By Western News/ 2022 March 03
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒဖြင့်တရားစွဲခံထားရသည့် သံတွဲဒေသခံ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အား ယနေ့မတ်လ ၃ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေက ပြောသည်။
ယနေ့ရုံးချိန်းတွင် အမှုစစ်အရာရှိ သံတွဲမြို့မရဲ့စခန်းမှူးကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် နံနက်ပိုင်၌ စွဲချက်လျှောက်လဲချက်ပြုလုပ်ကာယင်းနေ့တွင်စွဲချက်အမိန့်ချမှတ်သွားမည်ဟုအမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာတော့ အမှုစစ်အရာရှိဖြစ်တဲ့ သံတွဲမြို့မ ရဲစခန်းမှူးကို စစ်ဆေးခဲ့ပါတယ်။ လာမယ့်ရုံးချိန်း ကိုတော့မတ်လ ၉ ရက်နေ့ကိုချိန်းထားတယ်။ အဲ့နေ့နံနက်ပိုင်းမှာ စွဲချက်လျှောက်လဲချက်ပြုလုပ်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ စွဲချက်အမိန့်ချမှတ်သွားမယ်”ဟုပြောသည်။
ဦးစိန်ချစ်နဲ့ ကိုရဲကိုဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ငပလီမြို့ ၅၅ တပ်ရင်းမှဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုတွင် တရားလိုအပါဝင် လိုပြသက်သေ ၁၃ ဦးနှင့် ရုံးခေါ်သက်သေတစ်ဦးပါဝင်သည်။
ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံခဲ့ရသူ အမျိုးသား ၇ဦးနှင့် အမျိုးသမီး ၄ဦးအထိရှိလာပြီးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြောက်ဦးဒေသခံလူငယ်တစ်ဦးအား အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/476074434199066