By Narinjara / 2022 April 03

ဘင်္ဂလားဒေ့ရှ် တာကာ ၈ ကုဋေနီးပါးတန်ဖိုးရှိ စိတ်ကြွယာဘဆေးပြား ၅၄,၀၀၀ ဝန်းကျင်နှင့် အိုက်စ် (သို့မဟုတ်) မက်သာဖက်တမင်း မူးယစ်ဆေးဝါးတစ်ကီလိုဂရမ်ကျော်ကို မြန်မာနိုင်ငံသား နှစ်ဦးနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း The Dhaka Tribune က သတင်းဖော်ပြသည်။
မြန်မာနိုင်ငံသားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ကော့ဘဇားတွင် မူးယစ်ဆေးဝါးများနှင့်အတူ စနေနေ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ မောင်တောမြို့နယ်က Zubaier Ahmed (၂၂) နှစ် (ဖ) Siraj Uddin နှင့် Md Rafique (၂၃) နှစ် (ဖ) Abdul Goni ၏သား ၂၃ နှစ် တို့ဖြစ်သည်ဟု ဆိုသည်။
သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB-2 အဖွဲ့သည် နတ်မြစ်အတွင်း စက်လှေတစ်စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ရာမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ နှစ်ဦးနှင့် အတူ ၎င်း မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ကြောင်း တက်ကနက် တပ်ရင်း-၂ မှ ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar က ပြောသည်။
“ယာဘဆေးပြား ၅၄၀၀၀ နဲ့ ကီလိုဂရမ် ၈ ကုဋေတန်ဖိုးရှိတဲ့ မက်သာဖက်တမင်းဆေး ၁ ဒဿမ ၀၆၉ ကီလိုဂရမ်ကို လက်ဝယ်မှာ သိမ်းဆည်းရမိခဲ့ပါတယ်။”
မှောင်ခိုသမားများသည် မြစ်ထဲသို့ ခုန်ချထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်ဖမ်းမိခဲ့ကြောင်းသိရသည်။
https://www.facebook.com/narinjara.info/posts/5348012518544115