အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ရခိုင်အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပမည်

By Narinjara / 2022 March  03

နွေဦးမေ

မတ်လ ၈ ရက်တွင်ကျရောက်မည့် (၁၁၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲတစ်ခုကို ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို စစ်တွေရှိ လူမှုရေးအဖွဲ့တစ်ခုဖြစ်သော Women Generation အဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့ရှိ ဖူဆယ်ဘောလုံးကွင်းတစ်ခုတွင် မတ်လ ၈ ရက်၌ ပြုလုပ်သွားမည်ဟု သိရသည်။

အားကစားဖြင့် အမျိုးသမီးများကို ဂုဏ်ပြုကြိုဆိုခြင်းနှင့် အမျိုးသမီးများသည်လည်း ဘက်ပေါင်းစုံတွင် ထူးချွန်မှုရှိကြောင်း ပြသချင်သောကြောင့် ကျင်းပရခြင်းဖြစ်သည်ဟု Women Generation ဥက္ကဋ္ဌ မခင်မြင့်ဇော်က နိရဥ္စရာကို ပြောသည်။

“အဓိကတော့ ကျမတို့အမျိုးသမီးတွေလည်း ဘက်ပေါင်းစုံမှာ ထူးချွန်မှုရှိတာကို ပြသချင်တာကြောင့် ဒီအားကစားနည်းပညာတစ်ခုဖြစ်တဲ့ ဘောလုံးပြိုင်ပွဲကို ကျင်းပမယ်လို့စီစဉ်ဖြစ်တာပါ”ဟု ပြောသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း ၇ သင်းပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆု ကျပ် ၁ သိန်းခွဲနှင့် ဒုတိယဆု ကျပ် ၁ သိန်းချီးမြှင့်ပေးသွားမည်ဟု သိရသည်။

ပြိုင်ပွဲတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး မတ်လ ၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5265048766840491

Leave a Reply

Your email address will not be published.