလေးစားပြီး လူသေသွားသော်လည်း အမည်နာမမသေရန် လုပ်ဆောင်သင့်ပေသည်။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသည့်အဖြစ်မျိုး မဖြစ်စေရန် အထူးသတိထားသင့်ပေသည်။

လူတိုင်းသည် မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင်ရေးသားကြရခြင်းဖြစ်ပါသည်။ထိုသို့ရေးသားကြ သောအခါ မိမိ၏သမိုင်းကို လူတိုင်းမကြားချင်လောက်အောင်မရေးမိရန် သတိထားသင့်ပေသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ရခိုင်သမိုင်းထဲတွင် အသက်အငယ်ဆုံး ဘုရင်နှစ်ပါးနှင့် ဥပမာပြချင်သည်။တစ် ပါးမှာ အသက်(၇) နှစ်အရွယ် လောင်းကြက်ဘုရင်မင်းထီးဖြစ်ပြီး နောက်တစ်ပါးမှာ အသက် (၉) နှစ်အရွယ်၊မြောက်ဦးဘုရင်မင်းရန်အောင် ဖြစ်ပါသည်။

ဘုရင်မင်းထီးသည် လေးမြို့ခေတ်တွင် ထင်ရှားသော ဘုရင်တစ်ပါးဖြစ်သည်။ခမည်းတော်မင်းဘီ လူး နတ်ရွာစံပြီးနောက် လောင်းကြက်ထီးနန်းတွင် မင်းဖြစ်လာခဲ့သည်။အသက်အရွယ်ငယ်သော်လည်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီလတို့ကို မြဲစွာစောင့်ထိန်းသည်။ဖခမည်းတော် လက်ထက်က ပျ က်စီးယိုယွင်းခဲ့သော တိုင်းပြည်အား ဦးရီးတော်အမတ်အနန္ဒဘယနှင့်အတူ ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့သည် ။

တစ်နေ့သော ညီလာခံသဘင်၌ နန်းတိုင်တစ်လုံးတွင် ထုံးများပယ်ကျံနေသည်ကို တွေ့ခဲ့သည်။ထိုအခါ နန်းတိုင်၌ ထုံးသုတ်လျှင်သုတ်သောသူ၏ လက်ညိုးအားဖြတ်မည်ဟု အမိန့်ထုတ်ခဲ့သည်။နောက်တစ်ရက်နေ့ ညီလာခံသဘင်တွင် ထိုနန်းတိုင်၌ ထုံးသုတ်ရာတစ်ခုကို တွေ့ခဲ့သည်။အဘယ်သူ သုတ်ခဲ့သနည်းဟု အမတ်များအား မေးမြန်းသောအခါ မှ န်သောအရာကို ရဲဝံ့စွာလျှောက်တင်ဝံ့သော အမတ်တစ်ဦးမှ မည်သည့်လ၊မည်သည့်ရက်၊မည်သည့်အချိန်တွင် ဘုရင်မင်းထီးမှမည်ကဲ့သို့ သုတ်ခဲ့ကြောင်း မှတ် တမ်းမှတ်ရာနှင့်တကွ လျှောက်တင်လေသည်။

ထိုအခါ သူထုတ်ပြန်ခဲ့သော အမိန့်ကို သူ့လက်ညိုးမှ ဖီဆန်သောကြောင့် သူလက်ညိုးအား ထိုညီလာခံသဘင်၌ပင် သံလျက်ဓါးဖြင့် ပိုင်းဖြတ်ခဲ့လေသည်။

ထိုအပြုအမူကို တွေ့ရသော သူတို့မှာ လွန်စွာအံ့သြကြပြီး ဘုရင်၏အမိန့်ကို ဆန့်ကျင်ရန် စိုးရွံ့လာခဲ့ကြသည်။ဘုရင်မင်းထီးသည် မိမိ၏တိုင်းသူပြည် သားများအား စည်းကမ်းလိုက်နာတတ်သော လူအဖွဲ့အစ ည်းတစ်ခုဖြစ်လာရန် လက်ညိုးတစ်ချောင်းအဆုံးခံပေးဆပ်ခဲ့သည်။

