By Boder News Agency (BNA) / 2022 April 08

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေး ရွာသားငါးယောက်ကို စစ်တပ်ကဖမ်းဆီးတရားစွဲဆိုထားတာဟာ အချိန်နှစ်နှစ်နီးပါးကြာနေပြီမို့တရား မျှတမှုတွေဆုံးရှုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ကျမတို့သားသမီးတွေအတွက် လုံးဝမတရားပါဘူး။အပြစ်မရှိတာကိုလည်းသိပေမယ့် ရုံးချိန်းတွေအကြိမ်ကြိမ်ချိန်းဆိုနေတယ်။ခံရတဲ့ပြည်သူတွေမှာ မတရားအနိုင်ကျင့်တာလို့ပဲ မြင်တယ်။” လို့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီအေးက ဆိုပါတယ်။
အဲဒီကျောက်ဆိပ်ကျေးရွာသားငါးဦးကို ဧပြီလ ၇ ရက်၊မနေ့က စစ်တွေခရိုင်တ ရားရုံးမှာ တရားခံပြ သက်သေတွေကိုစစ်ဆေးပြီးစီးခဲ့ပေမယ့် အမိန့်မချမှတ်ဘဲ နောက်ထပ်ချိန်းဆိုလိုက်ပါတယ်။
သူတို့ကို လာမယ့်ဧပြီလ ၂၁ ရက်နေ့သို့ ချိန်းဆိုလို က်တာလို့ အမှုလိုက်တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။
အဲဒီငါးဦးမှာကျောက်ဆိပ်ကျေးရွာက ကိုညီညီအောင် (၂၄) နှစ်၊မျိုးလှိုင်ဦး(ခေါ်) မျိုးလင်းဦး (၂၄) နှစ်၊ကိုကျော်ဝင်းဟိန်း (၂၂)နှစ်၊မောင်ချေ (၂၄)နှစ်၊ဇီးပင်ကြီးကျေးရွာနဲ့ပုဏ္ဏားကျွန်းမြို့၊အလယ်စုရပ်ကွက်က ကိုမင်းစိုး(၃၈) နှစ်တို့ဖြစ်ပါတယ်။
”ဒီလိုဘဲ အချိန်ဆွဲနေတာဟာ မတရားဖမ်းဆီးခံထားရသူတွေ တရားမျှတမှုဆုံးရှုံးနေတာပါ။ ကျွန်မတို့ကတော့ တရားမျှတမှုကိုလိုချင်ပါတယ်။”ဟု ဖမ်း ဆီးတရားစွဲဆိုခံထားရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သူတို့ကို (ပ) ၈/၂၀၂၀၊၂၀၁၄ အကြ မ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ အမှတ် (၅၀၅) ခြေမြန်တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းကနေ တရားလိုလုပ်ကာ တိုင်တန်းခဲ့တာဖြစ်ပါတယ်။
အဲဒီကျေးရွာသားငါးယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်၊ဧပြီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့ကို တပ်မတော်စစ်ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ်ပြီး နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်၊မေလက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီလိုမျိုးပျံ့နှံ့ပြီးနောက် ပြည်တွင်းပြ ည်ပသတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပြီး စစ်တပ်က စစ်ရာဇဝတ်ကျူးလွန်မှုတွေလို့ အများပြည်သူကြား မှာ ဝေဖန်ပြောဆိုမှုတွေ များပြားခဲ့ပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲကာလကနေ ခုချိန်ထိ အရ ပ်သားပြည်သူရာနဲ့ချီပြီး မတရားဖမ်းဆီးထောင်ချခံနေကြရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဖက်က အေအေနဲ့ဆက်စပ်သူတချို့ကို လွှတ်ပေးခဲ့ပေမယ့် အပြစ်မဲ့ရခိုင်ပြည်သူအများအပြား အကျဥ်ထောင်တွေထဲမှာရှိနေဆဲလို့ နိုင်ငံရေးအကျဥ်းသားများအဖွဲ့က ဆိုပါတယ်။
https://www.facebook.com/permalink.php?story_fbid=158901103218871&id=107469705028678