ကျွန်း/သစ်မာထုတ်လုပ်မှု တစ်နှစ်ထပ်မံ ရပ်နားမယ်လို့ စစ်ကောင်စီထုတ်ပြန်

(မြေပြင်တွင် သစ်ခိုးထုတ်မှုတွေ အပြိုင်အဆိုင် ပြုလုပ်နေကြ)

By Boder News Agency (BNA) / 2022  April 06

ဓာတ်ပုံ-ရခိုင်ပြည်နယ်မှ ကျွန်းသစ်များ/BNA

သစ်တောသယံဇာတတွေ ရေရှည်တည်တံ့စေရေးအတွက် ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုကို နောက်ထပ် တစ် နှစ် ထပ်မံရပ်နားထားမယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကလည်း ကျွန်း/သစ်မာထုတ်လုပ်မှုကို ခြောက်လရပ်နားထားခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီကြေငြာချက်မှာ ဖော်ပြပါတယ်။ အခုအခါ ထပ်မံပြီးတော့ နောက်ထပ်တစ်နှစ် ရပ်နားမှာပါ။

သစ်တောသယံဇာတရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတစ်ဝန်းလုံးမှာ သစ်တောတွေ ပြန်လည်တည်ဆောက် ခြင်းအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၇ အထိ  ဆယ်နှစ်တာစီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီစီမံကိန်းအရ နှစ်စဉ်သစ်ထုတ်လုပ်နိုင်တဲ့ပမာဏဘောင်အတွင်းကနေ သစ်ထုတ်လုပ်မှုတွေကို လျှော့ချဖို့ လျာ ထားဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သံယံဇာတနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုပါ တယ်။

စစ်ကောင်စီက သစ်ထုတ်လုပ်မှုတွေကို ရပ်နားခဲ့တယ်၊ ထပ်ပြီးရပ်နားထားမယ်ဆိုပေမယ့်လည်း စစ်အာဏာသိမ်း ပြီးနောက်ပိုင်းကနေ အခုထိ သစ်ခိုးထုတ်မှုတွေဟာ အရင်နှစ်တွေကထက် စံချိန်တင်မြှင့်တက်နေတယ်လို့ လေ့လာ သူတွေက ဆိုကြပါတယ်။

အနောက်နိုင်ငံတွေကို သစ်ခိုးထုတ်မှုတွေဟာ အရင်ကတည်းက ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး ဆိုးဆိုးရွားရွား ရှိလာနေတယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ဆိုပါတယ်။

အရင်ကတည်း သစ်ထုတ်လုပ်နေကြ သူ တွေသာ ခိုးထုတ်နေတာမဟုတ်ဘဲ သစ်လုပ်ငန်းရှင်အသစ်တွေကပါ စက်ယန္တရားကြီးတွေနဲ့ ထုတ်လုပ်နေကြတာ ကို တွေ့နေရတယ်လို့ ၎င်းက ဆိုပါတယ်။

“ရခိုင်ရိုးမပေါ့၊ အဲဒီမှာ သစ်ထုတ်တဲ့အချင်းချင်း အပြိုင်အဆိုင်ထုတ်နေကြတာတွေ့ရတယ်။ တစ်ခြားနေရာတွေမှာ လည်း အဲလိုပါပဲ”လို့ ကိုမျိုးလွင်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပဋိပက္ခအခြေအနေရှုတ်ထွေးနေတာရယ်၊ အာဏာသိမ်းအစိုးရရဲ့ ထိန်းချုပ်မှု လွတ်နေတာရယ်တို့ကို အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်မှုတွေ ပိုများလာတာဖြစ်တယ်လို့ လေ့လောသူတွေက ဆို ကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=158490349926613&id=107469705028678

Leave a Reply

Your email address will not be published.