စစ်ပွဲနှင့်ကိုဗစ်ကြောင့် ၃ နှစ်တာရပ်နားခဲ့ရသော ကျောက်တော်တောင် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ

By Narinjara / 2022 April 30

မြထွီးသျှင်

Photos – Kyaw Kyaw Htun

စစ်ပွဲနှင့်ကိုဗစ်ကြောင့် ၃ နှစ်တာရပ်နားခဲ့ရသော ကျောက်တော်တောင် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ဘုရားပွဲတော်အတွင်း ကစ္ဆပနဒီ (ကုလားတန်မြစ်)တွင် ပြုလုပ်နေသော ရခိုင်ရိုးရာလှေပြိုင်ပွဲမှာ လာရောက်ကြည့်ရှုသူ၊ မြစ်အတွင်း ရေကစားနေသူများဖြင့် အထူးစည်ကား နေသည်ဟု သတင်းရရှိသည်။

ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ၂၇ ရက်မှစတင်ကာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်အပါအဝင် ဘာသာရေးပွဲတော်လန်းများဖြင့် ဧပြီ ၂၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာလှေပြိုင်ပွဲကိုလည်း ဘာသာရေးပွဲတော်များပြီးစီးသည့်နောက်ပိုင်း  ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ထည့်သွင်းကျင်းပနေခြင်းဖြစ်ပြီး မြို့နယ်ပေါင် လူပေါင်းထောင်နှင့်ချီပြီး ပါဝင်ဆင်နွှဲ ရေပက်ကစားကြသည်ဟု သိရသည်။

လှေပြိုင်ပွဲအတွင်း ပါဝင်ဆင်နွှဲကြသူများသည် ကစ္ဆပနဒီ မြစ်အတွင်း စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေတို့ ဖြစ်လာရောက်ကြရာ မြစ်ကြောင်း တစ်လျှောက် ပြည့်နှက်နေပြီး  စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေ အစီးရေမှာ ၃၀၀ မှ ၅၀၀ အထိ ရှိသည်ဟု မျက်မြင်များက ပြောသည်။

ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်တွင် ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5420856851259681

Leave a Reply

Your email address will not be published.