နောက်ထပ်အမိန့်ပြန်တမ်းများကိုထုတ်ပြီး ဖခင်လ က်ထက်မှ ပျက်စီးနေခဲ့သော ရခိုင်လူမျိုးများအား ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအထက်မှာ မည်သူမျှ မရှိစေရဆိုသော စကားသည် ထိုမင်းလက်ထက်တွင် အမှန်တကယ် အသက်ဝင်ခဲ့သည်။

တိုင်းပြည်တစ်ပြည် အေးချမ်းသာယာပြီးဖွံဖြိုးတိုး တက်ရန် တရားဥပဒေစိုးမိုးရေးသည် အဓိကကျကြောင်းကို ပြသခဲ့သည်။

ထို့ကြောင့် ဘုရင်မင်းထီးအုပ်ချုပ်ခဲ့သော တိုင်းပြည်သည် စည်ပင်သာယာခဲ့လေသည်။ဤကားဘုရင်မင်းထီးနှင့်ပတ်သတ်သော အကြောင်းအရာအချို့ပင် ဖြစ်ပါသည်။

ဘုရင်မင်းရန်အောင်သည် မြောက်ဦးခေတ်ဘုရင်မင်းဒေါလျာ၏ သားတော်တစ်ပါးဖြစ်သည်။ထိုမင်းသည် ဘုရင်ဖြစ်လာခဲ့သော်လည်း တိုင်းပြည်ရေးရာကို စီမံခန့်ခွဲအုပ်ချုပ်ရန် မတတ်ခဲ့ချေ။အချိန်ရှိသ ရွေ့ကခြေသည်မိန်းမများနှင့် ပျော်ရွှင်မြူးတူးနေလေသည်။

မိမိ၏ တိုင်းသူပြည်သားအပေါ် စောင့်ရှောက်ဂရုစို က်မှုမရှိသော ဘုရင်အား ပြည်သူပြည်သားများမှ အလိုမရှိကြသည်မှာ သဘာဝပင်ဖြစ်သည်။တစ်နေ့တွင် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အမတ်ကြီးတစ်ဦးသည် ဘုရင်၏ရှေ့ခစားဝင်ရောက်လာသည်။

ထိုအချိန်တွင် ထိုအမတ်အိုကြီးသည် ကရိယာပုတ်ကို မထိန်းချုပ်နိုင်သဖြင့် ဘုရင်၏ရှေ့တွင် ကျင်င ယ်သွားမိလေသည်။ထိုအခါ မင်းရန်အောင်မှ ငါ၏ ရှေ့တွင် ဤသို့မလေးမခန့်လုပ်ရသလားဟုဆိုကာ အမျက်ဒေါသထွက်လေသည်။

ဆင်ခြင်တုံတရားနည်းပြီး ဉာဏ်အမြော်အမြင်နည်းသော မင်းရန်အောင်သည် ထိုအမတ်သက်တော်ကြီးကို ရေတွင်းထဲနစ်မြှပ်လျက် သတ်ပစ်လေသည်။

ဤမင်းသည် တိုင်းသူပြည်သားတို့၏ ကောင်းကျိုးကိုလည်း မလုပ်သည့်အပြင် တိုင်းပြည်အတွက် အားထားရသော အမတ်ကိုပင်သတ်ခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် ဘုရင်မင်းရန်အောင်သ ည် မှူးမတ်အပေါင်းတို့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ဘဝနိဂုံး ချုပ်ခဲ့ရလေသည်။

ဤကား ဘုရင်မင်းရန်အောင်နှင့် ပတ်သတ်သော အကြောင်းအရာအချို့ပင် ဖြစ်သည်။

မင်းနှစ်ပါးသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်ကြသည်။သို့သော် သူတို့နှစ်ဦး၏ ခံယူချက်နှင့် လုပ်ဆောင်ချက်တို့မှာ လွန်စွာကွဲပြားခြားနားလေသည်။

ဘုရင်မင်းထီး၌ လေးစားအားကျအတု ယူစရာခေါ င်းဆောင်ကောင်း စိတ်ဓါတ်ကို တွေ့ရသည်။လူမျိုးတစ်မျိုး၏ အကြီးအကဲနေရာကို ရောက်လာသော အခါ အားလုံးအတုယူလေးစားလောက်အောင် သီလသမာဓိနှင့်ကျင့်ကြံနေထိုင်ခဲ့သည်ကို တွေ့ရသည်။

