By Western News/ 2022 March 11
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ရခိုင့်ဦးဆောင်ပါတီ(AFP) နုတ်ထွက်လိုက်သည်ဟု ပါတီတာဝန်ရှိသူက ပြောသည်။
အဆိုပါနိုင်ငံရေးပါတီအစုအဖွဲ့ကို ၄ လသက်တမ်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိတွင် သက်တမ်းပြည့်သွားပြီဖြစ်သော်လည်း မှတ်ပုံတင်ထားသည့် ပါတီ ၉၀ ကျော်ပါဝင်သည့် နိုင်ငံရေးပါတီအစုအဖွဲ့ကို မဖွဲ့စည်းဘဲ နောက်ထပ်သက်တမ်း ၂ လတိုးလိုက်သည့်အတွက် ယခုလိုနုတ်ထွက်ရခြင်းဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။
“ကျွန်တော်တို့ UPDJC ပါတီခြမ်းပေါ့နော်။UPDJC မှာ သုံးခြမ်းရှိတယ်။ ပါတီခြမ်းကို ဖွဲ့စည်း ကတည်းက ၄လပြည့်ရင် နိုင်ငံရေးပါတီအားလုံး ပါဝင်တဲ့ အသစ်ဖွဲ့ပေးရမယ်ဆိုတာမျိုး ကတိရှိတယ်။ ဖွဲ့ကတည်းက ၅၃ ပါတီ မျက်နှာစုံညီ အစည်းအဝေးမှာ ၄ လသက်တမ်းအနေနဲ့ ကနဦး ဖွဲ့စည်းပေးလိုက်တာဖြစ်တယ်။ ၄ လပြည့်တာနဲ့ သက်တမ်းကကုန်သွားပြီလေ။ သက်တမ်းကုန် လို့ နောက်အသစ်ဖွဲ့ဖို့ ညှိကြတယ်။ အမှန်က မတ် ၁၂ ရက်နေ့မှာ အသစ်ဖွဲ့ဖို့ပါပဲ။ ကျွန်တော်တို့ UPDJC အခြမ်းမှာပါတဲ့ ၁၆ ပါတီက ညှိနှုင်းပြီးလို့ ဆုံးဖြတ် ပြီးပြီ။ မှတ်ပုံတင်ထားတဲ့ ၉၂ ပါတီထင် တယ်။အကုန်လုံးကိုဖိတ်မယ်ပေါ့ အစီစဉ်လုပ်ပြီးပြီ။ ဒီပါတီအခြမ်းမှာပါတဲ့ပါတီတွေက ၄လသက်တမ်းပြည့်တာကို ခဏမေ့ထားပြီးမှ ထပ်လို့တိုးချဲဖို့ လုပ်လာတယ်။ သူတို့သက်တမ်းတိုးချင်တယ်ဆိုတာ ကို မေတ္တာရပ်ခံတာကို ကျွန်တော်ကလက်မခံဘူး။ အဲဒါကြောင့်မို့ တရားဝင်နိုင်မှုကို ပြန်ကြည့်ရင် မရှိဘူဆိုတဲ့သဘောနဲ့ ကျွန်တော် နုတ်ထွက် တာဖြစ်တယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် မတ် ၆ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီ (NSPNC) နှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် ပါတီတစ်ချို့မှ နောက်သက် တမ်း ၂လ ထပ်တိုးပေးရန်တောင်းဆို ချက်ကို ဗိုချုပ်ကြီးရာပြည့်က ခွင့်ပြုပေးခဲ့သည်ဟု သိရ သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ ကို စတင်တည်ထောင်ချိန်၌ နိုင်ငံရေးပါတီ ၅၃ ခု ပါဝင်ခဲ့ကြသည်။
လက်ရှိတွင် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ၌ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ စသည့် တိုင်းရင်းသားပါတီ ၉ခုနှင့် ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်မပါတီ ၇ ပါတီ စုစုပေါင်း ၁၆ ခုသာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/481149573691552