ရခိုင်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

By Western News/ 2022 March 14 ရခိုင်ပြည်နယ်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း MSME Association Rakhine ကို ယနေ့ မတ်လ ၁၄ ရက် နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်။ …

စစ်တွေတွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

By Narinjara / 2022 March  14 သဥ္ဇာနွယ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် မတ်လ ၁၆ ရက်နေ့တွင်ကျရောက်မည့် တပေါင်းလပြည့်နေ့၌ …

ဝါးတောင်နှင့် တောင်မင်းကုလား စစ်ဘေးရှောင်းစခန်းတို့တွင် ကျောက်ရောဂါဖြစ်ပွားနေ

By Western News/ 2022 March 14 ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ် ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ရေကျောက်ကူးစက်ရောဂါဖြစ်ပွါးလျှက်ရှိသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။ အဆိုပါ ရေကျောက်ကူးစက်ရောဂါဖြစ်ပွားနေကြသည်မှာ  ၃ ပတ်ခန့်ကြာမြင့်နေပြီ ဖြစ်ပြီး ကလေးသူငယ်များ အပါအဝင်လူကြီးတစ်ချို့ပါ …

ရက္ခိုင်ပြည်ထဲက ကမ္ဘာ့ရှားပါးရတနာဆင်တောင်

By Boder News Agency (BNA) / 2022 March  14 အနောက်ဖက်ကမယူတောင်တန်း မြန်မာနိုင်ငံမြေပုံကို စတင်ရေးဆွဲသည့် အနောက်ဖ က်တံခါးမှ အရှေ့ဖက်သို့သွားလျှင် မယူတောင်တန်းကြီးကို တွေ့မြင်နိုင်သည်။ ထိုမယူတောင်တန်းမှာ အနောက်ဖက်နယ်ခြားတွင်တည်ရှိနေသဖြင့် အလွန်အရေးပါသည့်အတွက် …

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံ​နေရတဲ့ ကိုဟန်မျိုးသူရိန်ကို လာမဲ့ရုံးချိန်းမှာ​ အမိန့်ချမယ်​လို့ဆို

By  Voice Of Westland (VOW)/ 2022 March  14 ခိုင်သဇင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကိုဟန်မျိုးသူရိန်ကို လာမယ့် မတ်လ၂၁ ရက်နေ့ရုံးချိန်းမှာ …

ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် ရေသန့်စျေးတက်

By Development Media Group (DMG)/ 2022 March 14 လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဝယ်ယူအသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများနှင့် အထွေထွေစရိတ်စျေးနှုန်းများ မြင့်တက်လာနေမှုကြောင့် ရခိုင်က ရေသန့်စက်ရုံများမှာ ရောင်းအားကျဆင်းကာ ရေသန့်ရောင်းဈေးကို မြှင့်တင်နေရကြောင်း သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။ …

တရားမျှတမှုအတွက် အရှက်တရားကို မငဲ့ကွက်ခဲ့သည့် အနွမ်းပန်း

By Development Media Group (DMG)/ 2022 March 14 ဒဏ်ရာပြင်းထန်စွာရရှိထားသည့် လူတစ်ဦးကဲ့သို့ ဒေါ်ခင်ခင်(အမည်လွှဲ)၏ ဝေဒနာများမှာလည်း အနာမကျက်သေးပေ။ ဒဏ်ရာဒဏ်ချက် များပြားလွန်းသောကြောင့် အတိတ်ဖြစ်ရပ်ဆိုးများက ခြောက်လန့်နေသည်။ ယခင်ဖြစ်ရပ်ဆိုးများကို တွေးကြည့်မိတိုင်း ရင်နာရသဖြင့် …

ရွေးကောက်ပွဲပုဒ်မဖြင့် စွဲချက်တင်ခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့အား ယနေ့ စတင်စစ်ဆေး

By Narinjara / 2022 March  14 မြထွီးသျှင် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့အား ယနေ့ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။ “ဒီနေ့မှာတော့ စွပ်စွဲခံခဲ့ရတဲ့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို …

တောင်ကုတ်တွင် စစ်ကြောင်းတစ်ခုကဖမ်းဆီးသွားသည့်အမျိုးသားနှင့် ၄ ရက်ကြာသည်ထိ မိသားစုများအဆက်အသွယ်မရသေးဟုဆို

By Narinjara / 2022 March  14 ချစ်အိလှိုင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသူအမျိုးသားနှင့် ၄ ရက်ကြာသည်အထိ အဆက်အသွယ်မရသေးဟု ဇနီးဖြစ်သူ ဒေါ်မအေးပြုံးက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခံရပြီးပျောက်ဆုံးနေသူမှာ တောင်ကုတ်မြို့နယ် ပဒါအုပ်စု၊ …

AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသည့် တောင်ကုတ်ဒေသခံကို ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်

By Development Media Group (DMG)/ 2022 March 14 ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ယနေ့(မတ်လ ၁၄ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် …