စစ်တွေမှာ ပြည်နယ်ကောင်စီက မဏ္ဍပ်ကြီးတွေနဲ့သင်္ကြန်ချရန်ပြင်ဆင်နေ

By Boder News Agency (BNA) / 2022  April 08

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်မှာ ပြည် နယ်ကောင်စီက ဗဟိုရေကစားမဏ္ဍပ်ကြီးများနဲ့သင်္ကြန်ပွဲချဖို့ ပြင်ဆင်နေပါတယ်။

စစ်တွေမှာ ဦးဥတ္တမပန်းခြံရှေ့ဗဟိုမဏ္ဍပ်၊မိဇံရပ်ကွ က်က ရိုးရာမဏ္ဍပ်နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ရေကစားမဏ္ဍပ်ကြီးစတဲ့ သုံးနေရာကို စစ်ကောင်စီက စီစဥ်ဆောက်လုပ်ပြင်ဆင်နေပါတယ်။

ရခိုင်တစ်ပြည်နယ်လုံး ခရိုင်၊မြို့နယ်အလိုက်သင်္ကြ န်ပွဲကျင်းပဖို့မူဝါဒတွေချမှတ်ထားပြီး ကျင်းပရေးဗဟိုကောက်မတီနဲ့ လုပ်ငန်းကော်မတီ (၁၁)ခု ဖွဲ့စည်းတာဝန်ပေးထားတယ်လို့ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့မှာ ပြည်နယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ကိုဗစ်စည်းကမ်းတွေဟာ ယခင်အတိုင်းဆက်လက်တည်ရှိနေတာမို့ လူဦးရေ (၄၀၀)အထိ စုဝေးခွင့်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ မြန်မာရိုးရာနှစ်သစ်ကူးအတာပွဲတော်ကို အစိုးရဌာနဆိုင်ရာတွေကဦးဆောင်ကျင်းပတက်ကြပြီး ရခိုင်ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကိုတော့ ဒေသခံရခိုင်တွေက ဦးဆောင်ကျင်းပတက်ကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=158965309879117&id=107469705028678

Leave a Reply

Your email address will not be published.