By Western News/ 2022 March 31
၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ မတ်လ ၃၁ ရက်နေ့မှစပြီး စတင်စစ်ဆေးနေပြီဖြစ်သည်။ ယနေ့မှာ ကျောင်းသားကျောင်းသူ များသည် မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုနေကြပြီဖြစ်သည်။
ယခုပညာသင်နှစ်မှာ ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းထားသူ ၄၅၅၉၂ ဦးရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၈ ခု ဖွင့်လှစ်ပြီး စာမေးပွဲ စစ်ဆေးနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မှာ ယခုနှစ်ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးခွန်း လုံခြုံရေးကြောင့် ဟုဆိုကာ မြို့နယ် ၆ မြို့နယ်မှ စာစစ်ဌာန ၂၀ ခုကို မြို့ပေါ်ကို ပြောင်းရွေ့စစ်ဆေးနေရကြောင်း သိရသည်။
ရခိုင်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် ကျေးရွာတစ်ချို့မှ စာစစ်ဌာနများကို မြို့ပေါ်ပြောင်းရွေ့စစ်ဆေးမှုများ ရှိခဲ့သည်။
၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာ ဖြစ်သည်။ ယခုနှစ်မှာ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စားမေးပွဲသည် စာသင်ချိန်ကာလ ၆ လနှင့် စာမေးပွဲစစ်ဆေးသွားမည့် စာသင်နှစ် တစ်ခု ဖြစ်သည့်အတွက် ပုံနှိပ်စာအုပ်ပါ သင်ခန်းစာများကို ယခင်နှစ်များကထက် လျော့ချ သင်ကြားထားခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/493603749112801