By Western News/ 2022 April 05
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထုတ် ကုန်ပစ္စည်းများကို ရောင်းချခွင့် ပိတ်ပင်ရန် ဆွေးနွေးနေဟု ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။
ယနေ့ ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ထုတ်ကုန်များ ရောင်းချခွင့်နှင့် ပတ်သတ်ပြီး မေးမြန်းရာတွင် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ဖက်က ထုတ်တဲ့ ပစ္စည်တွေ ပတ်သတ်ပြီး တော့ boycott လုပ်ဖို့ ရှိ၊ မရှိ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ လောလောဆယ်မှာ ဗဟိုကော်မတီမှာ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်”ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံတွင် စစ်တပ်ထုတ်ကုန်များနှင့် စစ်တပ်နှင့် ဆက်စပ်သည့် လုပ်ငန်းတစ်ချို့နှင့် လုပ်ကိုင်သူများကို boycott ပြုလုပ်မှုများရှိနေကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှစ၍ AA စစ်ကောင်တပ်တို့ နှစ်ဖက်နားလည်းမှုဖြင့် တိုက်ပွဲ မဖြစ်ပွါးသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။
ULA/AA မှ လက်ရှိ ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတို့အား စစ်ကောင်စီဖက်မှ နှောင့်ယှက်လာနေမှုတို့ရှိလာသည့်အတွက် စစ်ရေးအရ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းလာရမည်ဖြစ်ကြောင်း ခိုင်သုခမှ ဧပြီလ ၅ ရက် နေ့တွင်ပြုလုပ်သည့် ULA/AA ၏သတင်းစာရှင်းပွဲတွင် ပြောသည်။
ယင်းအပြင်အမျိုးသားညီညွှတ်ရေး အစိုးရ NUG က အလွတ်သဘောနှင့် တွေ့ဆုံခွင့် တောင်းထားသည့်ကိစ္စကို ရခိုင်တပ်တော်၏ တပ်တော်နေ့ အခမ်းအနားပြီးမှ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်သွားမည်ဟု AA ဖက်က ထည့်သွင်းပြောဆိုခဲ့သည်။
https://www.facebook.com/westernnewsagency/posts/496879175451925