By Voice Of Westland (VOW)/ 2022 March 12
ခိုင်သဇင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နကန်ကျေးရွာအရှေ့ဘက်အုပ်စုမှာ မတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် ငွေကျပ်၂၉ သိန်းနဲ့ စပါး ၇၅ တင်း မီးလောင်ဆုံးရှုံးသွားတယ်လို့ နကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်သာက VOW သတင်းဌာနကိုပြောပါတယ်။
“အိမ်ကကာလတန်ဖိုးအရ သိန်း၃၀ လောက်ရှိတယ်။စုဆောင်းထားတဲ့ ပိုက်ဆံ၂၉ သိန်းပါသွားတယ်။ စပါးတင်းတွေလဲ ၇၅ တင်းလောက်ပါသွားတယ်။ တခြားဝန်တိုဝန်စ၊ အိုးခွက်၊ ပန်းကန် ဘာမှမကျန်လိုက်ကြဘူး”လို့ သူကဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေအိမ်ဟာ ဦးခင်မောင်ဝင်းနဲ့ ဒေါ်နုလှအေးတို့ရဲ့ နေအိမ်ဖြစ်ပြီး အရက်ချက်တဲ့မီးဖိုက မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီးတာပေါ်လင်စကတဆင့် အိမ်ကိုကူးစက်လောင်ကျွမ်းခဲ့တာလို့ သူကပြောပါတယ်။
နကန်ကျေးရွာသားတစ်ဦးဖြစ်သည့်ကိုကျော်ဝင်းက “ချောင်းနဲ့နီးလို့ရွာသူရွာသားတွေအကုန်မီးငြိမ်းသတ်ကြတာ ညနေ၁နာရီခွဲကျော်လောက်မှာမှ မီးငြိမ်းသွားတယ်။ ကျွန်တော်တို့ရွာကနယ်ဘက်ကျတော့မီးသတ်ဌာနနဲ့လည်းအရမ်းဝေးတယ်”လို့ပြောပါတယ်။
ရခိုင်မှာ ၂၀၂၂ ခုနှစ်ဇန်နဝါရီလကနေ မတ်လအတွင်း မီးလောင်မှုကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ပြီး ၅ ယောက်အထိ ဒဏ်ရာရှိသွားသလို နေအိမ်၂၆ လုံးနှင့် ကျပ်သိန်းပေါင်း ၅၀၀ တန်ဖိုးရှိတဲ့ ကားတစ်စီးတို့ ပျက်စီးဆုံးရှုံးသွားခဲ့တယ််လို့ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့စာရင်းအရသိရပါတယ်။