ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်နေမှုမြင်ကွင်းများ

By Narinjara / 2022 April 14

သျှင်မင်းဇံ

ဓာတ်ပုံ – သျှင်မင်းဇံ / နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် သင်္ကြန်မဏ္ဍပ်များနှင့် ဘုရားရေသပ္ပာယ်ရေးအတွက် ပြင်ဆင်နေကြမှုများကို ယနေ့ ဧပြီလ ၁၂ ရက် မွန်းလွဲပိုင်းက မြင်တွေ့ရခြင်းဖြစ်သည်။

ဗဟိုမဏ္ဍပ်ကို ကျောက်ဖြူမြို့ ပင်လယ်ကမ်းနားတွင် တည်ဆောက်လျက်ရှိပြီး ကုလာဘာတောင်ရပ်ကွက်မှ ရက္ခသဇင် မဏ္ဍပ်တို့အပါအဝင် ကျောက်ဖြူမြို့တွင်းရှိလမ်းများတွင် အိမ်ရှေ့မဏ္ဍပ်ငယ်များကိုလည်း တည်ဆောက်လျက်ရှိသည်။

ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ရေးအတွက် နံ့သာသွေးပြိုင်ပွဲကို မနက်ဖြန် ဧပြီ ၁၃ ရက် နံနက်တွင် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ကိုလည်း တချိန်တည်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ရခိုင်တွင် စစ်ဘေးနှင့် ကပ်ရောဂါဘေးတို့ကြောင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်ခြင်းမရှိသည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်၍ ယခုနှစ်တွင် စည်စည်ကားကားကျင်းပနိုင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5372497936095573

Leave a Reply

Your email address will not be published.