By Boder News Agency (BNA) / 2022 April 03
နေအိမ်အတွင်းရှိ အပင်များကို ကြက်ဝင်ရောက်ဖျက်စီးမှုကြောင့် စကားများရာမှ တောင်ကုတ်က အမျိုးသမီးတစ်ဦးဓားဖြင့် အခုတ်ခံရ၍ သေဆုံးခဲ့ပါတယ်။
ဧပြီ ၂ ရက် နံနက်ပိုင်းက တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စု၊ မှန်နီကျေးရွာအထက်ပိုင်းနေ မဝိုင်းဝိုင်းနေအိမ်အတွင်းရှိ စိုက်ပျိုးထားတဲ့ အပင်တချို့ကို ဘေးချင်းကပ်နေအိမ်မှ ကြက်တွေ ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပါတယ်။
အဲဒီကြက်တွေ ဝင်ရောက်ဖျက်ဆီးလို့ စကားများကြရာမှ ဘေးချင်းကပ်အိမ်မှ အမျိုးသားဖြစ်သူက မဝိုင်းဝိုင်းကို ဓားဖြင့်ခုတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲလို ခြိမ်းခြောက်ခံရတာကြောင့် မဝိုင်းဝိုင်းမှာ ရာအိမ်မှူးဆီကို တိုင်းတန်းဖို့သွားတဲ့အခါ ဘေးချင်းကပ်အိမ်မှ အမျိုးသားက နောက်ကလိုက်၍ ဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။
ဓားနဲ့ အခုတ်ခံခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် မဝိုင်းဝိုင်းမှာ ယာဘက်မေးရိုးအောက် ၈ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=157815176660797&id=107469705028678