အချိန်ရှိသရွေ့ မိမိတို့လူမျိုးအား စည်းကမ်းပြည့်ဝပြီး ဥပဒေကိုလိုက်နာတတ်သော လူအဖွဲ့အစည်းတ စ်ခုဖြစ်လာရန်နှင့်ကိုယ့်တိုင်းပြည်တိုးတက်စည်ပင်သာယာရန် ကိုယ်ကျိုးစွန့်ကာ ပြုလုပ်ခဲ့သည်။

အကျင့်စာရိတ္တကောင်းမွန်ပြီး တိုင်းပြည်နှင့်လူမျိုးကို ချစ်သောဘုရင်ဖြစ်သောကြောင့် တစ်မျိုးသားလုံးက လေးစားခဲ့ကြသည်။

သူ့သမိုင်းကို သူလှလှပပရေးထိုးနိုင်ခဲ့သောကြောင့် ယခုအချိန်ထိ ရခိုင်လူမျိုးတို့ရင်ထဲဘုရင်မင်းထီးက ရှိနေဆဲပင်ဖြစ်သည်။တရားဥပဒေစိုးမိုးမှု အားနည်း သော အဖြစ်အပျက်များကို ကြုံရတိုင်း မင်းထီးလိုဘုရင်မျိုးကို လိုလားတောင်းတသတိရကြလေသည်။

ဘုရင်မင်းရန်အောင်မှာမူ ထိုသို့မဟုတ်ဘဲ အာဏာယစ်မူးပြီး တိုင်းပြည်နှင့်လူမျိုးကို မချစ်အလေးမထားသောခေါင်း ဆောင်တစ်ဦးဖြစ်ခဲ့သည်။အာဏာကို တလွဲအသုံးချခဲ့ပြီး စဉ်းစားဆင်ခြင်းဉာ ဏ်နည်းခဲ့သည်။

ဘုရင်မင်းထီး၏ လုပ်ရပ်များနှင့် ပြောင်းပြန်သ ဘောရှိသည်။ကိုယ့်သမိုင်းကို လှပအောင် မရေးထိုးနိုင်ခဲ့သောကြောင့် မင်းရန်အောင်သမိုင်းသည် ရခိုင်လူမျိုးတို့၏ ရင်ထဲသို့မရောက်ဘဲ သမိုင်းစာအုပ်ထဲမှာသာ နစ်မြုပ်နေခဲ့လေသည်။

မည်သူမျှလည်း သတိရမှု ရှိကြချေ။ထို့ကြောင့် လူတစ်ယောက်ဖြစ်လာခဲ့လျှင် မိမိ၏ဘဝကို လှပစွာဖြင့် ဖြတ်သန်းတတ်ရန်လိုအပ်သည်။ဦးစွာမိသားစုအတွက် အသုံးဝင်သော အားကိုးရသော လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြရမည်။

ထိုမှတစ်ဆင့် မိမိ၏ပတ်ဝန်းကျင်အတွက် မြို့နယ်အတွက် နောက်ဆုံးမိမိတို့၏ လူ့အဖွဲ့အစည်းအတွ က် အသုံးဝင်သူ အားကိုးယုံကြည်ထိုက်သူဖြစ်အော င်ကြိုးစားကြရမည်။

လူထုခေါင်းဆောင်တစ်ယောက်၊အဖွဲ့အစည်းတစ်ခုကို ဦးဆောင်သူတစ်ယောက်၊အမှုပေါင်းများစွာကို အဆုံးအ ဖြတ်ပေးရမည့် သူတစ်ယောက် ဖြစ်ခဲ့ပါသော်လည်း မင်းရန်အောင်ကဲ့သို့ မကျင့်ကြံဘဲဘုရင် မင်းထီးကဲ့သို့ ကျင့်ကြံကြရန် လိုအပ်ပေသည်။

ရခိုင်လူထု၏ထောက်ခံမှုကို အပြည့်အဝရရှိထားသည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်၏လက်အောက်တွ င် တာဝန်ထမ်းဆောင်နေသူများကို မင်းထီးမျိုးဆ က်များသာ ဖြစ်စေချင်ပါသည်။

https://www.facebook.com/permalink.php?story_fbid=163083876133927&id=107469705028678

Leave a Reply

Your email address will not be published.