By Narinjara / 2022 March 28
သ ဉ္ဇာနွယ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လက်လုပ်သေနတ်များဖြင့် အမဲသွားပစ်သည်ဟုဆိုကာ လူငယ် ၅ ဦးသည် ယမန်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ သံတွဲမြို့နယ် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ကိုစိုးလွင် (၂၂ နှစ်)၊ မောင်ထက်မြက်ထွန်း(၁၇ နှစ်)၊ ကိုစိုးမင်းဦး (၂၂ နှစ်)၊ ကိုသန့်ဇင် (၁၉ နှစ်)နှင့် မောင်စိုင်းလင်းထွန်း(၁၅ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယမန်နေ့ မတ်လ ၂၇ ရက် နေ့လယ် ၂ နာရီခန့်တွင် သံတွဲမြို့နယ်၊ ရွာရှည်ကျေးရွာအနီး၌ လက်လုပ်သေနတ် ၃ လက်၊ လေထိုးတံ ၁ လက်တို့နှင့်အတူ အမဲသွားပစ်စဉ် ပူးပေါင်းအဖွဲ့ဝင်များက သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သံတွဲမြို့မရဲစခန်းမှ ရဲအုပ်အောင်ဟိန်းက “သူတို့က တောကောင်သွားပစ်တာ။ လက်လုပ်သေနတ်တွေနဲ့။ သတင်းအရ သွားပြီးစုံစမ်းလို့ ဖမ်းမိတာပါ”ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ၅ ဦးအား သံတွဲမြို့မရဲစခန်း၌ထိန်းသိမ်းထားပြီး ကန့်သတ်ထားသည့်လက်နက်များကိုကိုင်ဆောင်၍ဟုဆိုကာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5332209753457725